(ဘာလို့များ အားလုံးကဝိုင်းကြည့်နေရတာလဲ။ နေရခက်လိုက်တာ..!
အရင်ကရုံးလာရင်အမြဲ အနက်ရောင်suit ဝတ်နေကြဆိုတော့၊ ခုလိုဝတ်စားထားတာကို စိတ်ဝင်စားနေကြတယ် ထင်ပါရဲ့....
ဒါပေမယ့် ဘယ်သူဘယ်လိုထင်ထင် ဂရုမစိုက်အားဘူး...
အကြောင်းက ဒီနေ့ ဇွဲနဲ့ ညစာအတူစားဖို့ချိန်းထားတယ်.....တန်ဒန်ဒန့်တန်💃)
ကော်ဖီဆိုင်မှာ ဖုန်းနံပါတ်ရပြီးတည်းက ဇွဲနဲ့ လိုင်းပေါ်မှာ မကြာခဏစကားတွေပြောဖြစ်ကြတယ်။
ပြောတဲ့စကားတွေက သမီးရည်းစားတွေပြောကြတာမျိုး တီတီတာတာမဟုတ်ပေမယ့်၊ တစ်ယောက်အကြိုက် တစ်ယောက်ပြောပြဒါမျိုးလေးတွေပေါ့....
'မကြည်သာလည်း ဘောလုံးပွဲကြိုက်တယ်လား။ တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်းကြိုက်တယ်'
(အမှန်က သူတက္ကသိုလ်ထဲက ဘောလုံးအသင်းမှာပါတာ သိထားသလို၊ မနေ့က လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ပရီမီယာ့လိဂ်အကြောင်းပြောနေတာ ကြားလို့ ကြိုက်တယ်တမင်ပြောလိုက်တာ 😁)
ခုလည်း ချိန်းထားတဲ့စားသောက်ဆိုင်ရှေ့ ဇွဲအလာကို ရပ်စောင့်နေတုန်း အမောတကောနဲ့ ဇွဲထက်တစ်ယောက် အပြေးလေးရောက်ချလာတယ်။
"ဟောဟဲ ဟောာာ
ဆောရီးးး! Client တစ်ယောက်နဲ့စကားပြောနေရလို့....
မကြည်သာ စောင့်နေရတာ ကြာပြီလား""မကြာသေးပါဘူး။ ခုလေးတင်ရောက်တာ"
(တော်သေးတာပေါ့။ တကယ်လို့ရုံးဆင်းချိန်အတူတူထွက်လာတာ သူများတွေမြင်သွားပြီး၊ ငါနဲ့တွဲနေတဲ့သတင်းထွက်သွားရင် ဇွဲစိတ်အနှောက်အယှက်ဖြစ်နေရမှာ)
လူကိုစိုက်ကြည့်နေတဲ့ ဇွဲကြောင့်
"ဘာ ဘာဖြစ်လို့ အဲ့လိုချည်းကြည့်နေတာလဲ??"
(ငါပြင်တာ အရမ်းများသွားလို့လား။ ညစာစားတာ ရုံးဝတ်စုံကြီးနဲ့ မစားချင်လို့ အင်္ကျီလဲလိုက်တာ တမျိုးကြီးဖြစ်သွားလို့လား။ ဒါမှမဟုတ် ငါ့ပုံစံက ပုံတုံးကြီးဖြစ်နေလို့လား)
"••••••••••"
"မဟုတ်ပါဘူး၊ ကျွန်တော်က မကြည်သာကို မြင်နေကြပုံစံနဲ့ မတူလို့ကြည့်မိတာပါ🙂"
YOU ARE READING
နှလုံးသားလေး လောင်းကြေးထပ်မယ်
Romance(Unicode+Zawgyi) ကြိတ်ကြိုက်နေရတဲ့သူက အလောင်းအစားလုပ်ပြီး လာဖွင့်ပြောတာကို သိသိရက်နဲ့ လက်ခံလိုက်ပြီးနောက် သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ..... ဒီဇာတ်လမ်းက OC မဟုတ်ပါဘူးနော်။ Goodbye's Love Begins With Betting manga ကိုကြိုက်လို့ fiction အသွင်ပြောင်းထ...