ch-14

951 39 0
                                    

စားသောက်နေရင်း ခုံပေါ်တင်ထားသော ဂစ်တာကိုတွေ့လိုက်သဖြင့် ‌ကေခိုင်က

"ဟင် ဂစ်တာပါလာတယ်။ တီးတတ်ကြတယ်လား"

"ကျွန်တော်က သိပ်မရပါဘူး၊ ဇွဲထက်ကတော့ ဆရာကြီးလေ"

မိကေ က ကြည်သာ့ကို ကြည့်ကာ

"Wow! ဒီလို လိုက်ဖက်တဲ့ဘဝ ‌၊ အတော်ပဲ ဒီမှာလဲ မိုက်ခဲတစ်ယောက်ပါလာတာနဲ့တော့"

ဇွဲက ကြည်သာ့ကို ပြုံးပြီးကြည့်ခါ

"ဟုတ်လား၊ ကြည်သာက အဆိုကောင်းတယ်လား။ လုပ်ပါကြုံတုန်းလေး တစ်ပုဒ်လောက် ဆိုပြပါအုန်း"

"ဟာ ကြည်သာ့အသံက မကောင်းဘူး။ မိကေ လျှောက်ပြောနေတာ"

"သာသာ လုပ်ဟာ မူမနေနဲ့၊ သူကကျောင်းကပွဲတွေဆို တက်ဆိုနေကြ၊ karaoke ဆိုရင် သူဆီက မိုက်မနည်းလုရတယ်"

အတင်းကို အရောက်ပို့နေသည့် မိကေ ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဇွဲကို တစ်ချက်ကြည့်လိုက်ပြီးမှ

"ကြည်သာ တစ်ယောက်ထဲတော့ မဆိုချင်ဘူး။ ဇွဲပါ ကူဆိုပေး"

"Okay! ဘာဆိုမှာလဲ?" ဂစ်တာကို ကြိုးညှိနေရင်းကမေးလိုက်တော့ ရှက်မျက်နှာလေးဖြင့် မခို့တယို့ကြည့်ကာ

"ပန်းချစ်သူ..."

🎶အမှောင်...ယံကြီးစိုးတဲ့ညရယ်
တို့ နှစ်ယောက်ရဲ့ည အမှောင်ယံထဲ
တိတ််ဆိတ်ခြင်းက လွှမ်းမိုးလို့
ငြိမ်သက်ဆဲ တို့ရဲ့အမှောင်ယံညထဲ
ဟိုး... ဟို... ဟိုး... အဝေးကြီးက
ငြိမ်သက်ဆဲ
ဆည်းလည်းသံကို ကြားတယ်🎶

🎶လေ... ပြေညင်းရယ်
ငြိမ်သက်ဆဲ... ညမှာ
အသာအယာတိုးလို့ တိုက်ခတ်နေ
သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ
ဆောင်ယူ သယ်လာ လေညှင်းရယ်...🎶

🎶လေယူရာ ယိမ်းနွဲ့မယ့်
ပန်းလေးတစ်ပွင့်ရယ်
ညင်သာစွာ ဖူးပွင့်လို့
စောင့်မျှော်နေဆဲ ...
ပန်းချစ်သူ တို့လက်နဲ့ကွယ်
ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်🎶

🎶ကြင်နာသူသာ
ခူးဆွတ်သူ ဖြစ်ပါ့စေလေ
ဆွတ်ယူမယ် ဟန်ပြင်ကာပင်
ယုယစွာ ထွေးပွေ့ထားပါမယ်🎶

🎶ဘယ်လို လူလာ ခူးဆွတ်မယ်
တို့ချစ်တဲ့ သူ့ရင်ခွင်ထဲ
နား...ခိုအိပ်စက်လွန်းလှလို့
မျှော်လင့်ဆဲ ပန်းချစ်သူ သူလာနိုး
ဟိုး.. ဟို.. ဟိုး.. အဝေးကြီးက
ပေါ်လာနိုး ပန်းချစ်သူ စောင့်စားရင်း...🎶

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now