Zawgyi
ပေါက်စီလေး ကဘယ်လိုမှပြန်တော့မှာ မဟုတ်တာသေချာသည်နှင့် ရှောင်း အလုပ်ရှုပ်နေရင်း မျက်နှာကစူပုတ်ပွထနေသည်။
"တူ ပေးစမ်း "
"သံ အဟောင်းတွေလိုက်နုတ်၊ ပြီးရင် ဒီလိုတင်ပြီး သေချာဖြောင့် "
"ဟို သစ်ပုံထဲမှာ နှစ်တစ်လက်မ ခြောက်ပေ နှစ်ချောင်းလောက်သွားရှာ"
စသည်ဖြင့် ထိုင်ရာမထ ခိုင်းလျက်..၊ လောင်ကျုံ ဘာပဲလုပ်လုပ် သူပဲစိတ်တိုင်းမကျ သူပဲ အော်....၊
"ဟိုကောင်လေး ကုတင်ပေါ်တက်ပြီး ဘာလုပ်နေတာလဲ ဆင်းစမ်း.."
ပေါက်စီလေး ကိုလည်း ဟိုပေါ်ကဆွဲချ ၊ ဒီလို မနေနဲ့ စသည်ဖြင့် နှစ်ယောက်အိပ်ကုတင်တစ်လုံးနှင့် နောက်ဖေးတစ်ခန်းစာ ထပ်ချဲ့သည့်အလုပ်ကို တစ်ယောက်တည်း ဆူညံနေခဲ့သည်။
နှစ်ထပ်အိမ်ကြီးတစ်လုံးလုံး ပြိုကျစုပုံနေတာကြောင့် သေးသေးကွေးကွေး တစ်စုံတစ်ခုပြန်ဆောက်ဖို့အတွက် သိပ်တော့မခဲယဉ်းပါ..၊
ခဲယဉ်းနေတာက ပေါက်စီလေး ဒီအိမ်မှာနေတော့မှာကိုတွေးမိပြီး အလိုမကျသည့် စိတ်ကိုဖျောက်နိုင်ဖို့ပင်...။
"ကဲ....ဒီမှာ ထမင်းလာပို့တာဟေ့"
မင်ကော မိန်းမ လျန်ကျဲက နှစ်ဆင့်ချိုင့်လုံးကြီးကိုင်လျက် အသံပေးကာ အနောက်မှာရပ်နေတာက မင်ကော...၊
"လာပြီး လျန်ကျဲ"
ပေါက်စီလေးက ရှောင်း အလုပ်မရှိ အလုပ်ရှာ ခိုင်းထားသည့် ထင်းစလေးတွေ ကောက်ယူစုဆောင်းနေရာကနေ ဝမ်းသာအားရ ထပြေးလာသည်။
"ဝုန်း...."
"မား...."
ပျဉ်ချောင်းတွေကို ပွေ့ထားလျက်ကနေ ပစ်ချလိုက်ပြီး ရှောင်းက လှမ်းကြည့်ကာ....
"ထမင်းလာပို့ရအောင် ဒီအိမ်မှာ မီးဘေးဒုက္ခသည်တွေ စုနေတယ်ထင်လို့လား"
"မင်းကလည်း အိမ်နီးချင်းမို့လို့ ငါတို့က..."
"အေးလေဟယ်...ဒီကောင်လေး အပြောကို ဆိုးတယ်"
"လျန်ကျဲတို့က နှစ်အိမ်ကျော်ကနေ ဝတ္တရားတွေကျေနေတာ နည်းနည်းတော့ အိုဗာဖြစ်နေပြီ"
"ဟဲ့...ဒီမှာ ပေါက်စီလေး"
"ပေါက်စီလေးကို ကျွေးချင် ခေါ်သွား"
"ပေါက်စီလေးက ဒီမှာပဲနေမယ်ဆိုလို့လေ ငါတို့က ဒီလို ချစ်စရာကောင်းတဲ့ ကလေးပေါက်စကို အပြီးအပိုင်တောင်လိုချင်သေးတာ သိလား"
လျန်မေကျဲက မင်ကောလောက် မဟုတ်ပေမယ့် သဘောကတော့ကောင်းသူပါ...၊ အထူးသဖြင့် ရှောင်း ကိုဆို တစ်ကိုယ်ရေတစ်ကာယနဲ့ ဘဝကို ဖြစ်သလိုထိန်းကျောင်းနေရတာမို့ စာနာသည်းခံသော မျက်လုံးနှင့်သာကြည့်ခဲ့တာဖြစ်သည်။
ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ကလေးချင်းရန်ဖြစ်သလို ဖြစ်တတ်ကြသေးသည်။ ဒေါသဖြစ်တတ်သည့် လူသားတွေပဲမို့....။
"ကဲ ကြားလား ပေါက်စီလေး လိုက်ခဲ့တော့"
"ထမင်းစားဖို့လား လိုက်မှာပေါ့ လောင်ကျုံရော.."
"ထမင်းစားဖို့ မဟုတ်ဘူး လောင်ကျုံက ဒီမှာနေပါစေ မောင်လေးက ဟိုမှာလိုက်နေရမှာ"
"ကျနော်..."
"အင်း...လာ...သွားမယ်"
"ဟာ...မလိုက်ချင်ပါဘူး သူများအိမ်ကို"
ပေါက်စီလေး ဖြစ်သွားပုံကို ကြည့်ပြီး မင်ကောက ရှေ့တိုးလာပြီး ရယ်ကာ...
"ပေါက်စီလေးက ဒီမှာပဲ သူ့မိသားစု သူ့အိမ်လို သဘောထားနေပြီကွ ရှောင်း ပြောတာလည်း မှန်ပါတယ်....ဟဲ...ဟဲ...ယောကျာ်းမာနဆိုတာ အဲဒါပဲ သူ့ဝန် သူထမ်း သူ့လမ်း သူလျှောက်ပါစေ ထားလိုက်တော့ လာ...လာ"
မင်ကော ဝင်ပြောလိုက်ပြီဆို စကားတွေက ဘယ်ပုံစံဝင်ဝင်သွားမှန်းမသိ....၊
ထိုအချိန် ခြံရှေ့မှ ဆိုင်ကယ်လ်သံကြားလိုက်ရကာ....
"ရှောင်းရေ...လာကွာ...မင်း ဘာလုပ်နေလဲ"
"အိမ်ပြင်နေတာ ကျိုးကော"
ဆိုင်ကယ်လ်ပေါ်ကနေ လှမ်းခေါ်သည့်လူကို ကိုင်ထားသည့် တူတွေသံတွေချထားလိုက်ပြီး ထသွားသည့် ရှောင်းကို မင်ကောတို့က လိုက်ကြည့်ကာ သူ့ရှေ့ကနေ ဖြတ်သွားမှ လေသံတိုးတိုးဖြင့်...
"အဲဒါ အလုပ်လာခေါ်တာကွ ဒီမိသားစု မဆိုးဘူး တစ်ယောက်နဲ့တစ်ယောက် အကျိုးပေးတယ်"
ရှောင်းကျန့် သေချာကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်တော့ မင်ကော မျက်နှာက သူ့အကြောင်းပြောနေတာ မဟုတ်သလိုလို......။
အလုပ်မရှိ အကိုင်မရှိ မစားရလည်း ဗိုက်မှောက်နေလိုက်မည်ဆိုသော တဲစုတ်လေးထဲ လူတစ်ယောက်ရယ် စိတ်မမှန်သော ချစ်စရာကောင်လေးရယ် အရွယ်မရောက်သေးသော ကလေးငယ်တစ်ယောက်ရယ်.....၊
ပါးစပ်ရာဇဝင်လေး တစ်ခုတော့ ဖြစ်ခဲ့လေသည်။************
တိုသွားတယ်. နက်ဖြန်တစ်ပိုင်းလာမယ်နော်.
ဖတ်တဲ့သူတွေအနေနဲ့. ပြောချင်တာရှိရင်ပြောခဲ့ကြနော်.
ဘယ်လိုခံစားမိတယ်ဆိုတဲ့အကြောင်းပေါ့.
see you soon.❤💚
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...