Zawgyi
တောမကျ မြို့မကျ ရွာကြီးတစ်ရွာမို့လူနေအိမ်ခြေတိုင်းက ခြံကျယ်ဝန်းကျယ်နှင့် သေသပ်နေသည်။
ခြံဝန်းတော့ကျယ်ပေမယ့် မသေမသပ်ဖရိုဖရဲတည်ရှိနေတာ ရွာအစွန်မကျတကျနေရာမှာ "ကြွက်ကိုက်တတ်သည် မဝင်ရ" လို့မြေဖြူနှင့် ရေးထားသည့် ရှောင်းကျန့်အိမ်...၊
မျက်နှာစာပျဉ်ကာ၍ ကျန်တာအုတ်ထရံတွေပဲဖြစ်သည်။ နှစ်ထပ်အိမ်မြင့်ကြီးက တိုင်လုံးတွေမှလွဲ၍ အားလုံးပြိုကျလုလု ရွဲ့စောင်းပျက်စီးနေသည်။
ခေါင်းရင်းပိုင်းအုတ်ထရံတွေပေါ် ကပ်တွယ်ရစ်ပတ်နေသည့် ဘူး.ဖရုံညွှန့်တွေက အပြိုအပျက်တွေပေါ်မှာ အားကောင်းမောင်းသန်ရှင်သန်နေကြသည်။
ခြေရင်းပိုင်းမှာ ရေကန်ဟောင်းကြီးရှိကာ ရေကကြည်ပေမယ့် သစ်ရွက်ခြောက်များနှင့် ဝေဆာနေသော ရေပြင်က မြေပြင်နှင့်မခြား...၊ဒါပေမယ့် ရှောင်းတို့က ဒါကိုပဲ စစ်သောက်သည်။ ဒါနဲ့ပဲ ချက်ပြုတ် ဆေးကြော...၊
အိမ်ကိုငုတ်ထိုင်ကြည့်ရင်း အှောင်ရိပ်ကျလာတော့ လောင်ကျုံလေးက အိပ်ဖို့နေရာရှာရသည်။ အဆောက်အအုံပျက်ထဲ ဝင်သွားသည့် ရှောင်းက ပြန်ထွက်မလာ...၊
ပြန်ထွက်လာလည်း သနားသဖြင့်အထဲခေါ်မည်မဟုတ်မှန်း ကလေးအတွေးနှင့်သိသည်။ အချိန်အတော်ကြာမှောင်နေပြီးမှ အိမ်ပျက်ကြီးရဲ့အလယ် အိမ်သေးသေးလေးထဲ မီးရောင်လင်းလာတာ မြင်လိုက်ရသည်။ ( ပြောချင်တာက အိမ်ကနှစ်ထပ်အကြီးကြီးဗျာ.ပြိုလုလုဖြစ်နေတာကို ပြန်မပြင်ပဲ အောက်ထပ်က ဧည့်ခန်းလိုနေရာကျယ်မှာ တစ်ယောက်စာသဘောမျိုးပြင်ပြီးနေတာ.ကလေးတွေ အိမ်ထဲမှာအိမ်ဆောက်တမ်းဆော့သလိုပေါ့.အိမ်သေးသေးလေးလိုလုပ်ထားတာကိုပြောတာ)
မကြာခင်ရောက်လာသည်က ငါးကင်နံ့...၊
ကလေးပီပီဆာလာတော့ ဗိုက်ကလေးကိုပွတ်ကာ အိမ်နားကပ်သွားမိသည်။
"မင်းက ဘာလိုက်လုပ်တာလဲ...မလိုက်လာနဲ့လို့ပြောတာမကြားလို့လား"
နောက်ကအသံကြောင့်လှည့်ကြည့်လိုက်ပြီး ရှောင်းကို မျက်နှာငယ်လေးနှင့် ကြည့်ကာ...
"သား အထဲမဝင်ပါဘူး...ဒီနားမှာပဲနေမယ်လေ မိုးရွာလာမှာဆိုးလို့ပါ"
အခုပဲမြင်လိုက်ရတာ ဗိုက်ကိုပွတ်လို့ပါ။ လူကိုမြင်မှ မိုးခိုရုံလို့ပြောနေသည်။
"ငါ့ရဲ့ အမိုးအောက်မင်းရှိနေမှတော့ ငါခေါ်ထားသလိုဖြစ်နေမှာပေါ့ကွ..မင်းတော်တော် ဥာဏ်များတာပဲ"
"မဟုတ်ပါဘူး အပြင်မှာ သားကြောက်လို့ပါ"
"မင်းကို ဘယ်သူကဒီနားလာနေပါခေါ်လို့လဲ"
"သား ဘာသာလိုက်လာတာပါ"
"ဒါဆို အခုသွားတော့ မင်းမိဘတောင် စွန့်ပစ်ခဲ့သေးတာ..ငါ့ကို ရက်စက်တယ်ပြောလည်း ဂရုမစိုက်ဘူး...ရှောင်းကျန့်ဆိုတဲ့ကောင်က သံယောဇဉ်ကို အယုံအကြည်မရှိတာ"
"ကော..."
လှည့်ထွက်ဖို့ပြင်နေသော ခြေလှမ်းတိုင်းကိုတားဖို့ ဒီကောင်လေးဝါသနာကြီးတာလား....၊
"အေး....မင်းကိုအခု အထဲဝင်ခွင့်ပေးမယ်. မနက်ကျရင်တော့ ငါပို့တဲ့နောက် မင်းလိုက်ရမယ် ဘယ်လိုလဲ"
ကောင်းလေးကိုကြည့်ကာ ပြောလိုက်တော့ မျက်နှာငယ်လေးနှင့် ငြင်းဆိုသော အကြည့်လေး....၊
"ဟွန်း...သိသားပဲ မင်းက ငါ့ကို ရောင်းစားမဲ့ကောင်..."
ပြောပြီး အိမ်သေးသေးလေးထဲ လှည့်ဝင်လာခဲ့သည်။ သူ့ကိုခေါ်တာမဟုတ်ပဲ နောက်ကပါလာကာ....
"သား ကတိပေးပါ့မယ်"
သူ့ကိုများ ကတိဆိုတဲ့ ခေါင်းစဉ်နဲ့ပြောမိလို့လား...၊စိတ်ထဲမှာတော့ ချဉ်နေပါပြီ....၊
"အဲဒီမှာ ကြိုက်တဲ့နေရာဝင်အိပ်"
ခပ်ပြတ်ပြတ်ပြောပြီး မီးဖိုပေါ်မှာတံစုံ့ထိုးကင်ထားတဲ့ ငါးကိုဖြုတ်ယူလိုက်သည်။ ထို့နောက် ထမင်းပန်းကန်ကိုယူပြီး ငါးကင်ကို တဖက်ကကိုင်ကာ ဒီတိုင်းပဲ စားပစ်တော့သည်။
မျက်လုံးမရောက်ပဲ အသာငဲ့ကြည့်လိုက်တော့ ကိုယ့်နောက်မှာ ကောင်လေးက ငုတ်တုတ်လေးထိုင်ကြည့်နေသည်။
ဟွန်း.....
ထမင်းဖြူနှင့် ငါးကင်ကို ပါးစပ်ထဲရောက်မှ ညားခွင့်ပေးပြီး နောက်ကျောမှမျက်လုံးတစ်စုံကြောင့် ထမင်းဝါးရင်း မဲ့လိုက်သည်။
မိဘမရှိတော့လို့ အားကိုးရာမဲ့လူတွေထက် မိဘရှိနေရက်သားနဲ့ မိဘဝတ္တရားမကျေလို့ ကလေကချေဆန်စွာ ကြီးပြင်းခဲ့ရသည့် အဖြစ်ကို သူမုန်းသည်။
မိဘမှာ အပြစ်ရှိတာလား....၊ ဒီကလေးရဲ့ ကံကိုပုံချသင့်တာလား...၊
ဘာပဲဖြစ်ဖြစ် ကိုယ့်လိုမျိုးထပ်မတွေ့ချင်တာတော့ ကိုယ့်ဘဝကိုနာကျည်းတာပဲဖြစ်နိုင်သည်။
ကိုယ့်ကြောင့် သူများကိုအပူမလောင်စေချင်သလို သူများကြောင့်လည်း ကိုယ့်မှာတစ်ပူပေါ် နှစ်ပူဆင့်ရမှာမျိုး စိတ်မဝင်မစားခြင်းဖြစ်သည်။
ဒီကောင်လေးကျမှ နာမည်သက်ရောက်ခြင်းတွေပါ သူနဲ့လာဆင်နေကာ ကိုယ်က ကလေကချေပါဆို သူက ရေးမျောကမ်းတင်....၊
ထို့အတူညကလည်း ရက်စက်စွာကုန်လွန်ရင်း.....။************
နောက်တစ်ပိုင်း သားနှစ်ယောက်စုံပြီ....
See you soon.
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...