Part - 5 (unicode)

92 11 2
                                    


"ဒုန်း.."
"ဝုန်း..."
"ဟာ...ကြည့်စမ်း"
ကြိုးနဲ့ကပ်ချည်ထားသည့် တံခါးရွက်ကို ဘယ်လိုတွန်းချပစ်လိုက်သည်မသိ.၊ အခန်းကျဉ်းလေးထဲကို တံခါးကြီးလဲကျလာသဖြင့် ရှောင်း မျောက်တစ်ကောင်လို ခုန်ပေါက်ရှောင်လိုက်ရကာ မလွတ်ကင်းသမျှအတိအထွာပစ္စည်းတွေအားလုံး ဝုန်းဒိုင်းကျဲသွားသည်။
"ဟွန်း...ဘာရမလဲ ၊ တံခါးစုတ္ကို ကြိုးတုပ်ထားတာ"
ပြောပြီး ဓားမကြီးကိုထောင်ပြ၍ အထဲသို့ဝင်လာရင်း....
"တွေ့သမျှအကုန်လုံးခုတ်ပစ်မယ် ငါးကင်ကျန်သေးရင်အကုန်ထုတ်"
လောင်ကျုံက ဓားကြီးကိုကြည့်ပြီး ရှောင်း နောက်သို့ပြေးကပ်၏။ ရှောင်းက စူးစူးရဲရဲစိုက်ကြည့်နေပြီး နေရာကမလှုပ် ၊ ဒီဓားက သူသုံးနေကျဓားဖြစ်ပြီး သစ္တိုသစ္စမ်ား ခုတ်ခွဲခြမ်းတတ်တာကြောင့် အပြင်မှာပဲထောင်ထားနေကျ...
အပြင်မှာ နံနက်ခင်းအလင်းရောင်က အေးမြစွာဖြန့်ကြက်လာသော်လည်း ဒီတဲထဲမွာ ဓားရေးတုတ်ရေးနှင့် စစ်ခင်းနေရတာတော့ ဘယ်သူမှသိမည်မဟုတ်....၊
"ငါ မဝသေးဘူးနော် ဟိုလူ ဘာကြည့်နေတာလဲ ဆံပင်မြက်ခြောက်ကေနဲ့ ငါးကင်တောင်းနေတာ မကြားဘူးလား"
"ဟိုစင်ပေါ်မှာ ရှိတယ် သြားယူ"
"ဘယ်မှာလဲ.."
"ဖောင်း..."
"အား..."
ဟိုမှာဆိုသည့်ဘက်ကိုလှည့်လိုက်တာနှင့် ရှောင်းက ဇက်ပိုးကိုရိုက်လိုက်သည်။ ကျယ်ကျယ်တောင်မအော်နိုင်ပဲ ဓားကအရင်လွတ်ကျကာ လူကခွေခွေလေးလဲကျသွားသည်။
"ဟွန့်...အရူးက တစ္မူးသာတယ္ဆိုတာ ဒါမျိုး"
ရှောင်းက လဲက်နေသူနားသို့သွားကာ ဆံပင်တွေဖုံးလုနီးပါး  မှောက်ကျနေသာပုခုံးနှင့် မျက်နှာကိုဆွဲလှည့်လိုက်သည်။
ကောင်လေးရဲ့ ကိုယ်လုံးလေး ဒီဘက်လှည့်လာမှ လက်တစ်ဖက်မှ မ ယူလိုက်ပြီး သူ့လက်လျှိုသွင်းလိုက်သည်။
"ကော ဘာလုပ်မလို့လဲ"
"လမ်းဘေးသွားချထားမလို့"
"သနားပါတယ်"
"သနားရင် မင်းပါ လိုက္သြား"
"သူမလိုက်ခင် မင်း ထောင်ကျမှာတော့ သေချာတယ်ကွ"
"ဟင်..."
တစ်ကိုယ်လုံးကိုပွေ့ယူကာ ကိုယ်ကိုမတ်မတ်ရပ်လိုက်ပြီးမှ တံခါးဝမွာ မိန့်မိန့်ကြီးလက်ပိုက်ကြည့်နေသော မင်ကောက ဘာတွေကြားသွးသည်မသိ...၊
"ဒီကောင်လေးကို ခင်ဗျားက မမြင်ဖူးဘူး"
"အခုရော ခင်ဗျားက မြင်လိုက်လို့လား"
"မြင်တာပေါ့ ငါတင်မဟုတ်ဘူး ခြေရင်းအိမ်က ထိပ်ပြောင်ကြီးလည်း မြင်တယ်"
"အဓိပ်ပါယျမရှိတာ..."
"ဘာလို့မရှိရမှာလဲ မင်းတို့ခုနကပဲ အပြင်မှာစကားများနေကြတာ"
အဲဒါတော့ ဟုတ်သည်။ မနက်လေးနာရီကျော်ပြီဆို ရွာမှာ သူ့အိမ်ကလွဲလို့ အိမ်တိုင်းလိုလိုနိုးနေကြပြီ။
"ကဲ...ကုတင်ပေါ်မှာသွားချထားလိုက်ပါ ရှောင်းရာ...၊ဒီကောင်လေးကရော ဘာလဲ"
လောင်ကျုံကို အထဲဝင်လာမှမြင်သွားပုံရပြီးမေးပေမယ့် သိပ်စိတ်ဝင်စားပုံမရပဲ....
"သွားချထားဘိုက်ပါကွာ မင်းကို ယောကျာ်းခိုးလာတယ်ထင်ပြီး ထိပ်ပြောင်ကြီးက သူ့မိန်းမကိုတောင်ခေါ်ပြီး ပြနေသေးတယ်"
"ဟာဗ်ာ ဒီလောက်သွပ်သွပ်ခါရူးနေတာကို"
(ပြောရဲတယ် ကျန်း. ဝက်သားငတ်ပါစေ)
"ဟုတ္လား"
"ဟုတ်တယ် အရူး...အဲသတ္တဝါလေးက ရေမျောကမ်းတင်"
"ဟင်..."
မင်းကောက ဟိုကြည့်ဒီကြည့်ဖြစ်သွားသည်။ တံခါးဖွ့်ထားတာကြောင့် အလင်းရာင်ကဝင်လာပြီဖြစ်သည်။ ကောင်လေးကို ကုတင်ပေါ်ဖြစ်သလို ပစ်တင်လိုက်ပြီး ဒေါကန်နေသော ရှောင်းကို မင်ကောက စာနာသလိုကြည့်ကာ...
"ထိပ်ပြောင်ကြီး တို့ထင်သလို မဟုတ်လောက်ဘူထင်လို့ သေချာအောင် ငါလာကြည့်တာ အဆင်မပြေဖြစ်နေရင် ဖျောင်းဖျဖို့ရော ဒါပေအယ့် အခုလိုဆိုတော့...."
"မင်ကော"
"ဟေ"
"ခင်ဗျားထင်ရာတွေ လျှောက်ပြောနေတာ က်နော် လူသတ်ချင်စိုက်ပေါက်လာပြီနော်"
"ငါက ထင်ရာတွေပြောနေတာ မဟုတ္ဘူး၊ မင်း ခုနကလို ပွေ့ထုတ်ပြီးလမ်းပေါ်သွားချထားလို့ရော လွယ်မယ်ထင်လား လူလေကွာ သစ္တိုသစ္စမွမဟုတ္တာ"
"သူ့ဟာသူ ဘယ္ကဘယ္လို လေတိုက်ပြီးရောက်လာမှန်းမသိတဲ့ဟာကို က်နော်က ဘာလို့လက်ခံထားရမှာလဲ"
"သူ့ကိုရော သူက ဘယ္ကလဲ"
"ရေထဲကဆယ်လိုက်တာ ဘာဖြစ်ဖြစ်သူက ကလေးဗျ"
"ဒါလည်း ယောကျာ်းလေးပဲကွာ ၊ ဒါပေမယ့် မင်း ပစ်ချင်တိုင်းပစ်လို့တော့ရမလား ၊ ကောင်လေးက ငယ်ငယ်ခေ်ာချောလေး သနားပါတယ္ကြာ ဘယ်အိမ်မှမဝင်ပဲ မင်းဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာ...အဲ..."
"ဘာလဲ မင်းလောင်းရထားဆိုက်တာလား ပြောအုန်းလေ"
"ဒါကတော့..."
"မင်းလောင်းရထားမဟုတ်ဘူး မသာရထား..."
မင်ကောက ခေါင်းကုတ်ငုံ့ချရင်း ရယ်ချင်ပက်ကျိမျက်နှာကို ကွယ်သည်။ ပြန်မော့လိုက်တော့ ခပ်တည်တည်.၊
"မသာဆိုလည်း မဆိုးသေးပါဘူးကွာ မသာကန်ထရိုက်လုပ်နေကြတာ အများကြီး မင်း ဖဲဝိုင်းဒိုင်ကိုင်.."
"ခင်ဗျားကတစ်မျိုး ...ပြန်ပါတော့ဗျာ"
"ဟား....မင်းစိတ်ကိုသိလို့ ပြေရာပြေကြောင်းပြောပေးနေတာ ကောင်လေးက ရူးနေတော့ရော မင်းနဲ့ပေးစားနေတာမှ မဟုတ္တာ"
"ပေးစားလို့ရော ဘယ္သူကယူမွာလဲ"
"ပြောထားဦးပေါ့"
"ဘာဗ်..."
"အော်...မဟုတ်ပါဘူး ငါက.."
"ဟုတ်ဟုတ် မဟုတ်ဟုတ် တော်ပါဗျာ...စိတ်ညစ်ရတဲ့အထဲ ခင်ဗျား ပါးစပ်ထဲမှာ ပြောကောင်းသမျှပေါက်ကရတွေ ဟာသလိုလို လူသတ္ချင်လာအောင် မြှောက်ပေးသလိုလို..."
"မင်္ဂလာရှိတဲ့ စကားကိုကြာ အခု ငါပြောမှာက ကောင်လေးက တို့ရွာသားမဟုတ်ဘူး ပြီးတော့ ညကမှတို့ရွာကိုရောက်လာတာ သေချာတယ်"
"မသေချာတာ ဘာရှိလဲ"
"မင်း ခိုးလာတယ်ထင်ကြမှာ ပိုသေချာတယ်"
"က်နော်က ဘယ်လောက်ချမ်းသာနေလို့ ခိုးပြေးရမှာလဲ ပြီးတော့ ယောကျာ်းချင်း.."
"ယောကျာ်းယူတာ ပိုက်ဆံချမ်းသာမှ ယူရမွာလား၊ ယောကျာ်းချင်းယူတော့ရော ဘာဖြစ်တုန်း"
"ခင်ဗျား ပြောပြန်ပြီ"
"စကားအဖြစ်ပြောတာပါကွာ ငါတို့က ရွာသားပေမယ့် ခေတ်တော့နောက်မကျသေးပါဘူးကွာ မြို့ပေါ်မှာ ယောကျာ်းချင်းယူတာတွများ ပြထနေတာကို"
"ကျွတ်.."
စကားအမွားမခံပဲ သတိလစ်နေသော ကောင်လေးကို စောင့်ကြည့်လိုက် ရှုံ့မဲ့လိုက်နှင့် ရှောင်းကျန့် ဆိုသော ကောင်လေးလည်း သနားစရာပါ...
သနားတယ်ပြောရင် ဒေါသထွက်တတ်သည့် အသားညိုဝင်းဝင်း၊ မျက်ခုံးကောင်းပြီး စူးရှသောမျက်ဝန်း၊ နှာတံချွန်ချွန် ဆံပင်ဂုတ်ထောက်ပွပွနှင့် ယောကျာ်းပီသပြီး ရင်အုပ်ကျယ်ကျယ် အရပ်ရှည်ရှည်နှင့် ကောင်လေး...၊
အလုပ်အကိုင်မယ်မယ်ရရမရှိသော်လည်း ရွာထဲရှိအပျိုတသိုက်၏ အသည်းကျော်...
သူများခိုင်းတာလဲမလုပ်ချင် ကိုယ်ပိုင်ငွေလည်းမရှိသည့် ရှောင်းက ရွာထိပ်က ထော်လာဂျီဂိတ်မှာတော့ အျမဲတွေ့ရတတ်ပြီး ပါစင်ဂျာရှိပြီးမောင်းဖို်အဆင်အပြေလျှင် သူဝင်မောင်းပေးသည်။
ရောင်းသူဝယ်သူကြားစေ့စပ်ညှိနှိုင်းပေးလို့ရသည့် အဖိုးအခ သူ့တွင်ဒါပဲရှိသည်။ တချို့ရက်တွေဆို ချောင်းရှေ့ထိုင်နေပုံက စားစရာတွေပဲ ချောင်းထဲကခုန်ထွက်လာသလို.....။



.................
တန်းလန်းအစ်သယ်ဘက်စ်....
see you soon.

You, Me and KidWhere stories live. Discover now