ch-5

967 42 0
                                    

"ကဲ မိသာ နင် အစအဆုံး တစ်ခုမချန် အကုန်ပြော"

မနေ့က ဖုန်းဆက်ခေါ်လိုက်လို့ အခု ကေကေက ကြည်သာ့အိမ်ရောက်နေပြီဖြစ်သည်။ လူကို တရားခံစစ်စစ်သလို မျက်လုံးကို တည့်တည့်ကြည့်ကာမေးနေတော့သည်။

"နင်နဲ့ဇွဲထက်နဲ့ တွဲနေပြီ???

အဲ့တစ်ယောက်က နင်အကြာကြီး crush နေတဲ့တစ်ယောက်မဟုတ်လား။
နင်ပြောတော့ သူမှာကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေလို့ နင်အနားတောင် ကပ်လို့မရဘူးဆို....!
အဲ့လိုအခြေအနေကနေ ဘယ်လိုဖြစ်လို့ တွဲဖြစ်သွားတာလဲ?"

ကြည်သာ ခေါင်းကိုစောင်း၍ မျက်စိကို အခန်းထောင့်သို့ အကြည့်လွှဲလိုက်ပြီး

"အမ်•••အင်းးအဲ့ဒါက ဟိုလေ ဟိုလို"

"မိသာ နင်ငါ့ကို လိမ်ဖို့မစဉ်းစားနဲ့နော် ဟိုဟိုဒီဒီလုပ်မနေနဲ့ အမှန်တိုင်းပြော"

(အဲ့ကောင်မကို လိမ်လည်းရမှာမှ မဟုတ်တာဟွန်းးး😓)

‌အလောင်းအစားလုပ်ပြီး လိုက်တဲ့အကြောင်းကနေ ခုလက်ရှိအချိန်အထိ အဖြစ်ပျက်တွေအကုန်ပြောပြလိုက်တဲ့အခါ ကေကေတစ်ယောက် နားထောင်ရင်းက ဒေါသတွေကြွတက်လာကာ

"ဘာပြောတယ် နင့်ကို ဒင်းက အလောင်းအစားလုပ်ပြီး လိုက်တယ် ဟုတ်လား?
အဲ့ဒါကို သိရက်နဲ့တောင် နင်ကမနက်ဖြန်ဒိတ်ချင်သေးတယ် ကောင်မ😡
နင့်ကိုတည်ကြက်လုပ်ပြီး မဟုတ်မဟတ်လောင်းတာ နင် စိတ်မဆိုးဘူးလားဟမ်"

"စိတ်လျော့ပါ ကေကေရယ်၊ သူတို့လောင်းတဲ့ကိစ္စကို ငါက အခွင့်ကောင်းယူပြီး ဇွဲနဲ့ခဏဖြစ်ဖြစ်တွဲချင်လို့ပါ။ ငါလည်း အလုပ်ကထွက်ပြီး ငါတို့မြို့ကိုပြန်တော့မှာ နင်သိသားနဲ့😔"

"အဲ့ဇွဲထက်ဆိုတဲ့လူက အစောကြီးထဲက မလုပ်ဖူးဆိုပြီး ဟိုလူတွေကိုငြင်းခဲ့သင့်တာ"

"ဇွဲက အရမ်းအားနာတတ်တဲ့လူမို့ပါဟယ်"

"ဟဲ့ တကယ်တမ်း အားနာရမှာ နင့်အပေါ်လေ၊ သူသာ လူကောင်းဆို နင်က တွဲဖို့လက်ခံလိုက်ထဲက အဖြစ်မှန်ကိုဖွင့်ပြောပြီး ရပ်လိုက်သင့်ပြီ။ ဘာလို့ ခုလို ပိတ်ရက်ထိ ဒိတ်ဖို့ပြောရတာလဲ။ ခုလို အပြင်မှာ ချိန်းတွေ့တာ ဟိုလူတွေလည်းမြင်မှာမှ မဟုတ်တာ ဘာလို့လဲ???"

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now