Part - 8 (unicode )

66 9 0
                                    


"ရှောင်း ရေ...."
"ကော ထမငး်စားရအောင်လေ"
ကားသမားတွေနှင့် စကားပြောနေတုန်း လှည့်ကြည့်လိုက်တော့ လောင်ကျုံ နှင့် ပေါက်စီလေး....။
"ကော ပြန်မလာလို့ သားတို့ လိုက္လာတာ "
" ခင်ဗျားက ထမင်းစားချိန်ထိ ဘာလုပ်နေတာလဲ ဒီမွာ "
ပြဿနာပါလား....၊
ဒေါသဖြစ်ချိန်တောင်မရပဲ ရှောင်း ခေါင်းနပန်းကြီးသွားသည်။ လောင်ကျုံက ရှောင်း မျက်နှာပျက်သွားတာနှင့် ချက်ချင်းရိပ်မိကာ...
" လာခဲ့မယ်တဲ့ သားတို့ ပြန်နှင့်ရအောင် "
" ခင်ဗျား အခု လာခဲ့နော် "
လောင်ကျုံ ဆွဲခေါ်ပေမယ့် ကောင်လေးက လည်ပင်းလိမ်၍ သေချာမှာသွားသေးသည်။
" ဟား...ဟား..ဟား..."
" ဘာရယ္တာလဲ မင်းက"
"ဟား...ဟား..ဟား...ရယ်စရာမို့လို့ပေါ့ကွ "
ခင်နေသည့် သူငယ်ချင်းတွေက သူ့ မျက်နှာပျက်လေ ရယ်လေ....။
" မင်း ဘာပြောနေနေ အားလုံးက သဘာဝကျနေတာပဲ ရှောင်းရာ..."
"အေးလေ ကြည့်ရတာ အစတည်းက ခေါက်ရိုးကျိုးပြီးသားကို "
" ကောင်လေးက ရူးနေတာကွ လျှောက်ပြောမနေနဲ့ "
" ရူးနေပေမယ့် လန်းတယ်နော် မမြင်ချင်ယောင်ဆောင်မနေနဲ့ "
" ဟုတ်တယ် မင်းရဲ့ကောင်လေးက ဘယ်ကလာမှန်းမသိရင်တောင် တောင်ပံကျိုးပြီးကျလာတဲ့ ငှက်ကလေးတစ်ကောင်တော့ မဖြစ်နိုင်ဘူး "
ဆယ့်တစ်နာရီဆိုတဲ့ နေရောင်က မိုးသားထူနေသဖြင့် လင်းလက်ပူလောင်ခွင့်မသာ ၊ သူ အချိန်ကို မေ့လျော့ကာ အိမ်ပြန်ချိန် ခြေတစ်လှမ်းနောက်ကျသွားသဖြင့် သူငယ်ချင်းတွေ ပြောလို့မဆုံး မေးလို့မဆုံး ဖြစ်လာတာကြောင့် စိတ်ထဲနောင်တရမိသည်။
ရန်ကျူနဲ့ ဟောင်ချီ ကေတာ့ ဂိတ်ထဲမှာ လှဲနေရာကနေ ထထိုင်လိုက်ခြင်းသို့ရောက်လျက်....
" သူ့ နာမည် သူ ဘာမှမပြောဘူးလား"
" မေးပါတယ် ဘာမှန်းမှမသိတာ အစကေတာ့ ကောင်လေးလို့ ခေါ်ကြသေးတယ် နောက်မှ သူ့ပုံစံကိုကြည့်ပြီး ပေါက်စီလေး လို့ပြောင်းသွားတာ "
" ပေါက်စီလေး ဆိုရင် သူ့ကိုခေါ်မှန်းတော့ သိတယ်ပေါ့ "
" သိနေပြီ "
" မင်းကို သိနေတာတော့ သေချာတယ် သူ့ ယောကျာ်းလိုမျိုး "(လှော်တာက ငါ့အတိုင်းပဲ)
" ဟောင်ချီ"
" မင်းကလည်း နာစရာမရှိတာကို"
"ဘာကြ "
" ဘယ်သူမှလည်း မရှိပါဘူး ဂိတ်ထဲမှာ ငါတို့ပဲရှိတာ"
" နောက်ပြီး မင်း တစ်ယောက်တည်းတုန်းက မင်းကိုယ်တိုင်က လက်ကြောတင်းခဲ့လို့လား အခု မင်းလည်း လုပ်တယ် ၊ အလုပ်ကလည်း အဆင်သင့် လူမလာတောင် လိုက်ခေါ်ရတာ ဒါ မင်းနဲ့ သူတို့ရဲ့ ကံစပ်ခြင်းသဘော..."
မင်ကော ပြောသလို တလေသံတည်းပါလား....။
" ကောင်လေးက ရူးနေလို့ မင်းက ခါခ်နေတာလား ရှောင်း"
"ဟာကြာ မင်းတို့ကောင်တွေ တကယ်ပါပဲ"
"မေးတာကို ဖြေစမ်းပါ"
" သူ့ဟာသူ ဘာပြောမမှန်း ဘာလုပ်မိမှန်းတောင် မသိတဲ့ဟာကို"
"မင်းကိုတော့ သိနေတယ်လေ မင်ကောတို့လင်မယား ဘယ္လိုခေါ်ခေါ်. မလိုက္ဘူးဆို"
"အေးလေ ထိပ်ပြောင်ကြီးတို့အိမ်ကနေ အချိန်မတော် ထပြေးပြီး မင်းဆီကို..."
"တော်တော့ကွာ ငါပြန်မယ်"
"အံမယ် ဒီလိုရမလား"
ပြန်မယ်ဆိုတော့ ဆွဲထားကြပြန်ကာ....
" ကောင်လေးက သန့်တယ်နော် ယောကျာ်းလေး ဆိုပေမယ့် နုနုဖက်ဖက်ရှင်းရှင်းသန့်သန့်လေး"
နည်းနည်းတော့ အံ့သြချင်နေပါပြီ။ သူကိုယ်တိုင် သတိမထားမိတဲ့ ကောင်လေး ပုံရိပ်တွေအပေါ် လူတွေ ဘာလို့ဒီလောက်ဂရုစိုက်နေကြတာလဲ..။(ငါ့သားဖြစ်လို့)
သူနဲ့တူမနေတာ အဲဒါတွေကြောင့်.၊ပေါက်စီလေးကို မြင်တိုင်း စိတ္တိုနေတာ ဒီလိုလူတွေကြောင့်.....။
စိတ်မမှန်တဲ့ ကောင်လေးပါလားလို့ တွေးကြတာမဟုတ်ပဲ သူနဲ့ကိုယ့်ကို ဟိုလိုပြော ဒီလိုပြော....
ပြောပါစေဆိုပြီးနေရအောင်က ကိုယ့်ကို ဘာကောင် ညာကောင်လို့ ထိပါးစော်ကားကဲ့ရဲ့တာတွေကိုတော့ ဥပက္ခာမထားလိုက်နိုင်ပါ....။
"အခုပဲ မင်းမှာ အိမ္ကို ပြန်ချဲ့ဆောက်ရတယ် ပြင်ရတယ် မိုးလင်းတာနဲ့ ဈေးဖိုးလိုက်တောင်းတဲ့သူနဲ့ ထမင်းစားဖို့ခေါ်ရတာနဲ့ "
"ဟိတ်ကောင် အိမ်ပြင်တာ ဘာမွကုန္တာမဟုတ္ဘူး ထရံစုတ်တွေ ပျဉ်တွေ အပုံလိုက်.."
"အခုလည်း မင်း ဘာမှမကုန်ပါဘူး ငါတို့ရှိတယ် ရပ်ရွာလူကြီးတွေ ရှိတယ် ဘာဖြစ်လဲကွ"
"ရန်ကျူနော် မင်းတို့နဲ့ငါ မိတ်ဆွေသူငယ်ချင်း စာရင်းပြက်တော့မယ်"
"မင်းကလဲ ရင်းနှီးတဲ့ယောကျာ်းလေးချင်း မဖြယ္မရာပြောတာကို ရိုင်းတယ် မထင်နဲ့လေ ငါတို့က အကောင်းပြောတာ ဒီတစ်ရွာလုံးရှာကြည့်လိုက်အုန်း ဒီလိုကောင်လေးမျိုး"
"သူ့လို ရူးနေတဲ့ ကောင်လေးမျိုး တစ်ယောက်မှမရှိဘူး ရန်ကျူ... အားနည်းသူကို ညှာတာရမယ် ငါ ဒီကောင်လေးကို အရေးမပေးဘဲ ဆူငေါက်ဆက်ဆံနေတာလည်း ရူးနေလို့ နှိမ့်ခ်နေတာ မဟုတ္ဘူး သူ့ကို မြင်တိုင်း နှိမ့်ချကဲ့ရဲ့နေကြလို့ ဟိုလိုဒီလိုပြောတာတွေကို မခံနိုင်တာ ဒုက္ခရောက်နေတဲ့သူကို ဘာမသိ ညာမသိနဲ့ ငါက ကြံစည်စရာလား"
" မဟုတ္ဘူးလေ ငါတို့က မယားမှတ်မှတ် သားမှတ်မှတ် လက်ထပ်ယူလိုက်ဖို့ ပြောနေတာ တစ်ယောက်တည်း ကြုံသလို က်သလို အထီးကျန်နေလာခဲ့ရတဲ့ မင်း ဘဝကို စိုပြေသ်ားစေချင်လို့ လောင်ကျုံဆိုတဲ့ ကလေးကလည်း လိ်မ်လိမ်မာမာနဲ့ ခ်စ္စရာလေး"
" တော်တော့ကွာ..."
" ရှောင်း ရေ..."
သူ ထရပ်လိုက်တာနှင့် ပေါက်စီလေးက ဂိတ်ရှိရာသို့ လျှောက်လာပြီ ဖြစ်သည်။
စိတ်တိုလာသည့်အရှိန်နှင့် ရှောင်း ကောင်လေး လက်မောင်းလေးကို ဆက်ကနဲ့ဆောင့်ဆွဲလာခဲ့ပြီး....
"ဘာလို့ ခဏခဏ လာနေတာလဲ ဘယ္သူက လာခေါ်ပါပြောထားလို့လဲ ခင်ဗျားကို"
" ထမင်းစားမလို့လေ "
" မင်း ပါးစပ်နဲ့ မင်းစားတာ ငါက ကူဝါးမေးမှာမို့လို့လား "
" ဖယ်ပေးစမ်းပါ "
ပေါက်စီလေးက မျက်နှာပေါ်ပြိုဆင်းနေသည့် ဆံပင်လေးတွေ ခါထြက္သြားအောင် မော့၍လက်ကိုပါ ရုန်းပစ်လိုက်ကာ...
" မသိဘူး  ထမင်းစားတယ်ဆိုတာ လူစုံမှဝိုင်းဖွဲ့စာူကြတာပဲ သိတယ် မားမားဆိုရင် ပါးပါး မပါပဲ ဘယ်တော့မှ ထမင်းဝိုင်းထဲဝင်မထိုင်ဘူး "
" ဘာ.."
ရှောင်း ခြေလှမ်းတွေ ရပ်သွားကာ....
" မင်း ပါးပါးနဲ့ မားမားက ဘယ်မှာလဲ "
" ဘယ်လိုလုပ် သိမွာလဲ "
ပေါက်စီလေး ပုံစံက ကိုယ့်ပါးစပ်ထဲ ဘယ္လိုစကားတွေပြောလိုက်မိမှန်း သိပုံမပေါ်...၊
" မင်းကိုယ်မင်း ဘယ်အရပ်ကလာတယ်ဆိုတာ နည်းနည်းပါးပါး စဉ်းစားလို့မရဘူးလား "
" လာပြန်ပြီ ခင်ဗ်ား သူမ်ားလက္ကို ဒရွက်တိုက်ဆွဲပြီး ရေထဲပြန်လွှတ်ဦးမလို့လား.."
" ဒါက်တော့ သတိရသားပဲ "
" ဘာလို့ သတိမရရမွာလဲ လူကို အရူးများ မှတ်နေလား ခင်ဗ်ား ဒီလိုရိုက်ချတာ.."
" ဟာ...ဟေ့..."
ပေါက်စီလေးက ကိုယ့်ဇတ်ပိုးကိုယ်ရိုက်ပြကာ ရှေ့သို့ငိုက်ဆင်းသွားသည်။ ဘေးက လမ်းသွားလမ်းလာတချို့က လှည့်ကြည့်ပြီးရယ်သွားကြသဖြင့် ပြောင်းလဲသွားသည့် စိတ္က စိတ်တိုခြင်းဆီပြန်ရောက်လာပြန်သည်။
မောင်မင်းကြီးသားလေးက ဒါကိုပြန်ပြောမိတိုင်း ဇတ်ပိုးအုပ်ခံရသည့် အျဖစ္က မပါမဖြစ်။ စိတ္က တောင်စဉ်ရေမရ ဖြစ်နေတာမျိုးမဟုတ်ပဲ တစ်ခုခုကိုစွဲမိပြီဆို ဒါမွဒါ ဖြစ်နေတာမျိုး....။
" စကားပြောရင် တိုးတိုးပြော အက်ရှင်တွေ မပါနဲ့...ခင်ဗ်ားကို ဝိုင်းကြည့်နေတာတွေ့လား "
" က်နော့်ကို ကြည့်တာမဟုတ်ဘူး ခင်ဗ်ားကို ကြည့်တာ "
" ဘာရယ်.."
" ဟုတ်တယ် ခင်ဗ်ားပဲ က်နော့်ကို အတင်းလက်ဆွဲ အတင်းဆူ ခင်ဗ်ားကို အရူးထင်လို့ ကြည့်တာ "
နှုတ်ခမ်းလေးကို လုံးနေအောင်ထော်ပြီး မဲ့ရွဲ့ပြောနေတာ တခွန်းမှမခံ....၊ သူ့ ဒေါသတွေ ထူးဆန်းစွာပြေကျလျက် ရယ်ချင်သွားသည်။ ထိုစဉ်.....
" ရှောင်း.."
ဆိုင်ကယ်လ်တစ်စီးက ရှောင်းရဲ့ ဘေးမှာ အရှိန်လျှော့ပြီးစက်ရပ်ကာ ဆိုင်ကယ်လ်ပေါ်မှ လူက ပေါက်စီလေးကိုပါ လှမ်းကြည့်ပြီး....
" မင်းကိုငါ အလုပ်ကောင်းကောင်းတစ်ခု ပေးချင်လို့ "
" ဘာလဲ မော့ကော"
" ပေဂျင်းကို တစ်ခေါက်လောက် မသွားချင်ဘူးလား"
ရှောင်း မျက်မှောင်ကုတ်သွားသည်။ အရုပ်သည်နောက် လည်ပင်းလေးလိမ်အောင် လိုက်ကြည့်ရင်း ပြေးလိုက်တော့မလို ဖြစ်နေသည့် ပေါက်စီလေး လက်ကိုလည်း ဖမ်းဆွဲထားရသေးသည်။
လမ်းမဘေးမှာ ကောင်လေးကို သတိထားမိပြီး လှမ်းကြည့်နေကြသည့် မျက်လုံးတွေကို သတိထားမိ၍ ဖြစ်သည်။
လူတွေရှေ့မှာ ဗရမ်းဗတာပြေးလွှားနေလျှင် ခေါင်းကြိမ်းရမှာက သူ..၊
" ပေဂျင်းကို ဘာကိစ္စလဲ "
" ညနေ အိမ္လာခဲ့ကြာ မင်း စိတ်ဝင်စားရင်.."
" စိတ်ဝင်စားပါတယ် က်နော်တောင် ပေဂျင်းသွားမလို့ စဉ်းစားနေတာ"
" အေး ဒါဆို အဆင်အပြေတာပေါ့ လာသာ လာခဲ့ကြာ"
လို့ပြောရင်း ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ ပြီးတော့ သူတို့ကို ဝေ့ကြည့်ပြီး ရယ္ကာ..
" သတင်းတော့ ကြားသားပဲ မင်းက မဆိုးဘူးပဲကြ "
သူ ဘာမှပြန်ပြောချိန် မရလိုက်ခင် မော့ကောက မောင်းထွက်သွားသည်။ သူ့မှာသာ မောငျမငျးကွိီးသားကို အကြိတ်အနယ်ဆွဲနေရတုန်း.....။
" ရှောင်း..."
" ဘာလဲ သွားမယ်..."
" ဟိုမွာ ခွေးရုပ်လေး မလွဘူးလား"
" မလွဘူး"
" မလှရင် ဝယ်ပေးပါလားဟင်..."
" ဟား...."
ပြဿနာတော်တော်ရှာတဲ့ ဟာလေးပါလားကွာ....
" သြားတောင်းလို့ မပြောနဲ့နော်...ဒီတစ်ခါ မရတော့ဘူး "
" တောင်းလို့မရမှန်းသိရင် ငါ့မွာ ပိုက်ဆံမရှိမှန်းလည်း မင်း သိရမွာပေါ့ "
" ပိုက်ဆံမရှိရင် ခင်ဗ်ား သြားတောင်းပါလား "
" ဘာ..."
" ဒီက တောင်းရင် ပေးမှမပေးကြတာ ခင်ဗ်ားကိုဆို...."
" ပေးကြတယ်ပေါ့...ငါက ဒီလိုပဲ တောင်းစားနေတဲ့ ကောင်ပေါ့"
" အာ...အော်လိုက်တာ အရမ်းပဲ "
သူကပဲ လက်ခါ ခေါင်းခါ နှင့် ရှုံ ့မဲ့သွားလျက်.....
" သူမ်ားက်တော့ တိုးတိုးပြော တိုးတိုးပြောနဲ့ သူ့ကျတော့ ကျယ်လိုက်တဲ့ လေလုံး...လူကသေးသေး အလုံးက ကြီးကြီး..."
" မင်း..."
" ခစ်...ခစ်..."
လောင်ကျုံကို ရှောင်း ဆူတဲ့အတိုင်း ပုံစံတူအောင်ပြောကာ အကြႌလညျပငျးနှဈစကိိုကိုငျ၍ ရယ်နေသေးသည်။ လိုချင်တဲ့ အရုပ်ကိစ္စလည်း သတိမရတော့.....။
ဆံပင်ရှည်လေးနှင့် မျက်နှာဖြူနုနုလေးသည် တအားရယ်နေပြီး ခေါင်းလေးမော့လိုက် ငုံ့လိုက်လုပ်နေသည့်ထဲ ဖြူစင်မှုလေးတွေကို မြင်နေရကာ ရှောင်း ဒေါသတွေ တဖြုတ်ဖြုတ်ကြွေကုန်သည်။
တစ်ခါတစ်လေ ပေါက်စီလေးကို ကြည့်နေမိရင်း ပစ်လိုက်ဖို့ နှင်လွှတ်လိုက်ဖို့ ကြံစည်မိသည်ကို ကိုယ့်ကိုကိုယ်ပဲ ရှက်မိသလိုလို အားနာသလိုလို....၊
တစ်ခါတစ်လေကျတော့လည်း ပစ်လို့မရ နှင်လွှတ်လို့ မဖြစ်နိုင် ငြိတွယ်လာသည့် အခြေအနေ ၊
ပတ်ဝန်းကျင်အားလုံးအပေါ် မကျေနပ်စိတ်တွေဖြစ်မိသည်။
အခုချိန်ထိတော့ သူ့ လက္ကလေးကို ဆုပ်ကိုင်ထားမိတုန်း...။



***********
see you soon.❤💚

You, Me and KidWhere stories live. Discover now