သူ့ရဲ့အကျင့်ကောင်းတစ်ခုက အိပ်ရေးဆက်ခြင်းဖြစ်သည်။ သေချာအိပ်ပျော်နေကာမှ နားထဲမွာ တီးတိုးစကားသံတွေ ကြားနေရသည်။ သေချာနားစိုက်လိုက်တော့ ပိုက်ယ္လာသလို ကိုယ့်ကိုကိုယ် အိပ်မက်မက်နေသည်ထင်တဲ့စိတ်နဲ့ မျက်လုံးဖွင့်ဖို့လည်း မေ့နေသည်။
"ကောကော...သွားမစားနဲ့ ကော ဆူလိမ့်မယ်"
"စားမွာပဲ..."
"ကောက မကြိုက်ဘူးနော်..နိုးလာရင် ကောကောကို ဆူမွာ"
"မပြောနဲ့"
ယောကျာ်းလေးအသံမှန်း အတိအကျလက်ခံမိတာနှင့် ရှောင်း မျက်လုံးတွေပွင့်သွားသည်။ ငုတ်တုတ်ထိုင်လိုက်တော့ မြင်လိုက်ရတာက မီးဖိုရှေ့မှာ သူ့ကိုကျောခိုင်းထိုင်နေသည့် ဆံပင်ဆုတ်ဖွာဖွာဂုတ်ဝဲနှင့် ယောကျာ်းတစ်ယောက်...၊ ထိုင်မြဲအတိုင်းနေရာမှာ ဆောင့်ကြောင့်လေးထိုင်းနေသည့် လောင်ကျုံက ရှောင်းကို မျက်လုံးလေးအဝိုင်းသားနှင့် လှည်းကြည့်သည်။
ဒီကောင် ဘာလုပ်နေလဲဆိုတာသိလိုက်တာနှင့် ဓာတ်မီးကိုကောက်ကိုင်ကာ မီးဖိုခန်းကို သူ ဘယ္လိုရောက်သွားမှန်းမသိ...၊
"ဟိတ်....ထစမ်း"
ထိုကောင်က ရှောင်း အသံကြားမှ အလန့်တကြားဖြစ်သွားသည့် မျက်လုံးများနှင့် မော့ကြည့်လာသည်။ ပြီးနောက် ငါးကင်ကိုင်လျက်သားနှင့် ကမန်းကတန်း ထရပ်လိုက်သည်။
ဓာတ်မီးကိုဖွင့်ထားပေမယ့် ဘယ္ကိုမွ ချိန်ထိုးမထားသည်မို့ အလင်းရောင်က အတော်ပဲဖြစ်ကာ ထိုယောကျာ်းပုံစံကို ရှင်းလင်းစွာမြင့ရသည်။
အရပ္က သူနှင့် မတိမ်းမယိမ်းလို့ထင်ရပေမယ့် လူကောင်က ပိန်ပိန်ပါးပါးလေးနှင့် ငယ်ရွယ်ပုံရပြီး ဆံပင်က ဖြာနေတာကြောင့် ဂုတ်ထောက်ရုံထင်ရပေမယ့် ဂုတ်တော့ကျော်သည်။ ဖြူဖွေးကာ နုနေသည့်မျက်နှာလေးက မျက်ခုံးထင်းထင်းလေးနှင့် မျက်လုံးတွေက မျက်ရစ်မပေါ်သော်လည်း လုံးလုံးဝိုင်းဝိုင်းလေး ခပ်ဖူးဖူးဖြစ်နေသော နှုတ်ခမ်းကရဲနေတာကို ဒီတိုင်းမြင်ရသည်။
နောက်ထပ်တစ်ခုက မျက်လုံးတို့က ရှိသင့်သည်ထက် ပြူးဝိုင်းကာ လူကိုကြည့်တာကြောင်စီစီ....
ထို့နောက် ရှောင်းကို လက်ညိုးထိုးကြည့်ကာ....
"သရဲ..."
"အံမာ..."
(ကြကိုရေးပြီး အူတက်...ရှောင်းသရဲ)
"သရဲ သရဲ....ဒီမွာ"
လောင်ကျုံကိုကြည့်ပြီး သတင်းပို့ကာ မီးဖိုဘေးသို့စွေ့ခနဲ ထပ်ဆုတ်သည်။
ရှောင်း စိတ္တိုသြားကာ လက်ထဲက ဓာတ်မီးကို မျက်နှာသို့တန်းမက်စွာထိုးလိုက်ပြီ....
"လက်ထဲက ငါးကင်ကို ချထားလိုက်စမ်း..."
"ဘာလို့ချရမှာလဲ...ဒီမွာ စားနေတာကို.."
"ခ်ဆို ချလိုက်" ( ငါးကင်ချခန်း)
"ချမယ် အဲဒါကြီနဲ့ မထိုးနဲ့"
ရှောင်းက ဓာတ်မီးကိုင်ထားသည့်လက်ကို တြဲလြဲခ်လိုက္ကာမွ ဟိုဘက်လှည့်ထားသည့် မျက်နှာလေးပြန်လှည့်လာကာ ငါးကင်ကိုနှမြောစွာကြည့်သည်။
"ကြည့်ပါဦ...ကုန်ပဲကုန်နေပြီကို သူခိုးလက္က သူဝွက္လု.."
"ဟိုကောင်လေး သူ ဘယ်လိုလုပ်ဝင်လာတာလဲ"
"သားလည်း မသိဘူး"
အိပ်နေသည့်ပုံစံလည်း မရှိပဲ မသိဘူးဆိုတာကို မကျေနပ်ချင်...၊ လောင်ကျုံက ရှောင်း မျက်မှောင်ကုတ်မပြေတာကို နားလည်သွားသည့် မျက်နှာလေးနှင့် ထရပ္လိုက္ကာ...
"ဆံပင်ဆုတ်ဖွာနဲ့ သားရှေ့ကို တန်းရောင်လာတော့ သရဲမှတ်ပြီး သားက...."
"ဘာပြောတယ်...လူကိုမ်ား သရဲတဲ့.."
"ဟိတ် ငြိမ်ငြိမ်နေစမ်း"
သူကပဲ လောင်ကျုံကို လက်ရွယ်လို့၊ ငြိမ်ငြိမ်နေစမ်းဆိုတော့ ရွယ်ထားသည့်လက်ကို ပြန်ချပြီး လက်ဝါးချင်းပွတ်နေပုံက လက်သီးကြိမ်းကြိမ်းနေတာမျိုး...
သေချာစိုက်ကြည့်လိုက်တာနှင့် ရှောင်း နားလည်သွားသည်။ သူဟာရူးသွပ်နေတဲ့ ကောင်လေးတစ်ယောက်...၊ ပြီးတော့ ဒီရွာသားလည်း မဟုတ်...
ရှောင်း ကြည့်နေတုန်းမှာ မီးဖိုဘေးကခုံမှာ တင်ထားသည့် ငါးကင်ကို ဆတ်ခနဲပြန်ဆွဲယူသည်။
"လာခဲ့..."
"ဟာ...မလုပ်ပါနဲ့...၊ ဘာလုပ္တာလဲ...လူကို အထင်သေးအမြင်သေးပြီး မဟုတ်တာကြံဖို့မစဉ်းစားနဲ့နော် ဒီဟာစားပြီးတာနဲ့ အော်လိုက်မှာ.."
လက်မောင်းကိုဆွဲထုတ်ကာ အပြင်ရောက်တဲ့အထိ ထိုကောင်လေးက ပြောနေတုန်း...
"လွှတ်အုံး...ဒီမွာ စားလို့မပြီးသေးဘူးလို့"
(ဝိုးဒယ် သားကစားနေတုန်းကို ဝက္သားမကျွေးနဲ့ သားသား)
ကောင်လေးက ရုန်းကန်နေပေမယ့် ရှောင်း လက်ထဲကလွတ်မြောက်ရန်အတွက် မဟုတ်ပဲ ငါးကင်ကိုဖဲ့ထားသည့်လက်အား ပါးစပ်ထဲထည့်ရန်ဖြစ်သည်။
"စား...အဲဒါ စားလိုက်တော့..ဒါပေမယ့် စားပြီးရင် ကြိုက်တဲ့လမ်းကို ပြန်ကြွပါခင်ဗျာ..၊ ဒီတစ်ခါအထဲဝင်လာရင် ဒါနဲ့တွေ့ပြီ"
ပါးပြင်နုနုဖောင်းဖောင်းလေးပေါ် လက်သီးနှင့် ကပ်ကြိမ်းပြီး အထဲပြန်ဝင်ခဲ့သည်။ တံခါးပိတ်ဖို့ ပြန်လှည့်လိုက်သည်နှင့်..
"ဟေ့...."
ရှောင်း အချိန်ကို သတိမရပဲ ကောင်လေး ရှေ့တိုးမရအောင် မျက်နှာကို ဓာတ်မီးနှင့် ထိုးလိုက်ပြီး တအားအော်လိုက်သည်။ မိုးသောက်လုအချိန်မှာ သူ့အသံက ဟိန်းထွက်သွားသည်။
တုန်ခနဲဖြစ်သွားသည့် ကောင်လေးက လက်ထဲမှငါးကင်လေးပါ ပြုတ်ကျသွားသည်။ မသိတတ္ဆိုးဝါးစြာ လိုက်ပါလာသည့် ခြေလှမ်းတွေလည်း ထိုနေရာမှာပဲ ရပ်တန့်သွားသည်။
"က်နော့်ကို ခင်ဗျား အော်လိုက်တာလား.."
"အော်တာမဟုတ်ဘူး..ကိုင်ပေါက်မှာ ဘယ်ကမှန်းမသိ ဘာလေးမှန်းမသိ..ငါ့အိမ္ကို လမ်းဘေးဇရပ်များ မှတ်နေလား"
"ဟုတ်တယ်လေ ဇရပ်ကြီးပါရော"
ကြည့်စမ်း....၊ အိမ္ကိုမော့ကြည့်ပြီး ပြောချလိုက်တာ အလိုက်ကမ်းဆိုးမသိ...၊
"ဇရပ်တောင် ပြင်မဲ့လူမရှိလို့ ပြိုကျစုတ်ပျက်နေတဲ့ ဇရပ် ၊ ဒီမွာ ကိုယ့်လိုလူတွေရှိလို့ ခဏဝင်အိပ်တာကို"
(ငါ့သား တစ်မှတ်)
"ဒုန်း..."
"မားမား...."
ရှောင်း တံခါးကိုဂျိမ်းခနဲ ပြန်ဆောင့်ဖွင့်ကာ အပြင်ကိုတလွှားလွှား ပြန်ထွက်လိုက်သည်။(ရှောင်းပျံလွှား)
ကလေးဆန်သလိုဖြစ်သွားပေမယ့် အနာပေါ်တုတ်ကျတယ်ပြောပြော အိမ်တစ်လုံးလုံးကို ဇရပ်လို့ပြောချလိုက်တာတော့ လက်မခံချင်...
"သြား...မင်း ဒီရှေ့က သွားလိုက်တော့"
"အိုး...မတွန်းပါနဲ့.."
ကောင်လေးက လက်ကိုပြန်ဆွဲရုန်းပြီး ဆက်ဆက်ကြဲမျက်နှာလေးနှင့် မော့ကြည့်လာသည်။ မှောင်ရိပ်ကြောင့် မသဲကြဲတာကို ရှေ့ထပ်တိုးပြီး ခြေဖျားလေးထောက်ကာ မျက်နှာချင်းနီးအောင် ထပ်ကပ်ကြည့်သည်။
စိတ္တိုနေသည့်ကြားက တံတွေးမြိုချလိုက်မိပြီး ခြေတစ်လှမ်းဆုတ်လိုက်ရကာ...
"တောက်..."
ကိုယ့်ဒေါသနှင့်ကိုယ် ရှက်လည်းရှက်မိပါသည်။ ယောကျာ်းပဲဖြစ်ဖြစ် အရူးပဲဖြစ်ဖြစ် ဇရပ်မှန်း အိမ်မှန်းတော့ သိသာနေတာပဲဟာ....
"မင်းက ဘာကြည့်တာလဲ"
"ဘာမှမကြည့်ပါဘူး"
သူ့ကိုပါ နှင်ထုတ်မှာဆိုးသဖြင့် လောင်ကျုံက တံခါးဝကနေအထဲကို သုတ္ခနဲပြေးဝင်သွားသည်။
"မင်းလည်း တော်ကြာထွက်ရမှာ"
"သားက ကောဆီက ဘာမွတောင်းမစားဘူးလေ"
"တောင်းစားလည်း ငါ့တစ်နပ်တောင် အလျှင်မီတာမဟုတ်ဘူး...၊ဒီမွာ မင်းကို အကြံပေးမယ်...ဒီကနေ...."
"သား ဘယ်မှမသွားချင်လို့ပါ၊ ကောနဲ့ပဲ နေပါရစေ၊ ကော ထမင်းစားဖို့ အလုပ်လုပ်ရင် အဲဒီ အလုပ်တွေကို သား ဝိုင်းလုပ်မယ်လေ၊ သားကို ထမင်းနည်းနည်းပဲ ကျွေးပါ၊ ၏လည်း ကောကို နင်းပေးမယ် ၊ ကော စားဖို့ သား ချက်ပေးမယ်လေ၊ ကော ခနုင်းချင်တာခိုင်းပါ"
"ဟား...မင်း တော်တော်စကားများပါလား၊ ဘာဖြစ်လို့ ငါ့ကို ပက်ကျိလို ကပ်တွယ်နေတာလဲ၊"
အော်လိုက်တော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ဘာမွမဖြေ....
"ဒီမွာ မြင်လား အိမ်ကြီးပျက်နေတာ မပြင်နိုင်လို့ အပြိုအပျက်တွေကို ချိတ်ဆက်ပြီး အထဲမွာတဲထိုးနေတာ၊ ငါအိပ်ဖို့ ကုတင်တစ်လုံး၊ ခြင်ထောင်တစ်လုံး အိုးတစ်အိုးပဲ..၊လမ်းဘေးဆင်းမအိပ်ရရုံရှိတဲ့ ငါ့ဘဝကို"
"သားက မြေကြီးမှာ စက္ကူစုတ်ခင်းအိပ်လည်း ရပါတယ်"
"စက္ကူစုတ်တောင် မင်းကို ပေးဖို့မရှိဘူး"
"ဒါဆို သားဘာသာ ခင်းစရာရှာပြီး အိပ်ပါမယ်"
"ကျွတ်..."
ဘယ်လိုနှင်လွှတ်လွှတ် သွားမည့်ပုံလည်း မမြင်ပါလား...၊ဒါပေမယ့် မိဘရှိသေးတဲ့ ကလေးတစ်ယောက်ကို ကိုယ်လည်း တာဝန်ယူနိုင်တာမဟုတ်...၊အပြင်က အရူးကတစ်မျိုး...။.....................။
ဒီမွာ သားသားက အတိတ်မေ့နေတဲ့ ရူးပေါပေါ ပုံစံပါနော်.အဲဒါကို ss ရိုက်ပြီး ပွဲလာရှာရင် ပြင်သစ်ကနေ အိမ်တိုင်ရာရောက် deli နဲ့ လက်သီးပို့ပေးမယ်ခင်ဗျ.
သီတင်းကျွတ်အားလပ်ရပ်မှာ အပျင်းပြေအောင် အရှည်ကြီးရေးပေးထားပါတယ်။ လူက အရမ်းအပျင်းကြီးတာကြောင့် moti ပေးရင်အရမ်းပျော်မှာပါ.
See you soon.
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...