Zawgyi
" မြေး...ဘယ်တွေသွားနေတာလဲ "
" လေးထျန်းနဲ့ ကြေးအိုးသွားသောက်တာပါ "
" ညကြီးအချိန်မတော်ကွယ် "
" ညကြီး ဘာဖြစ်လဲ ဘွားရယ်...ကိုယ့် ဦးလေးနဲ့ သြားတာပဲ"လင်းအဘွား စကားမှားသွားတာကြောင့် မျက်နှာပျက်ပျက်နှင့် ပါးစပ်ပိတ်လိုက်ရသည်။
ဒီစကားသာ ကောင်းထျန်း ကြားသွားရင် ရှင်းရမှာမလွယ်..၊ ရှင်းရမှာ ကြောက်လို့မဟုတ်ပေမယ့် မြေးဖြစ်သူရဲ့ မသိတတ်သလို တုံ့ပြန်မှုတွေကြောင့် မခံစားနိုင်...။
ဒီအိမ်မှာ ဘာတွေဘယ်လိုဖြစ်နေကြောင်း ဘယ်လောက်ပြောထားပါစေ မြေးက ဂရုစိုက်ပုံမရ...။
အဘွားရင်းဖြစ်သူအပေါ် နွေးထွေးမှုမရှိပဲ သွေးမတော်သော ဦးလေးအပေါ် စိတ်ကပိုရောက်နေသည်။" ရော့...အဘွားအတွက် ဝယ္လာတာ "
ဘေးမှာဝင်ထိုင်လိုက်တာနှင့် စူးရှသည့်ရေမွှေးနံ့က နှာခေါင်းထဲအလုံးအရင်းဝင်လာပြီးနောက် လက်ထဲသို့ရောက်လာတာက မာကျောသော စတီးလုံးလိုဟာလေး....။
" အဲဒါ အဘြား ပုတီးစိပ်ဖို့လေ မျက်လုံးနဲ့ကြည့်စရာမလိုပဲ သူက အသံပေးနေတော့ ပုတီးအပတ်ရေကို သိတယ်လေ အဘြား ပုတီးစိပ်ရင် အဆင်ပြေမှာပါ."
စားသောက်ဖို့သွားတာတောင် ကိုယ့်အတွက် ဝယ်လာသည်ဆိုတော့ စိတ်ထဲကြည်နူးသွားသည်။ သို့သော်...၊
" အဘွားရဲ့အသက်အရွယ်က ပုတီးလေးစိပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရမှာလေ အဲဒါကြောင့် ရင်ထဲမှာ ဘာအပူအပင်မှ မထားနဲ့ "
ကြည်နူးမှုလေးတွေပျောက်ကုန်ပြီး ရင်ထဲအောင့်သက်သက် ကျန်ခဲ့သည်။
" ဘြားက စက်နဲ့စိပ်ရတာထက် ရိုးရိုးပုတီးနဲ့စိတ်ရတာကို ပိုကြိုက်တယ် မြေး.၊ ပုတီးစိပ်နားရင် ပုတီးကို လက်ကောက်ဝတ်မှာ ပတ္ထားရတာကို ကျေနပ်တာ "
" ဒါပေမယ့် အဘြားမွာ ရတနာတွေဆင်ထားသေးတယ်မလား ပုတီးထပ်ပတ်လိုက်ရင် ရှုပ်ကုန်မှာပေါ့ "
" ရှုပ်တော့ ရှုပ်တယ် ဒါပေမယ့် ဥစ္စာကိုစွန့်ပြီး တောရိပ်ခိုနိုင်တဲ့အထိ တဏှာမပယ်နိုင်သေးဘူး မြေး၊ ဒါဟာ မက်မောလွန်းလို့မဟုတ်ဘူး ၊ အခု မြေး ဒီမှာနေဖို့ပြန်လာပြီ မြေး ပါးပါးတို့က အေဝးမွာ အဘြားမွာ မြေးရဲ့ နောင်ရေးစိတ်အေးရအောင် လုပ်ပေးဖို့ အစီအစဉ်တွေရှိတာကြောင့် အပူတွေကို ရင်ဝယ်ပိုက်ထားရအုန်းမှာပဲ "
" အဘြားက ကျနော့်ကို အိမ်ထောင်ချပေးမလိုလာ့း "
" မချပေးသေးပါဘူး ၊ ဒါပေမယ့် လက်ထပ်ပေးလိုက်မှပဲ ကိုယ့်အိမ်ထောင်ရေးနဲ့ကိုယ် စိတ်အေးရမှာလေ ဒါက မြေး ပါးပါးနဲ့ တိုင်ပင်ပြီးမှပါ လောလောဆယ် ဒုတိယအစီအစဉ်ပေါ့ "
" ပထမအစီအစဉ်က ဘာလဲ "
" မြေးကို အမွေလွှဲပေးမလို့"
" အဲဒါက ဘာလုပ်ဖို့လဲ ဘွားရဲ့ အခုတောင် က်နော့်ကို ဟိုသြား စိတ္ပူ ဒီသြား စိတ်မချနဲ့ အမွေလွှဲလိုက်ရင် က်နော့်မှာ နေစရာတောင်ရှိမှာမဟုတ်တော့ဘူး "
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...