Zawgyi
"ဟာ...မင်းဟာက ဒီနှစ်ယောက်ကိုထားခဲ့ချင်လို့ ပြေးတာများလားကွာ.."
"မဟုတ္တာဗ်ာ... မထားချင်ရင် နှင်ထုတ်ရုံပဲ ဒီလိုလုပ်စရာလိုလို့လား"
"အင်း..."မင်ကောက မီးဖိုချောင်ထဲ အလုပ်ရှုပ်နေကြသည့် ပေါက်စီလေးနဲ့ လောင်ကျုံ ကိုလှမ်းကြည့်ပြီး...
"အင်း...အလုပ်ကိစ္စနဲ့ ပေဂျင်းကို ခဏသြားမယ်ဆိုတာ မရှိဖူးလို့ အံျ့သသြားတာပါ, မင်း သူတို့ကို စိတ်ချပြီးထားခဲ့လို့ရတယ် မင်းလည်း သူတို့လေးအပေါ်မှာ ဒီလောက်ထိတော့ ဥပေက္ခာထားမှာ မဟုတ္ဘူးဆိုတာ ငါ သိတယ်"
" ဘယ္လိုမွ ခွာချလို့မရတာလဲ ပါ ပါတယ်.."မျက်နှာပူသလို ဆံပင်သပ်နေသော ရှောင်းကို မင်ကောက ကြည့်ပြီး ခေါင်းညိတ်သည်။
" မင်းကို ငါ ပြောဟောထားတာတွေ မှားကုန်ပြီလို့တော့ မပြောနိုင်သေးဘူးနော် ရှောင်း... မင်း အခု ကံဇာတာတက္လာတာ သတိထားမိလား"
" မဆီမဆိုင် နောက်ထပ်နှစ်ယောက်စာ ထပ်ရှာနေရတာ ကံဇာတာတက္တာလား "
" ထပ်ရှာရတာမဟုတ်ပါဘူးကွာ ထပ်ရတာပါ သူတို့အတွက် မင်း ပိုပင်ပန်းတယ် ထားလိုက် အရင်တုန်းက မင်း ပင်ပန်းချင်လို့တောင် ပင်ပန်းစရာအလုပ်ရှိလို့လား.."
" မဟုတ္တာ မင်ကောရာ...အဲဒါတော့ လုံးဝမှားတယ်"
"မှားရင်တောင် လုံးဝေတာ့ မမွားပါဘူးကြာ ခုပဲ ပေဂျင်းထိ ယုံယုံကြည်ကြည် အလုပ်မဲ့သူနဲ့ မင်း အဆင်ပြေသွားပြီ နောက်ဆို မြို့မှာအလုပ်လုပ်ချင်စိတ်တွေ မင်း ဖြစ်လာမယ် မိသားစုလိုက် ပြောင်းရွေ့ သွားမှာတောင် မြင်ယောင်သေးတယ် ပေါက်စီလေးနဲ့လောင်ကျုံ တို့ရဲ့ ရုပ်ရည်အရဆို စုတ်ပြက်ဆင်းရဲသွားမယ့်သူတွေ မဖြစ်နိုင်ဘူး ဟော မင်း ကျတော့ရော မြို့က သူဌေးတွေလို ဝတ်စားလိုက်စမ်း မင်းသားတွေတောင် ထိုင်ငိုသွားအုန်းမယ် "မင်ကော အပြောကို သူ မျက်မှောင်ကုတ်လိုက်တာနှင့် မင်ကောက စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ဒါနဲ့ မင်းကို ကားပစ္စည်းသွားဝယ်ခိုင်းတာဆိုတော့ ငွေတွေပါပေးလိုက်မှာလား "
" သူ့ညီ ပါမှာလေ သူက သူ့ညီကို မယုံဘူး သူလည်း မသွားနိုင်ဘူး "
" မယုံတာ တစ်ခုတည်းမဟုတ်ဘူးကွ သူ့ညီ မုန့်ကျူးဆိုတဲ့ကောင်က ကားဖြစ်ဖြစ် ဆိုင်ကယ်လ်ဖြစ်ဖြစ် မောင်းပဲမောင်းတတ်တာ ဆီပျောက် မီးပျောက်တောင် သိတဲ့ကောင်မှ မဟုတ္တာ."
" ကျနော်လည်း ဒီတစ်ခုတည်းကြောင့် မဟုတ်ပါဘူး ရေထဲကရထားတဲ့ လက်ဆွဲသေတ္တာထဲမှာ ID ရော အရေးကြီးပုံရတဲ့ Ling Group ရဲ့ စာရွက်စာတမ်းတွေပါ တွေ့လို့ အဲဒါတွေ ပြန်ပေးရကောင်းမလားလို့ "
" ကောင်းတာပေါ့ Ling Gp က တော်တော်နာမည်ကြီးတာ ချမ်းသာတဲ့လူတွေမှာ စာရွက်စာတမ်း အလုပ်ကိစ္စတွေလောက် အရေးကြီးတာမရှိဘူး မင်းကို ကျေးဇူးဆပ်တာတွေလုပ်လာရင် ပိုက်ဆံရမြာ သေချာတယ် နေဦး ဒီခရီးသြားတာ ကောင်းမကောင်း မင်းအတွက် ငါ ကြည့်ပေးဦးမယ် "
" မကြည့်နဲ့ "
" ဘာဖြစ်လို့လဲ "
" ယုံမွ မယုံတာ.."
" အံမာ....ကြာ...."
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...