Part-6 (unicode)

92 12 1
                                    

ဒီအရူးလေးကို ပတ်ဝန်းကျင်ကစောင့်ရှောက်ကြဖို့ လက်ခံလိုက်တဲ့အထဲမှာ မင်ကောတို့လင်မယားက ခေါင်းဆောင်..
"ငါတို့ အိမ်မှာလည်းနေလို့ရတာပဲ ငါ့တူလေးနဲ့ ရွယ်တူလောက်ပဲဟာ"
"ထိပ်ပြောင်ကြီး တူက ဖြူဖြူနုနုလေးဆိုတော့...ဟီး.."
"အံမာ...ဒီမဲမဲသဲသဲ တူလေးက ဘယ်လောက်စိတ်ရင်းကောင်းတယ်မှတ်လဲ ရွယ်တူတွေ အိမ်မှာရှိတော့ စားဖို့တင့မကဘူး ဝတ်ဖို့်လည်း ပူစရာမလိုတော့ဘူး ဘာလိုသေးလဲ"
"ကျမတို့ဆီမှာလည်း နေလို့ရပါတယ် ပဲစက်လည်းရှိတော့ မိသားစုလို ဝိုင်းလုပ် ဝိုင်းစားပေါ့. သားတွေကလည်း အလယ်တန်းကျောင်းသားပဲရှိသေးတာ ကောင်လေးကလည်း ဖြူဖြူသေးသေးလေးဆိုတော့ အဖော်ရမှာပါ"
ခေါင်းရင်းခြေရင်းသာမက နှစ်အိမ်ကျော်က မင်ကောတို့လင်မယားကပါ လိုလားနေကြသည်မို့ ကောင်လေးကိစ္စဆွေးနွေးရင်း နာမည်မေးမနေကြတော့ပဲ ဖြူဖြူဖွေးဖွေးလေးဖြစ်နေသည့်အပြင် ပါးလေးကပါ ဖောင်းဖောင်းလေးမို့ ပေါက်စီလေး လို့ပဲ သတ်မှတ်လိုက်ကြသည်။
အားလုံးက အစီအစဉ်ဖြစ်နေကြပေမယ့် ဘယ်အစီအစဉ်ထဲမှာမှ မပါတာ ရှောင်း ပဲဖြစ်သည်။
"ကော...ကောကော က ဘယ်အိမ်မှာနေမှာလဲ"
"ဘယ်မှာနေနေ"
"သားတို့နဲ့ အတူမနေဘူးလားဟင် ကောကောက ချစ်စရာလေး ကောနဲ့ အတူတူအိပ်လဲရတာပဲဟာ "
"ဘာကြ "
လက်တောက်လောက်လူသားလေး အပြောကြောင့် ရှောင်း ဒေါသထွက်သွားသည်။ နေရင်းထိုင်ရင်းတောင် ခိုးလာတယ်ထင်နေကြတာကို တအိမ်ထဲနေပြီး တစ်ကုတင်ထဲ အတူအိပ်ပါက...၊
တိုပူးဝယ်ပြီးထွက်လာတော့ ရှောင်းနဲ့ လောင်ကျုံကို ကြည့်ပြီး အတင်းပြောနေကြတာ သိသိသာသာတမျိုး မသိမသာတဖုံ...၊
"တောက်..."
စိတ်တိုလွန်းလို့ ကွယ်ရာရောက်အောင်မစောင့်နိုင်ပဲ တက်ခေါက်ပစ်လိုက်သည်။
"ကိုယ့်ထမင်း ကိုယ္စားနေတာတောင် ကိုယ့ရှာတာကိုယ်စားပြီး ပါးစပ်အညောင်းခံတဲ့လူတွေကရှိသေားတယ်"
မိုးလေးဖွဲဖွဲကျနေတာကို သူတို့နှစ်ယောက်က ရေပြင်ကိုမြေပြင်အထင်နှင့် လျှောက်နေကြပြီး တစ်ယောက်က ဒေါသနှင့် တလွှားလွှားဖြစ်နေလျက် တစ်ယောက်က လိုက်နေရတာ အပြေးအလွှား....၊
"ခင်ဗျားတို့ကလည်း ကြာလိုက်တာ ဒီမွာ ဗိုက်ဆာလို့ကို"
ဒါသအရှိန်နှင့် လျှောက်လာသော ရှောင်းက မျက်နှာရှေ့ကိုဘွားခနဲရောက်လာသော ဆံနွယ်များကိုသေသပ်စွာ ဖီးပြင်ထားသည့် ထင်းလင်းနေသော မျက်နှာနုနုလေးကြောင့် ခြေလှမ်းတွေ တုံ့ခနဲရပ်သွားသည်။
"ဘာလိုက္လုပ္တာလဲ ခင်ဗျားက"
"ခင်ဗျားတို့ တိုပူးဆိုင်သွားတယ်ဆိုလို့.."
"အဲဒီတော့..."
"စောင့်နေတာကြာပြီလေ ဗိုက်ဆာလို့ပေါ့"
အလိုမက်သလိုပြောပြီး စူထော်လာသည့် ပန်းသွေးရောင်နှုတ်ခမ်းလေးကြောင့် ရှောင်း တံတွေးမြိုချမိသည်။
"ဟိုမွာ တိုပူးတွေ တစ်ဗန်းကြီး သြားတောင်းစား"
"တောင်းစားရမယ်..."
"ဟွန်း..."
နှုတ်ခမ်းကိုမဲ့ပြီး ပေါက်စီလေးကို ကွေ့ရှောင်လာခဲ့သည်။ လောင်ကျုံက ကြောင်တောင်တောင်လေးရပ်ကျန်ခဲ့ပြီးမှ သူ့နောက် ပြေးလိုက်လာကာ...
"ကော....ကော...ဟိုမွာ...ကောကော သြားတောင်းနေပြီ"
"မင်းပါ စားချင်လို့လား"
"ဟိုမွာ...လုယူနတောေ ကော...ခ်နေကြပြီ...ကောကော သနားပါတယ်.."
လောင်ကျုံက ရှောင်းကျန့် လက်ကိုဆွဲပြီး နောက်သို့လှည့်အောင် ကြိုးစားနေသည်။ နောက်က ဆူညံသံတွေကြောင့် ရှောင်းကျန့် ခြေလှမ်းများလည်း ရပ်တန့်သွားသည်။
"အဲဒီ ကောင်လေးနေမှာ ဒီမွာ မမြင်ဖူးဘူး"
"ရုပ်ကလေးက ချောချောလေးနဲ့ဟယ် စိတ်မမှန်ဘူး ထင်တယ်"
"ရူးနေတိုင်းရော သူများပစ္စည်း အလကားနှိုက်စားလို့ရမလား"
"ဖယ်ပါ...ဒီမွာ နှစ်ခုတည်းယူတာကို"
"နှစ်ခုလည်း နှစ်ခုဖိုးပေးရမယ် ဘယ်မှာလဲ ပိုက္ဆံ"
"ဟာ.အတင်းရုန်းနေတယ် လဲကျသွားအုံးမယ် လျန်မောင် ဝိုင်းဆွဲပါဦး အပြင်ကို ခေါ်ထုတ်သွား"
တိုပူးသည် အသံကြောင့် ယောကျာ်း မိန်းမတွေက ပေါက်စီလေး အနားကိုစည်းဝိုင်းတစ်ခုလို ကပ်လာသည်။ အခြေအနေက ဝိုင်းထိန်းဖို့ထက် ဖမ်းချုပ်ဖို့ထိဖြစ်လာကာ...၊
"အို...လူကို မဆွဲပါနဲ့"
ပေါက်စီလေးက ယောကျာ်းကြီးတွေ ထိကိုင်လာတော့ တိုပူးတုံးကို လွှတ်ချကာ အတင်းဖယ်ထုတ်ခါချသည်။
"ဖယ်ပေး...ဖယ်...တိုပူးလည်း မစားတော့ဘူး"
"မရဘူး မြေကြီးပေါ်ကျကုန်တာတွေအတွက် လျော်ပေး"
"ဘာလဲ...က်နော်မှ မယူတာ"
"ဟေ့...မင်း ဘယ်အိမ်ကလဲ"
"ကောင်းချီ ထိပ်ပြောင်ကြီး အိမ်မှာနေတယ်"
ရုတ်တရက်ပြန်ဖြေသူက ရှောင်းကျန့် ဖြစ်ကာ တို့မလို ဆြဲမလို မထိတထိ ဟန်ရေးပြခြောက်လှန့်နေသူရှေ့ကနေ ကောင်လေး ပုခုံးကို တွန်းထုတ်လိုက်သည်။
ပေါက်စီလေးက ယိမ်းယိုင်စွာနှင့် လူစည်းဝိုင်း၏ အပြင်သို့ရောက်သွားမှ....၊
"အရူး....အရူး ထပ္တလဲလဲ ပြောနေပြီးတော့ ခင်ဗျားကပါ အရူးကွက်နင်းချင်လို့လား"
"ရှောင်းကျန့်...."
"ဟုတ်တယ်...ရှောင်းကျန့်"
"မင်း ခိုးလာတယ္ဆိုတာ ဒီကောင်လေးလား...ဟား..ဟား"
အသားမည်းမည်း ကိုယ်လုံးတောင့်တောင့်နှင့် ဒီလူဟာ စုန့်မင်လို့ အမည်ရကာ ထော်လာဂျီဂိတ်မှာဆိုလည်း ရှောင်းနှင့် မျက်နှာချင်းဆိုင်မိတိုင်း ယခုလို ရန်စတတ်သူဖြစ်သည်။
"မင်းကွာ...နေစရာ စားစရာ မရှိပေမယ့် မင်းရုပ်လေးက မဆိုးပါဘူး ဘာပဲဖြစ်ဖြစ် အရူးထက်သာတာတော့ ရနိုင်ပါတယ်"
လောင်ကျုံက ပေါက်စီလေး လက္ကိုပြေးဆွဲကာ ရှောင်း လည်းဒီတိုင်းပြန်လှည့်ထွက်လိုက်ပြီးမှ စုန့်မင် စကားကြောင့် ခြေလှမ်းတွေရပ်သွားသည်။
"သြားမပြောနဲ့ အဲဒီကောင်လေးက ရိုင်းတယ်"
"အေးလေ ကိုယ့်ရပ်ကိုယ့်ရွာမှာဆို အရူးကတောင်ယူမှာ မဟုတ္ဘူး ဒါလေးကို ဘယ္ကဘယ္လို ရအောင်သွားယူလာလဲမှ မသိတာ.."
ခြေထောက်တဖက်က ရွေ့သ်ားသည်။ ဒါပေမယ့် ကိုယ္ကို လိုက်ပါမသွားမအောင် ထိန်းချုပ်ရင်း အံကြိတ်သည်။
ဒီလူတွေ မျက်လုံးထဲမှာ မင်းက ဒိီအတိုငျးပဲ ဟိတ်ကောင်..၊
လုပ္မနေနဲ့....
ကိုယ့်ကိုကိုယ် သံပတ်တင်း၍ဘနောက်ပြန်လှည့်ခဲ့သည်။ ခန္တီပါရမီနဲ့ ပြည့်စုံလွန်းလို့တော့မဟုတ်ပေမယ့် ဒီတစ်ခါ ပြဿနာတက်လျှင် သူပဲ စ ၊ သူပဲ ရှုံးရမှာကိုမြင်၍ ဖြစ်သည်။
ဒါတွေဖြစ်လာခဲ့တဲ့ အကြောင်းအရင်းက ဟိုကောင်လေးကြောင့်....၊
ဒေါသဖြစ်လေ လူတွေရယ်လေ ဖြစ်ကုန်လျှင် သူ့လက်သီးမှာ မုန်တိုင်းထန်သွားရင်တောင် အရှက်ပြေရမည့် အကြောင်းအရင်းကိုရှာတွေ့ဖို့ မမြင်...၊
"ဘယ်ရမလဲ...သူက မင်းသားလေ...ဟွန့်"
ခံရခက်နေတာတွေကြောင့် အံကြိတ်မပြေခင် သူ့နောက်ကနေထွက်လာသည့် စကားသံကြောင့် လောင်ကျုံနှင့် ပေါက်စီလေး ကပ်ပါလာသည်ကို သတိရသြားစေသည်။
"ကြည့်ပါလား ရုပ်ကြီးကိုက လူကြမ်းရုပ်ကြီး ကို"
"ကောက ချောတယ်နော်"
"အေးလေ...ဆံပင်ကြီးတွေက ညဘက္ဆို သရဲနဲ့တူတစ်ခုပဲ ရုပ်လေးက ချောတောမောတောလေးပါ"
"ဟိ....ဟိ"
လောင်ကျုံက အရိပ်သုံးပါးနားလည်စွာ အသံမထြက်အောင် ထိန်းရယ်သည်။ ဒါပေမယ့် ဟိ.ဟိ..အသံကိုကြားရတာ ပို၍နားကြားပြင်းကပ်စေသည်။
"လောင်ကျုံ"
"ဗ်ာ"
"ငါကရော အရူးနဲ့တူနေလို့လား...ကြည့်ပါဦး"
"မတူပါဘူး....ကောကောက လှတယ်"
"အေးလေ...လူတွေကနော် ကိုယ့်မျက်နှာကိုတော့ပြန်မကြည့်ကြဘူး ကဲ့ရဲ့ဖို့ပဲ၊ ဒီမွာ ရှောင်းက နားထောင်နေတာ အကောင်းမှတ်လို့"
ရှေ့သို့ပြေးတက်လာပြီး သူ့ဘေးနာမှာ ရပ်၍ မျက်နှာကို မော့ကြည့်ကာ....
"ဒီရှေ့မှာ ဆံပင်မရှိတဲ့ လူကြီးကလေ..."
ထိပ်ပြောင်ကြီကို နာမည်မမှတ်မိသေးဘူးထင်သည်။ သူ့ရဲ့ ထိပ်ဦးလေးကို ပုတ်ပြကာ....
"အဲ လူကြီးက သူ့အိမ်မှာနေတဲ့၊ က်နော်က မနေဘူးလို့ပြောလိုက်တယ်၊ ဘာလို့နေရမှာလဲ နော်....က်နော်က ခင်ဗျားနဲ့ ပဲ အား....."
လက်ကောက်ဝတ်လေးကို ဆောင့်ဆွဲပစ်လိုက်သဖြင့် သူ့ရှေ့ကို ကိုယ်လေးငိုက်ဆင်းသွားကာ နာကျင်သံလေးထွက်လာသည်။
"ဘာလုပ္တာလဲ..နာလိုက္တာ..အား...မား..."
မေးတာကို မဖြေသည့်အပြင် ဒီတိုင်း တလွှားလွှားဆွဲခေါ်သွားသဖြင့် ပေါက်စီလေးခမျာ ဒရောသောပါး ပါသြားကာ ရှောင်း ကိုယ်နှင့် ပစ်တိုက်မိလိုက် ဖြစ်နေသည်။
"ကော...ဘယ်သွားမလို့လဲ"
လောင်ကျုံ မျက်လုံးပြူးကာ နောက်ကနေပြေးလိုက်လာသည်။ လမ်းပေါ်ကနေ ချိုးကွေ့ပြီး နောက်ထပ်တစ်ကွေ့ကို ထပ်ကွေ့လိုက်တာနှင့် ချောင်းကြီးဘက်ကိုဆင်းသည့် လမ်းကျဉ်းလေး...၊ မိုးရွာထားသော်လည်း ဖုန္ထနေသည်။
"လူကြီး.....ခင်ဗျားကြီး...သူမ်ားကိုပဲ ခဏ ခဏ ဆွဲထုတ်နေတယ် ဒီက သည်းခံနေလို့....အ...၊ အကောင်းမှတ်နေလား...ဒီတစ်ခါဆို ပြန်ချမှာ...တကယ်ပြောတာ..အား..."
ရှောင်း ခြေစုံရပ်လိုက်တာနှင့် ပေါက်စီလေးက လက္ကိုဆောင့်ရုန်းကာ နေရာမှာပဲ ဆောင့်ကြောင့်ထိုင်ခကာ ဗြဲခနဲငိုတော့သည်။
"ခင်ဗျားကို မားနဲ့ တိုင်မယ် သိလား...ပါးနဲ့လည်း တိုင်မယ်..ဟင့်....အဖိုးရော အဖြားရော ရေထဲမှာတွေ့ခဲ့တဲ့ လူသေကောင်ကြီးနဲ့ရော တိုင်မယ်....အီး....ဟီး...ဒီမွာ က်နော့်ခြေထောက်တွေ သွေးထွက်သလို....ဟင့်....ခင်ဗျား ခြေထောက်ကိုလည်း...အင့်...အုတ်ခဲနဲ့ ထုမွာ...အဟင့်.အီး.."
နှပ်ညှစ်လိုက်...ပြောလိုက်နှင့် ထိုလက်နဲ့ပဲ ဆံပင်ကို သပ်ရသေးသည်။ ထို့နောက် ဆက္ခနဲ ခုန္ထလိုက္ကာ....
"ခင်ဗျားနဲ့ က်နော် ချမယ်...လာ..."
ရှောင်း ရင်ဘတ်ကို ဆောင့်တွန်းပြီ ခြေချဲရပ်ကာ စိန်ခေါ်သည်။ ရှောင်းက မျက်မှောင်ကုတ်ကြည့်နေသဖြင့် ရှေ့တိုးကာ လက်မောင်းတစ်ဖက်ကို တွန်းပြန်ကာ...
"လာလေ....ချမယ်"
"တောက်..."
"အား..."
ရှောင်း ပေါက်စီလေးလက်ကို ကျောနောက်မှာ လိမ္ကပ္ထားလိုက္ကာ....
"မင်းက ဘယ္ကလာတာလဲ ပြောစမ်း...အရူးဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သိကိုသိရမယ်၊ မသိဘူးလို့ ထပ်ဖြေကြည့်"
"မသိ.....အား...သေပါပြီ"
"ကောကလည်း....ကောကောက ခေါင်းမှမကောင်းတာ တကယ်မသိလို့နေမှာပေါ့"
"ဟုတ်တယ်...ဟုတ်တယ်....လောင်ကျုံ ပြောလိုက်၊ ငါ့ခေါင်းမှာ ဒဏ်ရာရှိတယ်လို့ ဒီနားမှာလို့"
ပြောပြီး ခေါင်းကိုလှည့်ပြသည်။ ဆံပင်ဂုတ်ကျော်ကျော်လေးကို ဒီတိုင်းချထားတာကြောင့် ကောင်လေးက ဆံပင်တွေကို ခါသြားအောင်နောက်လှည့်ပြသည်။ ခေါင်းအနောက်ဘက်မှ စုလုံးနေသော နေရာလေးကို ရှောင်း သတိထားမိလိုက်သည်။
ဒါပေမယ့် သူ စိတ်မဝင်စားပေ ၊ ထိုကောင်လေးကို လူစိမ်းမှန်းသိလျက်နှင့် ဘယ္ကလာလဲ မမေး၊ ဘာဖြစ်လာလဲ မစူးစမ်းဘဲနှင့် ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ ကြိုးစားတဲ့ ပတ်ဝန်ကျင်ကိုလည်း မကျေနပ်..၊
တကယ်တမ်းတွေးကြည့်မယ်ဆို စောင့်ရှောက်သလိုလိုလိုနှင့် နာမည်ကြီးတော့ သူနှင့်...၊ ဒီလိုဖြစ်လာအောင် ဝိုင်းသမနေကြတာနှင့် မတူဘူးလား...၊
ပြီးတော့ ဒင်းကရော ဘာလဲ..၊
ရှောင်း အကြည့်တွေက မျက်နှာအောက်မှာ မော့မော့လေးဖြစ်နေသည့် ပေါက်စီလေး၏ နဖူးထိပ်လေးဆီဘး ရောက်သွားသည်။ ဘယ္သူခေါ်ခေါ်မလိုက်ပဲ လူတိုင်း မျက်စိဆံပင်မွှေးစူးနေသည့် သူ့ရဲ့တဲပုတ်လေးကိုမှ....
"ငါ ဘာလုပ်ရမလဲ နားလည်ပြီ မင်းကို ဒီကနေ ဘယ်မှသွားခွင့်မပေးတော့ဘူး"
"ဘာလဲ...ဘာလုပ်မလို့လဲ...လောင်ကျုံ ငါ့ကို ခေါ်ဦး.."
နောက်ထပ် ဒရွတ်တိုက်ပါသွားကာ လွန်ခဲ့သည့် နှစ်ရက်က သူ ငါးမျှားသည့်နေရာကိုရောက်မှ ရပ်လိုက်သည်။ ထင်သည့်အတိုင်း စဥ့်အိုးကြီးက ချုံထဲမှာ နွံတွေတစ်ဝက်နှစ်လျက်...၊စောင်းလျက်အတိုင်း ရှိနေဆဲ....၊
"လောင်ကျုံ"
"ခင်ဗျာ"
မင်းရဲ့ စဥ့်အိုးကြီး နွံထဲက သြားဖော်စမ်း"
"ဗ်ာ...."
"တောက်...သြားဆို...သြား"
ဘာလုပ်ဖို့မှန်းမသိပေမယ့် လောင်ကျုံ စဥ့်အိုးကြီးဆီ ပြေးသွားသည်။ ရေတွေလျှံတုန်းက ချုံထဲကိုတွန်းပို့ထားသလိုဖြစ်နေသဖြင့် ရေပြန်ကျသွားတော့ ချုံထဲမှာ နွံထဲနစ်ကာ အိုးခြမ်းပဲကြီးလိုမြင်လို့ပဲလား မသိ အိုးကြီးက ဒီတိုင်းရှိနေသည်။
"ကော...မရ.."
လှမ်းပြောမလို့ အသံကိုတင်၍လှည့်ကြည့်လိုက်သော်လည်း သတိလစ်ကာ ပျော့ခွေနေသော ကောကောကို ပွေ့ချီလိုက်သည့် ရှောင်း လှုပ်ရှားမှုကို မြင်ကာ....
"ကော..."
"မရှည့်နဲ့ ရအောင်ဆွဲတင်"
ကောင်လေးကို ပွေ့လာရင်း ကုန်းကမူပေါ်မှာ ခွေခွေလေး ခ်လိုက္ကာ...
"ဖယ်စမ်း ဒီလောက်တောင်အဖြစ်မရှိဘူး"
"ကော....ဘာလုပ်မလို့လဲ"
"မင်းလိုပဲ...အိုးထဲထည့်မျောမလို့လေ ဘာလဲ မင်းပါ လိုက်ချင်လို့လား"
"ဟာ...မဟုတ်ပါဘူး"
လောင်ကျုံ ကိုယ့်ကိုထိမှာစိုးတော့ လန့်သွားသည်။ ကောကောကိုလည်း သနားကာ မရဲတရဲနှင့်....၊
"ကောကော သနားပါတယ် ကောရယ်၊ ဘဘတို့ကို တိုင်ပြောလိုက်ရင် ကောကော သားတို့အိမ်မလာအောင် သူတို့ တားကြမှာပါ ရေထဲတော့ မမျောလိုက်ပါနဲ့နော်..."
"အံမာ လူက လက်သန်းလောက် ပြောတဲ့စကားက လက်မောင်းလောက်"
အိုးကြီးကို ရေထဲလှိမ့်သွားကာ အထဲကိုသေချာဆေးရင် မကျေနပ်စိတ်ကြောင့် ရှောင်း အသံကကျယ်သွားသည်။
"ဆင်းကိုတောင် ကြွက်က ခီနြိုငျသေးတာပဲ ရှောင်းရာ..၊ လူငယ်ပေမယ့် အသိဥာဏ္မငယ္ဘူးဆိုတာ မင်းလက်ခံနိုင်ရမှာပေါ့"
ပါလာပြန်ပြီ ဒီလူ.....
"မင်ကော ခင်ဗ်ား က်နော့်ကို ငုတ်တုတ်ထိုင်ကြည့်နေတာတော့ မဟုတ်ပါဘူးနော်"
"မကြည့်ပါဘူး ငုတ်တုတ်ထိုင်နေရင် မင်းဘယ်သွားတယ် ငါ ဘယ်လိုလုပ်သိမှာတုန်း အခုလို တကောက်ကောက်လိုက်ကြည့်နေလို့ မတော်တာတွေ့ရင် တားရအောင် ထြက္ထြက္လာတာပေါ့"
"မတားနဲ့ ဒီအိုးကြီးက လာကတည်းက လူသယ္လာတာ ခုလည်း လူသယ်ပြီး ကောင်းကောင်းသွားနိုင်တယ်"
ရှောင်းကျန့် မင်ကောကို ဂရုစိုက်မနေဖို့ ဆုံးဖြတ်ကာ အိုးဆေးပြီးတာနှင့် ကောင်လေးကိုသယ်ဖို့ ကမ်ကိုပြန်တက်ခဲ့သည်။
"ငါထင်တယ်ကွ အမှိုက်ကို လေညှာမှာ သွားပစ်ရင် မင်းဆီပဲ ပြန်လွင့်လာမှာ"
"ဒါဆို သတ်ပစ်လိုက်ရမလား"
"မီးပုံရှို ့နည်းပေါ့..အဲဒါလည်း ကောင်းတာပဲ"
ရုပ်တည်ကြီးနှင့် မင်ကောကို ကြည့်ပြီး ရှောင်းကျန့် မျက်နှာတင်းသွားသည်။
"ခင်ဗ်ား လူကိုအချွန်နဲ့ မ နေတာပဲ၊ အဲလိုလုပ်ခိုင်းချင်နေတာ ကြာပြီထင်တယ်"
"သြော်...ငါက မင်း စိတ်ချမ်းသာအောင် ပြောပြတာလေ"
မင်ကောက သူ့ရဲ့ခန့်ညားသည့်မျက်နှာကို မျက်းခုံးတွေပင့် နှုတ်ခမ်းတွေမဲ့၍ ပုခုံးနှစ်ဖက်ကိုပါ တွန့်လိုက်သေးသည်။
တော်တော်တော့ ကြည့်ရဆိုးသွား၏.။
"တကယ်တမ်း မင်းကို မဟုတ်မဟပ်ဖြစ်စေချင်မှဖြင့် အခု မင်းလုပ်ထားတာကို ရဲသွားတိုင်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ"
"မသိဘူး....ဘာဖြစ်ဖြစ်"
"ထောင်ကျမှာတောင် မကြောက်ဘူးဆိုတော့ မင်းက ဘာကိုကြောက်နေတာလဲ၊ ဒီလောက်တောင်"
"အဲဒါ ခင်ဗျားနဲ့ မဆိုင်ပါဘူး"
"ဆိုင်တာကို မင်း မေ့နေလို့ပါ"
ခွေခွေလေးလဲနေသည့် ကောင်လေးရဲ့ ခေါင်းနားမှာ မင်းကောက ထိုင်လိုက်ပြီးမှ....
"မင်းပဲ စဉ်းစားကြည့်လေ ဒီကောင်လေးကို စောင့်ရှောက်ကြမယ်လို့ ငါတို့တွေ ဝိုင်းစဉ်းစားပြီးမှ လက်ခံခဲ့ကြတာ၊ မင်း ထင်တိုင်းလုပ်လို့ သင့်တော်မလား"
လုပ်ရဲရင်လုပ်ကြည့်ပါလားလို့ ပြောလိုက်သည့်သဘောပေမဲ့လည်း မင်ကော၏ မျက်နှာမှာတော့ ရင်းနှီးသည့် အကြည့်တွေကလွဲလို့ ဒေါသမပါ....
"ကောင်လေးက မင်းဆီကို အရင်ရောက်လာလို့ သူ့ရဲ့ပိုင်ရှင် မင်းလို့ပဲစွဲလမ်းသွားတာ၊ ခွေးလေးတွေလို သခင်မှတ်တာမျိုးပေါ့ ဒါကို မင်းက မကြိုက်ဘူး"
"ကြိုက်ရအောင် လူတွေဘာပြောနေလဲ ခင်ဗ်ား သိလို့လား၊ သူကလည်း အပြောမတက် အနေမတက်"
"ရူးနေပါတယ်ဆိုမှ ဘယ္လိုနေနေ လှလှပပရှိမလား ရှောင်းရာ၊ အဲဒါကို ကဲ့ရဲ့တဲ့လူတွေ ရူးနေတဲ့ လူထက် ပိုရူးလို့ပေါ့.လောလောဆယ် လူသစ်လည်းဖြစ်တယ် ကောင်လေးကလည်း နုနုဖက်ဖက် ဝင်းဝင်းစက်စက်လေး ဒီကြားထဲ စိတ်ကလည်း မမှန် ဟော မင်းလက်ထဲရောက်နေတာဆိုတော့ ဘယ္သူက စိတ်မဝင်စားပဲ နေမှာလဲ"
"ဝင်ပဲ ဝင်စားနိုင်လွန်းတယ်"
ရှောင်း စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မှ လောင်ကျုံ မျက်နှာလေးဝင်းသွားကာ လူကြီးနှစ်ယောက်နား ပြေးလာထိုင်သည်။
စိုထိုင်းနေသည့်မြေပြင်မှာ မြက်တချို့ကြောင့် နေထိုင်လို့ကောင်းသဖြင့် သုံးယောက်သား အေးဆေးထိုင်နေကြသည်။
အဆိုးဆုံးအခြေအနေတစ်ခုမှ ပြန်လည်ငြိမ်ကျသွားကာ မင်ကောက လောငျကံြု လက်ထဲက တိုပူးထုပ္ကို လှမ်းကြည့်ရင်း.....
"မနက်လင်းတာနဲ့ မင်းအိမ်ကို ကူးသြားတာ ထိပ်ပြောင်ကြီးတို့ မသိလိုက္ဘူး ဟိုရှာ ဒီရှာနဲ့ အော်ခေါ်နေတာကြားလို့ ငါ အပြင်ထွက်ရင်းနဲ့ မင်း ဒီအချိန် တိုပူးဆိုင်မှာပဲ ရှိတတ်တာသိလို့ လွှတ်လိုက်တာ....သူ့ခမျာ စိတ်မမှန်ပဲ ရိုးရိုးသားသား ခင်တွယ်နေတာ သနားပါတယ် ရှောင်းရာ..၊ မင်းကို တျခားလူတွေ ပြောလည်း လိတ်ပတ်မလည်ခင်ပေါ့"
"ဘာဆိုင်လို့လဲ"
"မသိဘူးလေ....ဆိုင်သလားလို့"
စကားပြောရင်းကနေ မင်ကော မျက်နှာက ပြုံးစိစိ...၊ပြီးမှ.
"ဟုတ်တယ်လေ ဘာမှမဆိုင်ပဲ သနားလို့ကူညီထားမှန်း တနေ့ သိသွားကြမှာပဲ မင်း မသိသေးတာပြောအုန်းမယ်"
စကားပြောဖို့အရေး ထိုင်နေရင်းက ဖင်ရွေ့လိုက်သဖြင့် ရှောင်း စိတ်ဝင်စားသွားသည်။
"မင်း ပြောပြတဲ့ လက္ဆြဲသေတ္တာရော သူတို့နှစ်ယောက်ကိုပါ တပြိုင်တည်း တညတည်းတွေ့တဲ့အဖြစ်က အကြောင်းရှိတယ်ကွ"
အဲဒါတော့ ဟုတ်သည်။ အဲနေ့က လောင်ကျုံနှင့် မတွေ့ခင် လက္ဆြဲသေတ္တာတစ်လုံးကို အရင်တွေ့၍ ဆယ်လိုက်သေးသည်။ သေတ္တာဖွင့်ဖို့ ဂဏာန်းလိုသော်လည်း အုတ်ခဲတစ်လုံးနှင့် ထုဖွင့်လိုက်တော့ စာရွက်စာတန်းများအပြင် တျခားဘာမွမပါ .... ထို့ကြောင့် ဒီတိုင်း ထားထားခြင်းဖြစ်သည်။
"ပေါက်စီလေးက ချောင်းထဲက တက်လာတာလို့ ပြောချင်တာလား"
"ဟုတ်ဖို့များတယ် ငါ့ မိန်းမ သူ့ကို ထမင်းကျွေးရင်း ဟိုမေးဒီမေး မေးတော့ သူက ရေထဲကသစ်တုံးလှေကြီးနဲ့ စီးလာတာလို့ ပြောတယ်တဲ့ သူ့ကိုယ်မှာ ရေစိုနေလို့ မီးလှုံခဲ့တာတွေ ငါးကင်စားတာတွေကို စိတ်လိုလက်ရ ပြောပြတယ်တဲ့"
ရေထဲက ဆိုမွ သူ သတိရလိုက်သည်။ တိုပူးဆိုင်က အထွက်မှာ ပေါက်စီလေးက ငိုပြီး ရေထဲက လူသေကောင်ကြီးနဲ့ တိုင်မယ်လို့ ပြောသည်။
"မီးလှုံတယ်ဆိုတာ ငါ တွေးကြည့်တာ့ ညပိုင်း ကြွက်ထောင်တဲ့ကောင်တွေ မီးဖိုကြ ကြွက်ကင်ကြနဲ့ မီးကျန်တွေ အမြဲရှိတယ်လေ အဲညက မိုးလေးစိမ့်စိမ့်နဲ့ စားသာက်ပြီးတာနဲ့ ပြန်ကြတယ်နေမှာပေါ့ ကောင်လေးက အဲ မီးဖိုမှာဝင်ကုပ်ပြီးမှ မင်းဆီကို..."
"ခင်ဗ်ား စုံထောက်ဝါသနာလည်း ပါတာပဲ"
"ဆက်စပ်တွေးကြည့်တာပါ ဟိုသတင်းလည်း မင်းမသိသေးဘူးမလား"
"ဘာလဲ"
"ချောင်းညှာ အပန်းဖြေစခန်းဘက်မှာ မိုးကြီးပြီး တောင်ပေါ်ရေကျလာလို့ အသေအပျောက် အပျက်အစီး တော်တော်ဖြစ်သွားတယ်လို့လေ"
"က်နော် ကြားတယ် သေချာမသိခဲ့တာ"
"အေး ဟိုမွာ နေ့လည်နှစ်နာရီခွဲလောက် ရေကြီးတယ် ဒိီဘကျကို ရေကြောင်းတွေဆက်ပြီး အပျက်အစီးအချို့ ပါလာတာဖြစ်မှာပေါ့...၊သူတို့နှစ်ယောက်ရယ် လက္ဆြဲသေတ္တာရယ် အဲကိစ္စနဲ့ တခုခုတော့ပတ်သက်နေနိုင်တယ်..လောင်ကျုံက သူ့ပထွေး မျောလိုက်တာဆို ကောင်လေးနဲ့ သေတ္တာက..."
"ခင်ဗျားမို့လို့ ဦးနှောက်ခြောက်ခံပြီး တွေးနေတယ်.ဒီကောင်လေး ရူးကြောင်မူးကြောင်နဲ့ ရေထဲဆင်းလို့ မျောပါလာတာဖြစ်မှာပေါ့ သူလုပ်သမျှ က်နော် အမှုပတ်မှာ.."
"အေးပါ...မင်း တစ်ယောက်တည်းကို ပတ်မှာမဟုတ်ဘူး ဆိုတာပဲ မွတ္ထားကြာ ငါတို့ရှိပါတယ်...သူ စိတ်ချမ်းသာသလိုနေပါစေ ဟောဒီ ကလေးရယ် ကောင်လေးရယ် မင်းဆီ ရောက်လာတာကြည့်စမ်း ဘယ်လောက်ထူးဆန်းလိုက်လဲ ငါကတော့ မင်းတို့သုံးယောက်လုံးကို တကယ်သဘောကျတာ အဲဒါကြောင့်လည်း ကူညီချင်တာ"
"ဘာဗ်..."
"အော်....မင်းကလည်း သွယ်ဝိုက်ပြောလည်း မကြိုက် ပေါ်တင်စည်းရုံးတော့လည်း မနာခံချင်..ငါ ပြောတာက..."
"သိတယ်....မပြောနဲ့တော့"
ရှောင်း မျက်နှာက မကြည်လင်...၊ ဘာပဲဖြစ်ဖြစ် သူ့ အစီအစဉ်ပျက်ပြီဆိုတာ သေချာသည်။
"မင်းလည်း စိတ်လိုက်မာန်ပါ ဇွတ်တိုးဖို့ကြိုးစားနေတာပါ တကယ်တမ်း အိုးထဲ ထည့်မျောမယ်ဆိုရင်..."
"မလုပ်ရက်ဘူးပါဘူး...ပြောမလို့မလား"
"အေးလေ...ဒါပေမယ့် ငါပြောလိုက်လို့ လုပ်ပြမယ်ကြည့်လို့ မင်း ထရွဲ  ့လိုက်ရင်ဖြစ်တာပဲ"
"ဟွန်း..."
သိပြီးတာပဲဆိုသည့် မျက်နှာပေးနှင့် ရှောင်းက ပေါက်စီလေးကို မျက်တောင်စင်း၍ကြည့်သည်။
ထိုစဉ် ကောင်လေးရဲ့ ကိုယ္က လူးလွန့်လာသည်။ အားလုံးရဲ့အကြည့်တွေက ကောင်လေးဆီ ရောက်သွားကာ....
"သနားစရာလေးပါကွာ သူလည်း ဒီမွာ ကြာကြာနေချင်မှနေမှာပါ ငယ်ငယ်ရွယ်ရွယ်ဖြစ်နေလို့ ငါက ပြောတာ...တိုပူးဆိုင်မှာ ကြည့်ပါလား ပတ်ဝန်းကျင်ဆိုတာ ကောင်းတာရှိတယ် ဆိုးတာရှိတယ်"
"က်နော်ကရော လူကောင်းမို့လို့လား"
"မကောင်းပေမယ့် မင်းမှာ ကောင်းတဲ့အကျင့်လေးတွေရှိတာ ငါ သိတယ် ရှောင်း အဲဒါမြှောက်ပင့်ပြောတာမဟုတ်ဘူး လူတိုင်းမှာ စင်းလုံးချော ကောင်းတာမရှိသလို အားလုံးဆိုးနေတယ်ဆိုတဲ့ လူလည်း ရှားတယ်...ဘာပဲပြောပြော မင်း သူ့ကိုတော့...."
"အဲဒီလူပဲ...သူပဲ...အဟင့်...သူ က်နော့်ကို ရိုက်တာ...ဟင့်...ဒီလိုရိုက်တာ..."
သူ့ ဇတ္ပိုးကို သူရိုက်ပြကာ ပေါက်စီလေးက ထ ထိုင်လိုက်တာနှင့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျကာငိုလာသည်။
"က်နော့်ကို...ဟင့် ...သူက ဟိုဆြဲသြား ဒီဆွဲသွားနဲ့...ဟင့်...ရိုက်လည်း ရိုက်တယ်....အီး...ဟီး...အော်လည်း အော်တယ်....ဟင့်...အင့်...."
ကလေးတစ်ယောက်လို အော်ငိုနေတာလေးက သနားစဖွယ်.၊ ဖြူဖြူအုအုလေးဖြစ်တာကြောင့် ငိုနေတာနှင့် မျက်နှာလေးတစ်ခုလုံးက ရဲကာ နှုတ်ခမ်းထော်ထော်လေးနှင့် မရပ္မနား တိုင်သည်။
"ဒါဆို သူနဲ့ လိုက်မသွားနဲ့ပေါ့...ငါတို့ အိမ်မှာပဲနေလေ.."
"ဟင်...."
မျက်ရည်စိုနေသည့် မျက်ဝန်းလေးတွေ ဝင့်ခနဲ့ပင့်တက်လာပြီး ရှောင်းနှင့် မင်ကောကို တလှည့်စီကြည့်သည်။
"က်နော်က သူနဲ့ပဲ နေရမှာလေ...ဦး....အဲ...ဟို.."
"ဦးလေးပဲ ခေါ်ပါ မင်းက အသက်ဘယ်လောက်လဲ မသိပေမယ့် တော်တော်တော့ ငယ်အုန်းမှာဆိုတော့"
"ဥိီလေးနဲ့ တွေ့တာမှ မဟုတ္တာ.."
"သူက ပေါက်စီလေးကိုမှ မခေါ်ထားချင်တာ"
မင်ကောက သွေးတိုးစမ်းပြီးမေးလေ ကောင်လေးအဖြေက ကဘောက်တိ ကဘောက်ချာ ဖြစ်လေ...၊
"သူက မထားချင်လည်း က်နော်က သူနဲ့ပဲ နေချင်တာ..."
(စိတ္ကသာ ပုံမှန်မဟုတ်တာနော် လင်ကြ သိတယ်)
မင်ကော မျက်နှာက စပ်ဖြဲဖြဲ ဖြစ်သွားပြီးမှ ပြန်မြိုသိပ်လိုက်ရသည်။ ရှောင်းလည်း မျက်နှာနီသွားသည်။
တွေ့လား...ငါတို့ တိုက်တွန်းတာ မဟုတ္ဘူးနော် လို့ ပြောနေသလိုမျိုး မျက်လွှာပင့်ကြည့်လာသည်။
ပြေလည်သွားပြီမှန်းသိသော လောင်ကျုံလေးက ပြုံး၍ ထရပ္လိုက္ကာ....
"စဥ့်အိုးကြီးကို သားတို့ အိမ်ပြန်လှိမ့်သွားရအောင် ကော..ရေထည့်ချိုးမယ်လေ...နော်.."
"အေး...ဟုတ်တယ်...ဆပ်ပြာရည်ထည့်ပြီး ဆင်းစိမ်ရင် အတော်ပဲ"
ခုနကပဲ မျက်ရည်လည်ရွဲနှင့် ကောင်လေးက ဆက်ခနဲထရပ်ပြီး ပြောလိုက်သည်။ ရှောင်းနှင့် မင်ကောလည်း အကြည့်ချင်း ဆုံသွားသည်။
ထို့ပြင် ပေါက်စီလေးက ပြန်လည်ရှုံ့မဲ့သွားကာ....
"ဒါပေမယ့် ဒီအိုးကြီးက ဇိမမမက်ပါဘူး နှာခေါင်းဖော်ပြီး ဒူထောက်နေမှ ရမွာ"
လို့ ဆက်ပြောလိုက်သေးသည်။
တခုခုတော့....တခုခုပဲ...ဘာလဲသာ မသိတာ......


************
ရက်ကြာသွားလို့ အရှည်ကြီးရေးထားပါတယ်.
ရှောင်းက 30
ဝမ်က 20 ကျော်
လောင်ကျုံက 7
❤💚
see you soon

You, Me and KidWhere stories live. Discover now