Part -11

74 12 0
                                    

Zawgyi

" ဟင်...သားအတွက် "
" ဟုတ်တယ် "

မြေးလေးရဲ့ ပုခုံးကို ဖက်ထားရင်း လင်းဖွားဖွား ရင်ထဲလေးလံကျပ်ခဲနေတာတွေကို ပြောချင်နေမိသည်။ ပြောလို့လည်း မဖြစ်သေး...၊ ထို့ကြောင့်....

" အများအမြင်မှာ အကြီးအကျယ်လုပ်သလိုလည်း မြင်မှာစိုးတယ်လေ အဲဒါကြောင့် ရှောင်ဝူရဲ့ တူအဖြစ် လူချင်းခဏလဲထားလိုက်မယ် ရှောင်ဝူ ပြန်လာမှ တခြားပြောင်းခိုင်းလိုက်မယ်လေ "
" သူ့ကို အဖြားက စိတ်ချတယ်ပေါ့ "
" စိတ်ချတယ် အဖြား မြင်လည်း မမြင်ရဘူး ခုမှလည်း ဆုံဖူးတာဆိုပေမယ့် မြေး အဒေါ်ရဲ့ ပစ္စည်းတွေကိုင်ပြီး ရောက်လာတဲ့သူဟာ ကိုယ့်သားသမီးလိုပဲ အားကိုးရမယ့်သူလို့ အဖြား ယုံကြည်နေတယ် "
" လေးထျန်းက ဘာဖြစ်လို့လဲ ဖြား ၊ ဖွားရဲ့ သားပဲလေ "

ရုတ်တရက် တိတ်ကျသွားပြီး သက်ပြင်းချလိုက်သည့် ဖြားကို ဝမ်လေး မော့ကြည့်လိုက်သည်။
ခဏကြာသည်အထိ ဘာမှပြောမလာတော့....

" အဖြား ဘာတွေဖြစ်နေတာလဲဟင် တစ်ခုခုကိုမျိုသိပ်ထားသလိုပဲ ဘာတွေ စိတ်မချဖြစ်နေတာလဲဟင် "
" မြေးကိုပေါ့ကွယ် မြေးက ငယ်သေးတော့ ဖြားက စိတ်မအေးဘူးပေါ့ "
" မငယ်တော့ပါဘူး ဖွားရဲ့ သား ကျောင်းလည်းပြီးပြီပဲဟာ တော်ရုံကိစ္စတွေလောက်တော့ သားကိုယ်သား ထိန်းနိုင်ပါတယ် "
" မြေးလေး ထိန်းနိုင်တာ ဖြား သိပါတယ် ၊ ဒါပေမယ့် မယုံသင့်တာတွေ မြေးလေး ယုံသွားမှာစိုးတာ "
" သခင်မကြီး ဆေးသောက်ချိန် ရောက်ပါပြီ "
ယီယီရဲ့ အသံကြားတော့ ဖွားလင်းက တံခါးဆီ မျက်နှာလှည့်ကာ.....

" ဝင်ထားခဲ့ ယီယီ ငါ့ ဘာသာ သောက်လိုက်မယ် "
" အော်....ဖြား ကလည်း ဖြားမွ မမြင်ရတဲ့ဟာ သား ရှိတာပဲ ယီယီ ယူခဲ့ "

လှုပ်ရှားသံတို့နှင့်အတူ လက်ထဲသို့ ဆေးနှင့် ရေခွက်လေး ရောက်လာသည်။ လင်းဟွားမေ နှုတ်ခမ်းတွေလည်း ပြုံးသွားသည်။
သမီးနှစ်ယောက် ရှိတုန်းကဆို နည်းနည်းလေးမအီမသာဖြစ်တာတောင် ကလေးအမေကတစ်မျိုး ကလေးမရှိတဲ့ သမီးက ပျာပျာယာယာနှင့် လိုလေသေးမရှိအောင် ပြုစုကြလို့ ရောဂါကြာကြာဖြစ်ချိန်တောင် မရှိခဲ့....။
သူ့ ဘဝမွာ သမီးတွေ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားကြသည့် အချိန်မှစ၍ ပူလောင်ခြောက်သွေ့ခဲ့ရပြီး ဒုက္ခိတဖြစ်ဖို့ ဝဠ်ကြွေးကလည်း တာဝန္တစ္ခုလို ဖိစီးလာခဲ့သည်။
စည်းစိမ်တွေ ဘယ်လိုပင် လျှံပယ်သော်ညားလဲ  ဘဝက ပူလောင်နေရသည်။

You, Me and KidWhere stories live. Discover now