Zawgyi
" အဟမ်း.... "
ချောင်းဟန့်သံကြောင့် ရှောင်းကျန့် လှည့်ကြည့်လိုက်တော့ လင်းကောင်းထျန်း....
ကောင်းထျန်းကို မြင်ပေမယ့် လုပ်စရာရှိတာကို ပြီးအောင်လုပ်ပြီးမှ....၊" ပြောစရာရှိလို့လား "
" အဟွန်း.....မင်းက ဒီနေ့ရွာပြနမမယ်ဆိုလို့ လာကြည့်တာ ဒီမွာ ဒီလောက်အဆင်ပြေနေရဲ့သားနဲ့ ရွာကိုပြန်ပြီး ဘာလုပ်မှာလဲ ရှောင်းကျန့်... ၊ ခုဆို စေလိုရာစေနိုင်ပြီး ဒီမွာ တိုက်တစ်လုံးလောက် လက်ညှိုးထိုးလိုက်ရင်ပြီးပြီ ၊ မိသားစုကိုခေါ်ပြီး အေးဆေးနေရုံပဲ "ရှောင်းကျန့်က အဝတ်နှစ်စုံလောက်ပဲပါသည့် ကျောပိုးအိတ်ကို ပုခုံးပေါ်တင်ပြီး လက်မနှင့်ပြန်ချိတ်ကာ....၊
" လက်ညှိုးထိုးတာက ဘယ်လိုမျိုးကိုပြောတာလဲ ကလေးတွေလိုချင်တာရှိရင် အမေ့လက်ဆွဲပြီး လက်ညှိုးထိုးပူဆာတာမျိုးလား "
ကောင်းထျန်း မျက်နှာတစ်ခုလုံးရဲသွားသည်။ ရှောင်းက ကောင်းထျန်း ရှေ့ဖြည်းဖြည်းလျှောက်လာပြီး ရှေ့တည့်တည့်မှာရပ်လိုက်ကာ....၊
" ဘုရားတောင် အမှီရှိမှ ပွင့်တယ်ဆိုကြပေမယ့် က်နော်က ဘုရားမွ မဟုတ္တာ..၊ ကိုယ်ရသင့်တာပဲယူပြီး ကျေနပ်နိုင်တာပဲ ကောင်းပါတယ် "
ရှောင်းက ပြောချင်တာပြောခဲ့ပြီး ထွက်လာခဲ့သည်။ ကောင်းထျန်းက တိတ်ဆိတ်စွာကျန်ခဲ့ပြီးမှ နောက်မှလိုက်လာကာ..
" ရှောင်းကျန့်.."
ရှောင်း ခြေလှမ်းတွေက ရပ်သွာတာနှင့် ကောင်းထျန်းက ရှောင်းနှင့် မျက်နှာချင်းဆိုင်ရပ်ကာ....
" ငါ နားလည်သလို ဘာသာပြန်ရရင်တော့ အကြံကြီး ကြံမယ့်သူက တစ်နပ်စားဥာဏ် မသုံးဘူးတဲ့...၊ မင်း ကြံနေတာ ဘာလဲဆိုတာသိဖို့ ငါ တော်တော်ခေါင်းစားရမယ်ထင်တယ် "
" ထောင်းစားခံမနေပါနဲ့ ဦးထျန်း လိုအပ်နေတာတွေကို က်နော် မလိုအပ္ဘူးဆိုတာ သေချာနေပြီးသားဆိုတော့..."
" ဒါဆို စဉ်းစားဖို့တကယ်မလိုဘူးပဲ...၊ ဒါပေမယ့် ငွေမမက်တဲ့လူတော့ မရှိဘူး ရှောင်းကျန့်...၊ ငါလည်း ငါ့ စီးပြားရေးနဲ့ ငါ နစ်မွန်းနေတာ ငွေကြောင့်ပဲ.. မင်းကတော့ ဒီအိမ်မှာ ငွေမလိုဘူးဆိုတော့ ဂေါင်ကို မှန်းနေလို့လား.. "
" ခန့်မှန်းအဖြေထွက်လာတာ မစောလွန်းဘူးလား ဦးထျန်း"
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...