" ပစ္စည်းဝယ်ဖို့က အရေးမကြီးသေးဘူးဆိုရင် ငါ သွားစရာရှိလို့ ညေနမွ ပြန်ဆုံမယ် "
" မင်းက ဘယ်လဲ ရှောင်း ...မျက်စိလည်ပြီး ဒုက္ခရောက်အုန်းမယ် "
" ရတယ် "ပေဂျင်း ရောက်တာနှင့် အကောင်းဆုံးဟိုတယ်မှာ တည်းကာ မုန့်ကျူးရဲ့ အစီစဉ်က night club မွာ သွားကဲဖို့....၊
" ပေဂျင်း ရောက်ရင် ဒါတွေတော့ သိနေရမှာပေါ့ကွ မဟုတ္ဘူးလား ၊ သူ ခိုင်းတာပြေးလုပ်ပြီး ပြန်စရာလား မင်းသာ ဘာမှပြန်မပြောနဲ့... ငါ့ အကို ပါးစပ်ပိတ်သွားအောင် ငါ လုပ်နိုင်တယ် " တဲ့......။
ထိုသို့နှင့် နှစ်ယောက်သား တရေးအိပ်နားပြီးနောက် မုန့်ကျူးက သူ့ လက်ထဲ ပိုက်ဆံတွေလာထည့်ပေးသည်။
" ငါ့လို မင်း လိုက်ကဲလို့တော့ မရဘူး အဆင်ပြေသလို နေ"
ဆိုတော့ ကိုယ်ရည်ရွယ်တဲ့ ကိစ္စကိုလုပ်ရင်း တစ်ရက်လောက်တော့ ပေဂျင်းမှာ ခြေဆန့်ဖို့ တွေးလိုက်သည်။
" လိပ်စာအတိုင်းကတော့ ဒီခြံပဲ ခင်ဗ်ား သေချာအောင် ခေါ်မေးကြည့်ပါလား "
" နေရာတော့ မှန်တယ်မို့လား "
" မွန္တာပေါ့...ပေဂျင်းမှာ လင်းအိမ်တော်က ဒီတစ်ခုပဲရှိတာ "
ရှောင်းက ခေါင်းညိတ်လိုက်ရင်း ကားပေါ်မှဆင်းကာ....
" ဒါဆို ရပြီ "
" ခေါ်ကြည့်လိုက်အုန်းလေ မွားနေရင် ခင်ဗ်ား ပြန်လိုက်မှာမလား "
" မလိုက်တော့ဘူး Taxi ခ ဒီလောက်ဈေးကြီးတာ ခြေထောက်နဲ့ပဲ ပတ်တော့မယ် "ကျသင့်ငွေရှင်းပြီး ရှောင်း ကျောခိုင်းကာ လှည့်မကြည့်တော့ပဲ မျက်စိရှေ့က အုတ်တံတိုင်းကာရံထားသော ခြံကြီး၏ လူခေါ်ဘဲလ်ကိုသာ နှိပ်လိုက်သည်။
မကြာခင် မျက်နှာတစ်ခုစာ လေးထောင့်ကွက်လေးပေါ်လာပြီး လူတစ်ယောက်မျက်နှာပေါ်လာကာ..." ဘယ်သူနဲ့ တွေ့ချင်လို့လဲ ကောင်လေး "
" ဒီအိမ်မှာ လင်းမေ့ချန် ဆိုတဲ့ အမျိုးသမီး ရှိလား "
" ဟင်...."
ထိုလူက ချက်ချင်းမဖြေပဲ ခဏတိတ်သွားပြီးမှ....
" လင်းမမလေးက ဆုံးသွားပြီ ဘာကိစ္စရှိလို့ပါလဲ "
" ဆုံးသွားမှတော့ ဘာကိစ္စရှိရမှာလဲ နေပါစေ "ရှောင်း လှည့်ထွက်လာခဲ့သည်။ အိတ်ထဲထည့်ကိုင်လာသည့် စာရွက်စာတမ်းတွေကို ပြန်ငုံ့ကြည့်ပြီး ချပစ်ခဲ့ရမလား...တစ်နေရာထိထပ်ယူသွားရမလား...ဝေခွဲရခက်နေသည်။
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...