Zawgyi
" စက်ရုံအထိ ဘာလာလုပ္တာလဲ ဝမ်လေး "
" ဟင် "အံဆြဲကို ပြန်သွင်းပြီးလှည့်ကြည့်လာသည့် မျက်နှာလေးက အပြစ်ကင်းစင်လို့....၊
" လေးထျန်းကို ဖုန်းခေါ်သေးတယ် မရလို့ "
" ဘာလုပ်ဖို့လဲ "ကောင်းထျန်းက အပြုံးအရယ်မရှိ တင်းနေသည်လည်းမဆိုသာသော မျက်နှာဘေးနှင့် လက်ထဲကိုင်ထားသော ကားသော့နှင့် ဖုန်းကို စားပွဲပေါ်သို့ခပ်ဖိဖိဆောင့်ချလိုက်သည်။
" လေးထျန်းပဲ အကြောင်းရှိရင် ဖုန်းဆက်ဆို.... "
" အဲဒါကြောင့် ဘာအကြောင်းလဲမေးနေတာ ပြော.."
" ပြောဖို့ လေးထျန်း မျက်နှာက ဘာဖြစ်နေတာလဲ မပြောနဲ့လို့ ပြောနေသလိုပဲ...ဟွန့်....လျှောက်လည်ချင်လို့လေ ဝမ်လေး ရောက်ကတည်းက ဘယ်မှသွားမလည်ရသေးဘူး"
" မင်း ဘာသာသွားလို့ရတာပဲ မောင်းပို့မယ့်သူလည်း အဆင်သင့်မလား "
" ဟာ...သူနဲ့ မသွားချင်ပါဘူး လူကသာ ဘာမွမဟုတ္တာ မျက်နှာကြောက တင်းနေတာပဲ...ဝမ်လေးက လေးထျန်းနဲ့ပဲ သွားချင်တာလေ..အဲဒါ လိုက်ပို့ "
" ကိုယ် မအားဘူး ဝမ်လေး ပြီးတော့ ကိုယ့်အနားကိုပဲ ကပ်နေတာကို ဆင်ခြင်...မားက ကိုယ်နဲ့မင်းကို အတူတြဲတွေ့နေတာ စိတ္ခ်မွာမဟုတ္ဘူး "
"အို...အဲဒါက ဘြားလေ..ဝမ်လေးမှ မဟုတ္တာ ဝမ်လေးကတော့ ဘွားထပ် လေးထျန်းကို ပိုခ်စ္တာ "ဝမ်လေးရဲ့စကားကြောင့် ကောင်းထျန်း ပြုံးလိုက်သည်။ မားက သူနှင့်ဝမ်လေး အတူသြား အတူလာ လုပ်တာမျိုးမကြိုက်မှန်း ကောင်းထျန်း သိပြီးသား....၊
တကယ်ဆို သူ့အနေနဲ့လည်း မကြိုက်ပါ....၊ သို့သော် ဝမ်လေးကို မိမိအနားထားခြင်းက သူ့အတွက် ပိုကောင်းသောကြောင့် လက်ခံထားခြင်းဖြစ်သည်။
လေးထျန်းရဲ့ အပြုံးကို ဝမ်လေး ငေးကြည့်နေခဲ့သည်။ အသက်လေးဆယ်ကျော်နှင့်မတူပဲ နုငယ်ချောမောသော လေးထျန်းကို ဝမ်လေး ရောက်ကတည်းက ငေးကြည့်ခဲ့တာပင်..၊
နှာတံချွန်ကော့ကော့ ပါးလှပ်သည့်နှုတ်ခမ်း ဖြူဝင်းသော အသားအရည်နှင့် မြင့်မားသောအရပ်ကြီးကြောင့် မြင်ကတည်းက ဝမ်လေး ရင်ခုန်ခဲ့တာ ဝန်ခံသည်။" လေးထျန်း.."
" ပြော.."
" ဝမ်လေးကို လိုက်ပို့လို့... "
" ကိုယ့်ကို မင်း သူငယ်ချင်းများ ထင်နေလား "
" သူငယ်ချင်းလို့ မထင်လို့ အတူလည်ဖို့ခေါ်နေတာပေါ့ ပြောတော့ အကြောင်းရှိရင်ပြောဆိုပြီး ခုပြောတော့ အလိုလိုက်လို့လား "
နှုတ်ခမ်းရဲရဲလေးကို ထော်ကာပြောလာသော ဝမ်လေးကို ကြည့်ပြီး ကောင်းထျန်း ပြုံးလိုက်ပြန်သည်။
ဒီကောင်လေးကြောင့် သူ့မှာ အပြုံးတွေအမြဲလိုလို ဖြစ်ပေါ်တတ်လာတာကို ကိုယ့်ကိုကိုယ် သတိထားမိခဲ့သည်။
,
" ခုတော့ မအားဘူး ဒရိုင်ဘာနဲ့ သြား
" ဒရိုင်ဘာနဲ့ မသြားဘူး လေးထျန်းနဲ့ပဲ သွားချင်တာလို့ "
" ဝမ်လေး မင်းနဲ့အတူ သြားလာတာတွေ ငါ့အတွက် အဆင်မပြေတာ မင်း သိလား...မားက ငါ.အပေါ် စိတ်ဝမ်းကွဲနေတာ ကြာပြီ "
" ဘြား ပြောတော့ လေးထျန်းဘက်က အရင်စိမ်းလာတာဆို..."
" အဲဒါကြောင့်ထင်တယ် ကျဲကျဲတို့ သေတာတောင် ငါ့ကြောင့် ဖြစ်သလိုလို.."
" ဒါပေမယ့် လေးထျန်း မဟုတ္ဘူးမလား "
" ဘာ... "
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...