( Zawgyi )
နေဝင်ချိန်ရောက်တာတောင် ငါးလေး ၃ ကောင်ပဲရသေးသည်။ ရှောင်းကျန့် ဆိုတဲ့ကောင်အကုသိုလ်နဲ့အကျိုးပေးလှချည်ရဲ့ဆိုပြီး ငါးမျှားတိုင်းဖွယ်ဖွယ်ရာရာဘယ်တော့မှရတယ်မရှိ....
ကော်ပုံးစုတ်ထဲ ထည့်ထားသည့် ငါးတွေကိုကြည့်မိရင်းမိမိဘာသာရယ်ချင်လာသည်။ စကားများပြီဟေ့ဆို မတည့်တာတွေပါ၊ ရန်ပွဲဖြစ် ၊ သတ်ပုတ်ပေါက်ပြဲပြီးမှ ရန်ပွဲအဆုံးသတ်တွေ...၊အကုသိုလ်အကျိုးပေးကဒါတွေပဲ ထင်သည်။
ကိုယ့်ဝမ်းကိုယ်ကျောင်းတဲ့အခါ စားသောက်ဖို့ဘာလုပ်လုပ်အဆင်မပြေ....၊
တီကောင်ကိုမြေလှန်ရှာလိုက်တာနှင့် ငါးတွေလိုင်စင်မဲ့ဖမ်းစားလို့ရတဲ့ အလုပ်တောင်မှ ငါးမရ...၊
မင်းတော့ထမင်းဝအုန်းပါ....၊
" ဟင်းစားမရသေးဘူးလား ရှောင်း"
ရယ်စရာတွေတွေးနေတုန်း နှစ်အိမ်ကျော်က ဗေဒင့ဆရာယောင်ယောင် မင်ကောက သူ့အနားကိုလျှောက်လာရင်းအေးသည်။
သူကလည်း ကိုယ့်လိုငါးမျှားထွက်လာသူဖြစ်ပြီး သူ့မှာပါလာတဲ့ ပုံးကို ရှောင်းမြင်အောင် ပြလာသည်။
"တွေ့လား ရှောင်း"
ကြည့်စေချင်တော့လည်းကြည့်ပေးလိုက်သည်။
"အကျိုးပေးတယ်နော် ဗေဒင်ဆိုင်းဘုတ်မှာသာ ပင့်ကူအိမ်တွေမည်းနေတာ"
"လူဆိုတာ ကိုယ်လုပ်တတ်တာမှန်သမျှ သူများထက်သာအောင်လုပ်နိုင်ဖို့ပဲကွ"
"ဗေဒင်ဟောတတ်ပြီး မေးမဲ့သူမလာတာကလွဲရင်ပေါ့"
"နေပါစေလေ ငါလုပ်နေတာတွေက သီလ သမာဓိနဲ့သက်ဆိုင်တာ ဘာပါလို့လဲ ကြက် ၊ဝက်မွေးတယ်.ငါးမျှားတယ်. မိန်းမကငွေတိုးချေးစားတယ်"
"ကိုယ့်ကိုလည်း သိသားပဲ"
"သိတာပေါ့ ဗေဒင့ဟောစားတယ်ဆိုတာ သီလ သမာဓိ မြဲရတယ်ကွ"
"ဒါဆိုလည်း ဟောမစားနဲ့ပေါ့ဗျ"
"လူရှန်အောင်လို့လေ"
"ခင်ဗျားကိုတော့ ဘယ်သူမှမရှိန်ဘူးထင်တယ်"
"အေးပေါ့ မင်းလိုကောင့က အစ...၊"
"ဟား...ဟား...ဟား..."
ရယ်မောပြီး ငါးမျှားချိတ်ကို တချက်လှည့်ကြည့်လိုက်သည်။
"ရှောင်း...မင်းရွာမှာပဲ ငတ်တလှည့် ပြတ်တလှည့်..."
"ဘယ်သူက ငတ်လို့လဲ"
"ဒါကတော့ မင်းကနေနိုင်တဲ့ကောင်မို့လို့ပါကွာ...ရှိရင်စား..မရှိရင်ဗိုက်မှောက်နေတာ ၊ လူပျိုလူလွတ်မို့ ကြုံသလိုနေတာ အမြင်မဆိုးပေမယ့် မိသားစုမရှိရင်..."
"စလာပြန်ပြီဗျာ"
"ဟေ့ကောင် မင်းကိုငါက အလကားအာချောင်နေတယ်ထင်လို့လား"
"ခင်ဗျား မိန်းမပြောနေကြပဲ"
ရင်းနှီးတာလဲရှိ စိတ်ချင်းလည်းတူကြတာမို့ စကားပြောနေကြပုံက ပန်းနဲ့ပေါက်နေကြသလို ကျောက်ခဲတွေနဲ့ပစ်နေကြသလို....၊
"ငါ မင်းကိုဟောပြီးသားနော် ဒီနှစ်ကျော်တာနဲ့ မင်းလောင်းရထားဆိုက်ကိန်းကြုံမယ်ဆိုတာ"
"ဟုတ်မှာပေါ့ ရထားဘီးသံတောင်ကြားနေရပြီ..၊ငါးတွေတစ်ကောင်မှမလာတာကြည့်"
" တယ်...ငါ နားရင်းအုပ်မိတော့မယ်"
"ခင်ဗျားရဲ့ ဗေဒင်ကလည်းအခြေနေအချိန်ခါကြည့်ပြီး ကြားကောင်းအောင်ဟောပေါ့ဗျ"
"တွေ့တာဟောတာပေါ့ကွ မင်းကိုခွက်ဆွဲတောင်းစားရမယ်လို့ ဟောလို့လား"
"ပိုဆိုးတယ်"
"ဘာလို့လဲ"
"အခုပဲ ငတ်တလှည့် ပြတ်တလှည့် နေရမှန်းသိလို့ပြောတာ"
"ဟ...ကံတရားဆိုတာ...."
"နိဗ္ဗာန်ရောက်ကြောင်းတရားလောက်မကောင်းဘူး"
"တော်ပြီ မင်းနဲ့ငါ မတညိ့တော့ဘူး"
"သွားသင့်တာကြာပြီ"
ရယ်ဟဟပြောနေသော မျက်နှာကို မင်ကောက မျက်စောင်းထိုးပြီး ထိုင်ရာမှမတ်တပ်ရပ်လိုက်သည်။
"ချောင်းညှာမှာ မိုးများနေတယ် အိပ်ငိုက်နေတုန်း ရေလျှံလာရင် ရထားဆိုက်လားမသိပဲ ကြွသွားအုန်းမယ်"
"ဟား..ဟား...ဟား..."
ရှောင်းကျန့် ရယ်သံကြောင့် ငှက်တချို့ပါ ထပျံသွားသည်.။
( T/N.အသံအောင်ချက်)
မင်ကော ပြန်သွားသည်အထိရယ်နေသော သူ့နှုတ်ခမ်းများ ရပ်တန့်သွားသည်။
မင်ကော စကားမဆုံးသေး ရေတွေကအနီရောပိုပြောင်းလာပြီး ရေစီးမြန်လာသည်။ ငါးမျှားတံကို ပြန်သိမ်းပြီးအိမ်ပြန်ရန် ကျောဆန့်လိုက်သည်။
သူတို့ရွာက ရွာဆိုပေမယ့် လမ်းပန်းဆက်သွယ်ရေးကောင်းသည်။ လမ်းမကြီးရဲ့ဘေးဖြစ်ကာ တဖက်မှာ ချောင်းကြီးကအနားသတ်ခံထားသဖြင့် စည်ကားသည့်နေရာအဖြစ် ဟိုတုန်းကတည်းက တည်ရှိနေတာဖြစ်သည်။
ချောင်းကြီးက မြစ်နှင့်တစ်နေရာမှာ ပေါင်းဆုံသွားတာကြောင့်ဘယ်တော့မှရေမခမ်းပဲ ရေတက်ရေကျကြမ်းသည်။
ချောင်းညှာဘက်သို့ တခေါက်မှမရောက်ဖူးပေမယ့် ထိုဘက်တွေမှာ အနားယူအပန်းဖြေစခန်းများ များစွာရှိသည်ဟုလည်း ကြားဖူသည်။
ငွေကြေးကြွယ်ဝသူများ လာရောက်အပန်းဖြေပြီး ရေအတက်အကျကြမ်းတာကြောင့် မိုးများကြီးသည့်အချိန်တွင် အသေအပျောက်များသည်ဟုလည်း ကြားရသည်။*******************
plot အတိုင်းသွားမယ်နော်...၊ သား ၂ ယောက်ဆုံဖို့လိုပါသေးတယ်။ သဘောကျရင် မန့်လေးတွေစောင့်နေပါမယ်.စာလုံးပေါင်းမှားတာပါရင် ပြောပြလို့ရပါတယ်။
See You Soon.❤💚
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...