Zawgyi
" မွေးနေ့ နီးနေကာမှ သားရယ် "
" ကျနော့် မွေးနေ့မှမဟုတ်တာ မား "
" သား တူလေးပဲကွယ် ဒီရက်ပိုင်း အလုပ်တွေပိပြီး ဖျားသွားပါမယ်..နားချိန်လေးတော့ချန်ပြီးလုပ်ပါ "အနားမွာ ဦးလေးဝူ ရှိနေပေမယ့် တင်းနေသည့်မျက်မှာကို လုံးဝမလျော့ပဲ....၊
" ကျနော်က စီးပွားရှာတာကို ဝါသနာကြီးမှန်း မားလည်း သိတာပဲ ကျနော် မလုပ်ရင် ဘယ်သူလုပ်မှာလဲ "
" အိုကွယ်....သား ကူညီနေမှန်း မား သိပါတယ် ...မား အနေနဲ့ အဲဒီလောက်မလိုအပ်တဲ့အကြောင်း ပြောတာ "
" ကျေးဇူးပြုပြီး မပြောပါနဲ့ "သူ့ရင်ထဲ နာကျင်မှုတွေကိုမမြင်ပဲ အပြစ်တင်ချင်နေသည့် မားဘေးမှ ကောင်းထျန်း ထရပ်လိုက်သည်။
သူ မတ်တပ်ရပ်လိုက်တာကြောင့် ကိုင်ထားသည့်ကားသော့က အသံမြည်သွားသဖြင့် မား မျက်နှာက သူ့ရှိရာသို့မှန်းကာ....၊" အလုပ်တွေဖိစီးပြီး စိတ်ပင်ပန်းလာရင် စကားတွေပြောမှား ဆိုမှားဖြစ်လာတတ်တယ်....သား အခု အလုပ်မှာပဲ..."
" အလုပ်မှာပဲ အာရုံစိုက်နေတာက အာရုံလွှဲထားတဲ့သဘောပဲ မား...အိမ်မှာလည်း မား ကျနော့်ကို မလိုအပ်တော့ဘူးဆိုတာ နားလည်လို့ "
" မဟုတ်သေးဘူး သား...မားက မမြင်မစမ်းဘဝနဲ့ မား လုပ်မှ ပြီးမှာတွေကို လုပ်နေတာပါ..."
" မား မမြင်ပေမယ့် မားအတွက် ကူဖော်လောင်ဖက်က ကျနော် မဟုတ်ဘူးလေ ပြောချင်တာ အဲဒါ "နောက်ထပ်စကားတွေ ထွက်မလာခင် ကောင်းထျန်း လှည့်ထွ့က်လာခဲ့သည်။ သူ့မှာလည်း သူ့ နာကျင်မှုတွေနဲ့...ဒါကို နားလည်ပေးမဲ့သူက တစ်ယောက်မှ မရှိ....။
လင်းဟွားမေ ငိုင်နေပြီးမှ.....၊" ရှောင်ဝူ "
" ရှိပါတယ် မမကြီး "
" ငါ လုပ်တာတွေ မှားနေလို့လား ပြောပါဦး "လင်းဟွားမေ အသံတွေအက်ကွဲနေကာ မျက်ဝန်းမှာလဲ မျက်ရည်ဝေနေသည်။
" မမကြီး မမွားပါဘူး ဒါဟာ ဘက်မလိုက်တမ်းပြောတဲ့ သစ္စာစကားပါ..၊ မမကြီး သိမြင်ခံစားခဲ့ရတဲ့အဖြစ်ဆိုးတွေကို တျခား မိခင်တစ်ယောက် အမျိုးသမီးတစ်ယောက်သာ ခံစားရမယ်ဆို အခလိုမျိုသိပ်ထားနိုင်ဖို့ မဖြစ်နိုင်ဘူး ... ဒီအဖြစ်တွေကို ဘယ်သူလုပ်လဲသိနေကာမှ ဒီထက် ဘယ်သူကလိုက်လျောနိုင်မှာလဲ စိတ်ချမ်းသာသလိုနေပါ ကျနော်တို့ စိတ်ကူးတွေအကောင်အထည်ဖော်ပြီးရင် အားလုံးငြိမ်ချမ်းသွားမှာပါ "
" ဦးလေးဝူ....ဦးလေး....အဘြား...."
" ဟေ...."
" ဘာလဲ....ယီယီ "
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...