ch-8

913 39 0
                                    

"သားကြီး မင်းဆီဘောလုံးလာနေတယ်
ဟာ ဟေ့ကောင်ရှောင်"
ဗုန်း⚽

"ဟေ့ ငါတို့ခဏ out မယ်
ဘယ်လိုဖြစ်တာလဲ သားကြီး မင်းကြည့်ရတာ အသိစိတ်မကပ်တဲ့လူလိုပဲ မှိုင်တိုင်တိုင်နဲ့။
မင်းပြောစရာရှိတယ်ဆိုတဲ့ ကိစ္စကြောင့်လား"

"အင်း ကိစ္စကတော့ ရုံးကစီနီယာတွေမွှေတာကစတာပဲ။ ဒီလိုကွာ.....................အဲ့ဒါပဲ"

"What the hell! မင်းတို့ကောင်တွေဆိုးလှချည်လား။ မင်းနဲ့မင်းစီနီယာတွေအတူတူပဲ မိန်းကလေးတစ်ယောက်ကို ဒါမျိုးလုပ်ဖို့ မကောင်းဘူးကွာ"

"မကောင်းမှန်း ငါလည်းသိတယ်။
ဒါ‌ပေမယ့် လူတွေကို ငါမငြင်းတတ်တာမင်းသိသားနဲ့။

ပြီးတော့ မကြည်သာကို သွားပြောလိုက်ရင် ကျိန်းသေပေါက်ငြင်းမယ်လို့ ထင်ခဲ့တာကိုးကွ။

သူက မငြင်းပဲ ရက်စ်လိုက်တော့၊ ခုလိုတွေ ဖြစ်ကုန်တော့တာပဲ😓"

"မင်းအဲ့လို အဖြစ်မှန်ကို မပြောဘဲ၊ ဆက်တွဲနေတာတော့ မကောင်းဘူးနော် ငါ့ကောင် "

"အမှန်တိုင်းပြောသင့်တာ ငါလည်းသိတယ်။ အချိန်တိုင်းပြောဖို့ကြိုးစားတာပဲ။ ဒါပေမယ့် သူ့အနား‌ရောက်သွားရင် လူကစိတ်ချမ်းသာနေတယ် ၊ အဲ့ခံစားချက်ကို ဆုံးရှုံးရမှာကြောက်ပြီး ပြောဖို့ ပိုပိုခက်လာတယ်ကွာ"

"ဘာဖြစ်ဖြစ် လောင်းခဲ့မိတာ အမှန်တိုင်းဝန်ခံလိုက်၊ ပြီးရင်တောင်းပန်လိုက်‌။ သူကလည်း မင်းကိုကြိုက်လို့ တွဲမယ်ပြောခဲ့တာပဲ။ အားလုံးကို ရှင်းချလိုက်ပြီးမှ အစက ပြန်တွဲပေါ့ကွာ"

"ငါတောင်းပန်လိုက်လို့ okay,fineဆိုပြီး သူက ကျော်မသွားရင်ရော"

"ဒါဆိုလည်း sorry, goodbye လုပ်ခဲ့လိုက်ပေါ့"

"ဟာ အဲ့လိုတော့ မဖြစ်ဘူးလေ"

"ဒါဆို မင်းက ဘာဖြစ်ချင်တာလဲ
ငါသိပြီ မင်းကအမှန်တိုင်းပြောလိုက်လို့ သူမုန်းသွားမှာ ကိုစိုးရိမ်နေတယ်။ ဆက်လည်းတွဲချင်၊ တွေ့ချင်သေးတယ် အဲ့လိုလား"

ဘာမှပြန်မပြောပဲ မှိုင်တွေသောမျက်နှာဖြင့်ငြိမ်နေသော ဇွဲထက်ကိုကြည့်၍ မင်းခန့်ပြုံးလိုက်သည်။

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now