ch-16

1K 48 0
                                    

"ဟဲ့ ကြည်သာ အဲ့မှာထိုင်ပြီး အပျင်းထူမနေစမ်းနဲ့။
တစ်ခါတစ်လေမှ အိမ်ပြန်လာတာ မအေကို နည်းနည်းပါးပါး ကူပါအုန်းလား"

"ဟုတ်...ဟုတ်"

"ပြောလိုက်ရင် ဒါပဲ။ အိမ်ကိုရည်းစားလေး ဘာလေးခေါ်ခဲ့တာ မဟုတ်ဘူး။ နင်နဲ့ ရွယ်တူတွေအကုန် အိမ်ထောင်ကျတဲ့သူကကျ၊ တချို့ဆို ကလေးတွေတောင်ရကုန်ပြီသိလား"

(အဲ့ဒါတွေကြောင့် အိမ်မပြန်ချင်တာ😒)

"နင်လည်း မြန်မြန်ရှာပြီးယူတော့၊ ငါတို့လည်းမြေးချီချင်လှပြီ"

"တနေ့တော့ ဖြစ်လာမှာပေါ့အမေရယ်။ နောက်ဆုံးကိုယ့်ဟာကို ရှာမရရင် အောင်သွယ်တွေဆီကိုယ်တိုင်သွားမယ် ဟုတ်ပြီလား"

"သွားမယ်ဆိုလည်းစောစောသွား။ နင့်အသက်က ၂၈နှစ်ဖြစ်နေပြီ၊ ဒီထက်နောက်ကျရင် ဘယ်သူမှ နင့်ကို အောင်သွယ်ပေးမှာ မဟုတ်ဖူး"

(အားးးဇွဲကိုရှောင်ဖို့ အိမ်ခဏပြန်ပါတယ်ဆိုမှ၊ ဒီရောက်မှ stressကပိုတိုးလာတယ်။

ကိုယ့်ဟာကို တစ်ယောက်ထဲနေတာ ဘယ်သူ့ဒုက္ခပေးနေလို့လဲ)

တိန် တိန်
ကြည့်လိုက်တော့ ဇွဲဆီက message ဝင်လာတာ။ ခုရက်ပိုင်း နေ့တိုင်းကို မက်ဆေ့ ပို့နေတော့တာပဲ။

ခရီးက ပြန်‌ရောက်ပြီး သီတင်းကျွတ်ပိတ်ရက်ရှိနေတာမို့၊ ဇွဲကို ခဏရှောင်ဖို့အတွက် အိမ်ခဏပြန်လာလိုက်သည်။

ခက်တာက ဇွဲ....
ကြည်သာက နောက်တစ်လှမ်းဆုတ်လေလေ
သူကရှေ့ကို ပိုတိုးလာလေလေပဲ။

'ခု ဘာလုပ်နေလဲ'

'ဒီအတိုင်း ထမင်းစားပြီးခဏနားနေတယ်၊ ဇွဲရော မိဘတွေအိမ် သီတင်းကျွတ်မပြန်ဘူးလား'

'ကိုယ့်မိဘတွေကလည်း ရန်ကုန်မှာပဲလေ၊ မနက်က သွားကန်တော့ပြီး ပြန်လာတာ'

'ရန်ကုန်က လူတွေများကောင်းလိုက်တာ ခဏလေးမျက်နှာသွားပြပြီး ပြန်လို့ရတယ်။ ဒီမှာဆို မပြန်မချင်း နားပူမယ့်ဒဏ် ခံရအုန်းမယ်'

'why???'

'ထုံးစံအတိုင်း အိမ်ထောင်ပြုဖို့၊ အောင်သွယ်ဆီသွားဖို့ပဲပေါ့'

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now