Zawgyi
" ဒါဆိုရင် အဆင်ပြေမှာမဟုတ်ဘူး အဘြား "
" ဟင် "
သက်တော်စောင့်အလုပ်ကိုလုပ်ဖို့ သူ ဘယ်တုန်းကမှ စိတ်ထဲရှိခဲ့တာ မဟုတ် ။ အထူးသဖြင့် သူဌေးဆိုသူတွေရဲ့ လက်ညှိုးထိုးစေခိုင်းတာမျိုးဆို အမုန်းဆုံး....။
အသက်ပေး၍လည်း စောင့်ရှောက်ရအုန်းမည်။ သူတို့ကို ကိုယ်ကပြန်ပြီး ဘုရားထူးရအုန်းမည့် အဖြစ်....။
လင်းဟွားမေ မျက်နှာ ချက်ချင်းညှိုးကျသွားလျက်...၊
" ရှောင်ဝူ "
" ရှိပါတယ် မမကြီး "
" ဘယ်လိုလုပ်ရင်ကောင်းမလဲ ပြောပါအုန်း... ၊ငါ ဘယ်လိုဖြစ်စေချင်တယ်ဆိုတာ မင်း သိတယ်မို့လား "
" ဟုတ်ကဲ့ "
ရှောင်ဝူဆိုသည့် အသက် ငါးဆယ်ကျော်ဝန်းကျင်လောက် လူကြီးက လေးထောင့်ကျကျမျက်နှာ မဟာနဖူးနှင့် ဆံစပ်တို့မှာ အဖြူတချို့ကိုမြင်နေရသည်ကလွဲလို့ တည်ကြည်ခန့်ညားသော အသွင်ရှိသည်။ ယထိုလူကြီး၏အကြည့်တွေက သူ့ဆီ ရောက်လာကာ....
" ဒီထိ ရောက်လာပြီဆိုကတည်းက မောင်ရင် ဒီမွာ အလုပ်လုပ်ဖို့စိတ်ကူးတော့ရှိခဲ့မှာပါ အဲဒီတော့ မောင်ရင် စိတ်ကူးလာတာကိုပြောပြပါလား BG မလုပ်ချင်ရင် မင်း လုပ်နိုင်တာတစ်ခုခု.."
" မရှိခဲ့ဘူး ဦးလေး အဘွားခေါ်လို့ လာတာပါ ဘာလုပ်ရမလဲဆိုတာတော့ သိချင်ပေမယ့် "
" ဒါဖြင့် မောင်ရင် ကားမောင်းတတ်တယ်ဆို ဒရိုင်ဘာအလုပ်ဆိုရင်ရော "
" ကားမောင်းတတ်ပေမယ့် ဒီမွာ မောင်းဖို့ကျ..."
" မောင်ရင့်ကို ဦးလေး ပြောပါရစေ "
သူ့ စကားကိုဖြတ်ပြောလိုက်တော့ ဘာကိုမှန်းမသိပေမယ့် လင်းအဘွားက ခေါင်းညိတ်၏။
" ဦးလေးတို့ရဲ့ သူဌေးဖြစ်တဲ့ မမကြီး ကိုယ်တိုင်က ဒီလိုရည်ရွယ်ချက်ရှိနေတဲ့အတွက် ဦးလေးတို့လည်း မင်းအကြောင်း ထိုက်သင့်သလောက်သိထားပြီးပြီမို့လို့ သူဌေးရဲ့ စိတ်ချမ်းသာမှုအတွက် မင်းကို ဒီမွာ အလုပ်လုပ်စေချင်တယ်."
" က်နော်က လူကောင်းတစ်ယောက်တော့ မဟုတ္ဘူးဆိုတာ...."
" လူဆိုး မဟုတ်တဲ့အတွက် ဦးလေးတို့က စဉ်းစားခဲ့တာ နောက်ပြီး မင်းကို သိစေချင်တဲ့ အိမ်တွင်းရေးတစ်ချို့လည်း သိစေချင်တယ် ဒါတွေသိရင်တော့ မောင်ရင် စိတ်ဝင်စားကောင် ဝင်စားနိုင်လိမ့်မယ် ဘာလို့လဲဆိုတော့ လူငယ်တွေ ဘယ္လိုနေရာမှာ စိတ်ဝင်စားနိုင်လဲ ဦးလေး တွေးမိလို့ ၊ မောင်ရင်က ဦးလေးတို့ မြေးလေးရဲ့ BG လည်း မလုပ်ချင်ဘူး ဒရိုင်ဘာနေရာအတွက်လည်း အတွေ့အကြုံလိုဦးမယ် ဒါပေမယ့် အဲဒီနှစ်နေရာအတွက် ဘယ်မှာမှမလုပ်ခိုင်းပဲ ဒီအိမ်မှာ နေခွင့်ပေးထားမယ် "
" ကျနော်က နေစရာရှာနေတဲ့သူ မဟုတ်တာတော့ ဦးလေး သိပါတယ်နော် ပြောပြတာပါ ဘယ်သူ့အကြောင်းပဲဖြစ်ဖြစ် ကျနော် သိချင်တာက ကျနော် ဘာလုပ်ရမလဲဆိုတာပဲ မည်းမည်းမြင် ပြောင်ပြောင်နင်း ဆိုပြီး ရေပြင်ကို မြေပြင်ထင်ပြီးနင်းရင် ရွှံ့ နင်းမိမယ် မြွေကို သစ်ကိုင်းခြောက်ထင်ပြီး ကိုင်မိရင်လည်း အကိုက်ခံရမယ် ဘာပဲဖြစ်ဖြစ် သေချာမှုရှိဖို့လိုတယ် ကျနော် ထင်ကြေးနဲ့တော့ ဘာမွမလုပ္ဘူး "
" နင်း မဆိုးဘူး ရှောင်းကျန့် အဲဒါဟာ မင်းရဲ့ ပင်ကိုယ်ချမ်းသာတဲ့ သေချာတတ်တဲ့ ဗီဇပဲ၊ မောင်ရင် ဒီလိုပြောလို့ ဦးလေး စိတ်မဆိုးဘူး၊ အဲတော့ မောင်ရင် လုပ်ရမယ့်အလုပ်နဲ့ ပတ်သတ်တာတွေ ပြောသင့်တာတွေ ပြောပြမယ် တစ်ခုရှိတာက ပြောပြလိုက်တဲ့အတွက် မောင်ရင် ခေါင်းခါပြီးတော့ လှည့်ပြန်သွားလို့မရဘူး "
ရှောင်းကျန့်နှင့် ဦးရှောင်ဝူတို့ အကြည့်ချင်းဆုံသွားကြသည်။ အသံတွေတိတ်ကျသွားတာကို လင်းဟွားမေက သတိပြုမိပြီး ချောင်းအသာဟန့်ကာ....၊
" လူလေး တစ္ခုမွတ္ထားပေးပါ ဟောဒီ လင်းအိမ်တော်ကြီးမှာ ရှုပ်ထွေးတဲ့အတွင်းရေးတစ်ခု ရှိနေတယ် အဲအရေးကိစ္စက.... "
" မမကြီး အဲဒါတွေ က်နော် သူ့ကို အပြင်တစ်နေရာမှာ ပြောလိုက်ပါမယ် ဒီမွာ... "
အခု ရှောင်းကျန့် တို့ပြောနေတာ လင်းအိမ်တော်ရဲ့ ဥယာဉ်ဝန်းလေးတစ်ခုတွင် ပြောနေခြင်းဖြစ်သည်။
" ငါပဲ ပြောမယ် ရှောင်ဝူ သူ့ အဖြေကို ငါ အခုပဲ လိုချင်တယ် "
လင်းအဘွား ပါလာတိုင်း သူ့ရဲ့ ခံစားချက်တွေက နားဝင်လက်ခံလိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်။ ဒါဟာ မသိစိတ်ရဲ့ ခင်မင်ရင်းနှီးမှုကြောင့်လားတော့ မသိ...။
" ဆင်းရဲခြင်းကို လူတိုင်းကြောက်ရွံ့ ပေမယ့် ချမ်းသာခြင်းကလည်း ဘယ်လောက်ကြောက်စရာကောင်းလဲ လူတိုင်းမသိကြဘူး ချမ်းသာလွန်းလို့ ကြောက်လန့်ပြီး စည်းစိမ်ကိုစွန့်ပြီး ဘယ်သူမွမပြေးနိုင်ကြဘူးလေ ဒီအိမ်တော်မှာလည်း ဒီလိုကိစ္စရှိတယ်ဆိုရင် လူလေး နည်းနည်းတော့ စိတ်ဝင်စားမှာပါ မင်းကို အဘြား စပြီးစကားပြောလိုက်ကတည်းက မမြင်ရတဲ့အသိစိတ်ထဲမှာ မင်းရဲ့ စိတ္ဓာတ္ကို ခံစားမိခဲ့တယ် သမီးကြီးရဲ့ ပစ္စည်းတွေကို သယ်ဆောင်လာတဲ့အဖြစ်ကြောင့် သမီးကြီးကိုယ်တိုင် လက်ဆွဲပို့လိုက်တဲ့ ယုံကြည်ထိုက်တဲ့ လူတစ်ယောက်လို့ သတ်မှတ်ခဲ့တယ် "
ဖြစ်နိုင်ပေမယ့် သိပ်တော့နားမလည်နိုင် အခြေအနေခြင်းကွာခြားလွန်းတဲ့ လူတစ်ယောက်ကို ယုံကြည်ပါသည် လာနေပါလို့ ခယစြာ တောင်းဆိုနေကြသည်။
သူတို့ ယုံကြည်နေသလောက် သူကရော အဲလို ဟုတ်ရဲ့လား ၊ ကိုယ့်ကိုကိုယ် မယုံရဲတောင်ဖြစ်မိသည်။
" ဒီအိမ်တော်ရဲ့ အကြီးအကဲက အဘြားပါ ဒါပေမယ့် အဘြားက မျက်မမြင်ဘဝကိုရောက်နေတယ် အဘွားဘက်မှာ ယုံကြည်အားကိုးရတာဆိုလို့ ရှောင်ဝူ တစ်ယောက်ပဲရှိတယ် သူ့ကိုလည်း တခြားအလုပ်ကိစ္စတွေမှာ မျက်ခြေမပျက်အောင် ကြည့်ခိုင်းရသေးတယ်လေ အဲဒါကြောင့် အဘွာရဲ့ လိုအပ္ခ်က္က လူလေးလို လူငယ်တစ်ယောက်လိုတယ် စိတ်ရဲ့ခံစားချက်ကို အားကိုးပြီး အဘြား မင်းကို ယုံကြည်ချင်တယ် ယုံကြည်ရမယ်လို့လဲ အဘြား မျှော်လင့်တယ် "
" မောင်ရင့်ရဲ့ ညီလေးတွေအတွက်လည်း နေရေးထိုင်ရေးကို လိုအပ်သလို စီစဉ်ပေးမှာပါ "
ရှောင်ဝူက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း.....၊
" ဒိမွာ မောင်ရင် လုပ်တဲ့အတွက် လစာရယ်လို့ မဟုတ္ဘူး မောင်ရင်နဲ့ ကလေးတွေအတွက် ပြည့်စုံပိုလျှံနေစေရမယ် တစ္ခုပဲ သိုသိပ်ဖို့ လိုအပ္တာပါ မောင်ရင်က ဦးလေးရဲ့ တူအနေနဲ့ရောက်လာပြီး လိုအပ်တာကူညီလုပ်ကိုင်ပေးတာမျိုးပေါ့ ၊ နောက်တစ်ခု မမကြီးရဲ့ သားအငယ်ဆုံး ကောင်းထျန်း ၊ မြေး ဝမ်လေးက သူ့ကို လေးလေးထျန်း လို့ခေါ်တယ်. မောင်ရင့်ကို မလိုလားဆုံးက သူပဲဖြစ်မှာဆိုတော့ သူ့ကိုတော့ မောင်ရင်သည်းခံပေးရမယ် "
" သူက လူငယ္လား "
" မဟုတ္ဘူး ၄၀ ကျော်ပဲ ဒါပေမယ့် ၃၀ ကျော်ပဲထင်ရအောင် နုတယ်.ချောတယ်. သူ့အကြောင်းလည်း ဦးလေး ပြောပြမယ် ဒီအ္မိ္က လူတွေတောင်မသိတဲ့ လျှို့ ဝှက်ချက်ပေါ့ "
ရှောင်း သေချာနားထောင်နေတာမြင်မှ ရှောင်ဝူက ဆက်ပြောသည်။
" သူက မမကြီးရဲ့ သားအရင်းမဟုတ်ဘူး "
" ဟင်... "
" ကလေးအရွယ်ကတည်းက အဝင်အထွက်ရှိပေမယ့် အိမ်မှာမွေးစားလိုက်တာတော့ သူဌေးကြီး မဆုံးခင်လေးမှ "
ရှုပ်ယှက်ခက်လို့ပါလား....။
သူ ဒီအိမ်တော်ရဲ့ အရှုပ်ထုပ်ထဲကို ဝင်သင့်သလား မဝင်သင့်ဘူးလား......၊
အသက်မွေးဝမ်းကြောင်း အလုပ္တစ္ခုအနေနဲ့ လုပ်ကိုင်ဖို့မသင့်သော်လည်း ပါဝင်ကူညီသင့်ရဲ့လား....၊
အဘွားကိုလည်း သနားသလိုဖြစ်နေတာကြောင့် ဒီအိမ်တော်ကို သူ ရွေးချယ်လိုက်ရမည်လား....။
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...