"ဟင်"
အိမ်ပြန်ရန်ပြင်နေသော ရှောင်းကျန့် မျက်လုံးထဲ တစ်စုံတစ်ရာဝင်လာသည်။
ရေလယ်ခေါင်မဟုတ်ပဲ ကမ်းစပ်နဲ့နီးနီးလေးအတိုင်း တလှုပ်လှုပ်မျောလာသောအရာတစ်ခု....၊
ဘာကြီလဲ....၊ စဥ့်အိုးကြီးလား...မဟုတ်သေးဘူးထင်တယ်...၊
စိတ်ဝင်စားသွားပြီး ကမ်းစပ်နားသို့တိုးသွားကြည့်လိုက်တော့ တကယ်စဥ့်အိုးကြီးဖြစ်ကာ အရွယ်အစားကနည်းတာမဟုတ်...၊
ကမ်းစပ်နဲ့နီးနီးလေးမို့ ဘောင်းဘီအရှည်ကိုချွက်ပြီး ဒူကျဘောင်းဘီလေးနှင့် ခြေဖော့ကူးသွားကာ အိုးကိုထိန်းပြီးပြန်ကူးလာခဲ့သည်။
ကမ်းနားကျမှ အထဲကိုသေချာငုံ့ကြည့်လိုက်လျှင်.....၊
"ဟား..."
တကိုယ်လုံးခြေကုန်လက်ပန်းကျသွားသလို ရွံံ ့စပ်မှာထိုင်ချလိုက်သည်။
"အသုံးမဝင်တဲ့ပစ္စည်းတွေရတာမှ ရောင်းစားလို့ရအုန်းမယ်...၊ လူသေကောင်ကိုဘာလုပ်လို့ရမှာလဲ...တောက်"
ရယ်ရလွန်းလို့ ငိုရတာလား...၊ကံဆိုးထီးသြားရာ မိုးကြိုးထပ်ပစ်မည်ဆိုလျှင် မသင်္ကာမှုနှင့် ထောင်ထဲရောက်သွားနိုင်သည်။ ထိုစဉ်.....၊
အိုးကြီးကလှုပ်သွားသဖြင့် သူ့အကြည့်များရောက်သွားလျှင်..
အိုးထဲက ပြူထွက်လာသောခေါင်းတစ်လုံးက မျက်လုံးပြူးပြူးလေးနှင့်...
လူသေကောင်လို့ ထင်မှတ်ပြီသားမို့ ရှောင်းကျန့် ကျောတို့မတ်သွားသည်။
"ကော...သားကိုအပြင်ထုတ်ပေးပါလား"
အံမယ်....လူပါလား....၊(မဟုတ္ဘူး... သရဲ)
အသက် 6 နှစ် 7 နှစ်အရွယ် ကောင်လေးတစ့ယောက်ဖြစ်ကာ မသင်္ကာစရာဆိုလို့ မျက်ခွံလေးတွေမို့ကာ မျက်လုံးလေးတွေနီနေတာပဲရှိသည်။
စကားပြောလိုက်တာကြောင့် လူစစ်စစ်သေချာသွားပြီး အိုးထဲမှထွက်ရန်ကုန်းကွကာကြိုးစားရင်း သူရှိရာသို့ လှမ်းကြည့်ပြီး....၊
"ကော....သားကို"
"မင်းယောကျာ်းမဟုတ်ဘူးလား ကိုယ့်ဟာကိုယ်ထွက် ဒီရွံ ့တွေထဲမှာ လူမေသဖူးဘူး"( ကြင်နာတတ်လိုက်တာ သားမက်ကြီးရယ်)
ကောင်လေးက ငေးငေးလေးတချက်ကြည့်ကာ ဘာမှမပြောတော့ပဲ အပြင်ရောက်ဖို့ခဲရာခဲဆစ်ကြိုးစားနေသည်။
ရှောင်းကျန့် ဒီတိုင်းထိုင်ကြည့်နေရာမှ ငါနဲ့ဘာဆိုင်လဲဟု တွေးကာ ချွတ်ထားသောဘောင်ဘီရှည်ကိုကောက်၍ ထိုင်နေရာမှထသည်။
ထို့နောက် ငါးနှင့်ပုံးကိုကောက်ဆွဲလိုက်လျှင်....၊
"ကော.."
ကောင်လေးကရွ့ံ ့များကိုဖြတ်၍ သူ့နောက်လိုက်လာကာ...
"ကော....သားလည်းလိုက်မယ်လေ"
"ဘာပြောတယ်"
"သားနာမည် လောင်ကျုံ ချန်သောက်ရွာမှာနေတာ အေဖက အရက်သောက်လွန်ပြီး မိုးရေထဲမှာသေးသွားတယ်"
ကလေးပြောနေသမျှ ခြေစုံရပ်ကျော်ခိုင်းနားထောင်နေပေမယ့် ရှောင်းကျန့် မျက်နှာက မဲ့သွားလိုက် တွန့်သွးလိုက်နှင့်...၊
"သား မားမားက သရက်တောပိုင်ကြီးနဲ့ယူလိုက်ပြီး အဲလူကြီးက သားကိုရိုက်တယ်. ညတုန်းကလည်း သားကိုရိုက်ပြီး အိမ်ပြင်ထုတ်ထားတာ တစ်ညလုံးသစ်ပင်အောက်မှာပဲနေရတာ"
ဒါတောင် ဖျားပြုမသေဘဲ အကောင်းတိုင်းရှိနေတာ အံ့သြပါရဲ့...၊ဆင်းရဲတဲ့ကလေးတွေ ရေစိမ်ခံလို့ ပြောတတ်ကြတာတောင် သတိရမိသွားသည်။
ထိုစဉ် ကေလးက သူ့မျက်စိရှေ့ရောက်လာပြီ အားကိုးတကြီမော့ကြည့်လာသည်။
ရှောင်းကျန့် တွန့်ကနဲ့ဖြစ်သွားသည်။ မျက်နှာအောက်မှာမို့ငုံ့ကြည့်လိုက်တော့ လောင်ကျုံ ဆိုတဲ့ချာတိတ်လေးက မျက်ခုံးအုပ်လုလု ဆံမြိတ်ပါးပါးလေးနှင့် လုံးဝန်းနေသည့် မျက်နှာလေးက တဝက်လောက်ပဲပေါ်သည်။ အသားညိုညက်ညက်လေးနှင့်ကလေးက တော်တော်အဖြစ်ဆိုးနေတာ...
"ဒီအိုးကြီး ရေထဲရောက်လာတာလဲ သားမသိဘူး"
"မင်းကို တစ်ယောက်ယောက်က အိုးထဲထည့်မျှောလိုက်တယ်လို့ပြောချင်တာလား တော်တော်လာတဲ့ကောင်"
လောင်ကျုံက အိုးကိုပြန်ကြည့်လိုက်ပြီးမှ...
"သားက ရေထဲမှာ ဒီအိုးကြီးနဲ့ မျောလာတာလား"
"ဟား....."
"သားတို့ရွာက ဘယ်မှာကျန်ခဲ့တာလဲဟင်"
မင်းကို အိမ်တိုင်ရာရောက်လိုက်ပို့မယ်ထင်နေတာလား"
"သားက အိမ်မပြန်ချင်ဘူး ဦးကြီးကိုကြောင်တယ်"
ပြောနေရင်း ငိုသံလေးပါလာသည်။
"ရောထဲထဲမျောပါလာတာဆိုရင် အဝေးကြီးရောက်လာပြီဆိုတော့ ပျော်လို့ပါ. သားကို ကောနဲ့ခေါ်သွားပါနော်၊ သား ရေခပ်နိုင်တယ်.ထမင်းလည်းချက်တတ်တယ်. တောထဲလည်းထင်းရှာနိုင်ပါတယ် ကော ခိုင်းတာအားလုံးလုပ်ပါမယ်"
မင်းတော့ သေသင့်နေပြီ ရှောင်း..၊
စိတ်ညစ်တာပြစရာမရှိတော့...၊ ဒေါသထွက်တိုင်းအော်ထုတ်ရအောင်ရလည်း မျက်ရည်လည်ရွဲနဲ့ ကလေးတစ်ယောက်...
"မင်းကို ခိုင်းချင်တာခိုင်းလို့ရအောင် ပြန်ကျွေးရမယ့် ထမင်းဟင်းက ဘယ်မှာလဲ..၊ ငါ့ကိုယ်ငါတောင် တစ်ယောက်တည်း မတ်တပ်အိပ်နေရတာ ရှိရင်စားတယ်. မရှိရင်မစားဘူး. ရပ်ရွာထဲ ငါ့ထက်မွဲတဲ့ကောင်မရှိတာကို မင်းကလိုက်ပါရစေနဲ့.."
"သား ကော နေသလိုနေမှာပါ မစားရရင်လည်း မပူပါဘူး.အိမ်မှာလည်း ဦးကြီးမရှိမှ ထမင်းစားရတာ..မား ကလည်...."
ကလေးပေမယ့် ကြေကွဲတတ်ပုံပေါ်ကာ ပြောနေရင်းအသံလေးကတိမ်ဝင်သွားသည်။
"သားကို ခေါ်သွားပါနော်"
"ဟား...ဒီကောင်"
"သား...လူတွေကိုကြောက်လို့ပါ တော်ကြာ သားကိုပြန်ပို့ကြရင် ဦးကြီးကပိုရိုက်မှာ သားကိုရိုက်ထားတာတွေ ကော ကြည့်"
အကြႌစုတျလေးကြောျလှနျပွတော့ ကျောပြင်သေးသေးထက် အပူလောင်ကွက်တွေလား ဘာမှန်းတောင်မသိနိုင်သည့် ညိုရဲဖောင်းကြွနေသော ဒဏ်ရာတွေပြည့်နေသည်။
"ဒါတွေ မင်းကို ဘယ်သူရိုက်တာလဲ"
"ဦးကြီး ရိုက်တာ"
"မင်းမားက ဘာမွမပြောဘူးလား"
"ဟင့်အင်း"
ကိုယ့်ထက်ဆိုးတဲ့ ဘဝတစ္ခုကို ထူးဆန်းစွာတွေ့ရခြင်းပါလား...၊
"ငါ မင်းကို ခေါ်မသွားနိုင်ဘူး"
"ကော မိန်းမ ဆူမှာစိုးလို့လားဟင်"
"အဲဒါ မင်းကိစ္စ မဟုတ်ပါဘူး" (အေးလေ မိန်းမရှိစရာလားနော့)
ဒီတစ်ခါလှည့်မကြည့်စတမ်း ထွက်လာခဲ့သည်။
အနောက်မှာ တိတ်ဆိတ်နေပေမယ့် ဒီကောင်လေး ပါလာပြီကိုစိတ်ကသိနေသည်။
သနားရမယ့်အစားဘဒေါသနှင့် တောက်ခေါက်မိသည်။
"မင်းတော့ တွေ့မယ်"
ငါက ရှောင်းကျန့် ..မင်းက လောင်ကျုံ ...၊
စားစရာတောင်မရှိတဲ့လူတွေကို ဘာကိုအရွဲ ့တိုက်ပြီးပေးခဲ့ကြတဲ့ နာမည်တွေလဲ...၊
ပြောပြန်ရင်လည်း မကောင်း....။*************
OK, ဒီ ကေလးက ခေါင်းစဉ်ထဲက Kid လေးပါ. main တစ်ယောက်ဆိုလည်းမမှားပါဘူးနော်.
ပြောချင်တာလေးက ကလေးနာမည်ထဲက ကျုံက သူဌေး CEO ကိုခေါ်တဲ့ အသံထွက်ကိုယူထားတာပါနော်.မှားရင်လာပြောပါဗျ.
ရှောင်း က ကလေးကိုပြောနေတာတွေကို အထင်မလွဲကြနဲ့နော်.သူက ကိုယ်ချင်းစာလို့ဒေါသထွက်တာပါနော်.သူပြောသလိုပဲ သူကဆင်းရဲတယ်.ထပ်ပြီးပြောရရင် ရှောင်းက ဂျစ်တစ်တစ် ဘုကလန့်နေတတ်သူဖြစ်လို့ ကလေးနဲ့အဆင်အပြေဖြစ်နိုင်လို့လဲ သူကလက်မခံချင်တာပါနော်.
ကိုယ္မစာဘူး ကလေးတစ်ယောက်ကို စတဲ့မန့်တွေလာမန့်ရင်သီးခံမယ်မထင်ပါနဲ့နော်.ကျနော်က လက်တလောကျန်းမာရေးပြဿနာလေးတွေရှိနေတာဖြစ်လို့ ဒေါသထွက်လွယ်နေပါတယ်လို့.။ ။ ။
See You Soon.
YOU ARE READING
You, Me and Kid
عاطفيةမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...