"ဆောင်းဟန်ဘင်း"နာမည်လေးကို ဖွဖွရေရွတ်လိုက်ရုံနဲ့အပြုံးတွေကိုဖြစ်ပေါ်စေပြီး ဟာအို့နှလုံးသားကိုနွေးထွေးစေသူ..။
ကျောင်းရဲ့လူချောလေးမို့ ယောကျာ်း မိန်းမမရွေးအားလုံးက သူ့ကိုဆို ချစ်ချင်ကြတယ် ခင်ချင်ကြတယ်။ ပလေးဘွိုင်းလေးကလည်းသူ့ဆီလာသမျှ
လူတိုင်းကို အီစီကလီလုပ်ရတာ သဘောကျလေရဲ့။ယောက်ျားပီသတဲ့ခန္ဓာကိုယ်အချိုးအစားရှိတဲ့အပြင်
မျက်ခုံး မျက်လုံး နှာတံကအစ အပြစ်ပြောစရာမရှိတဲ့ကောင်လေးမို့ ဒီလိုမျိုးဝိုင်းဝိုင်းလည်နေတာအဆန်းတော့လည်းမဟုတ်ပါ။ မျက်တောင်ရှည်လေးတွေနဲ့ ရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ကြောင် နှုတ်ခမ်းမွှေးလေးတွေကတော့ ဆောင်းဟန်ဘင်းဆီမှာ ဟာအိုမြတ်နိုးရဆုံးအရာတွေပါပဲ။ဟာအို ဒီကျောင်းကိုပြောင်းလာတာ တစ်လတိတိရှိသွားပြီ။ ဟန်ဘင်းနီးကို မြင်မြင်ချင်း သဘောကျတာမို့ အမြဲစောင့်ကြည့်ခဲ့ပေမယ့် ဟန်ဘင်းကတော့ ဟာအိုအခန်းထဲမှာရှိမှန်းတောင်သိပုံမရသလို ဟာအို့ဘက်ကလည်း သိအောင်ကြိုးစားဖို့ စိတ်ကူးမရှိပါဘူး။ ဟာအို့တွက်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ရဖို့ဆိုတာထက် တစိမ့်စိမ့်ကြည့်နေခွင့်ရရုံနဲ့လုံလောက်ပါတယ်။
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးနေပေမယ့် ဟာအို့ အတွက်တော့ နေ့ရက်တိုင်းက ထူးမခြားနားပါပဲ။
မနက်ခင်းအိပ်ယာနိုးရင် ကျောင်းသွားဖို့ပြင်ဆင်ပြီး အတန်းထဲရောက်တာနဲ့ ဟန်ဘင်းနီးကို တိတ်တိတ်လေးငေးမောရင်းကုန်ဆုံးသွားရတာပါပဲ။ဒီလိုဖြတ်သန်းနေရင်း တစ်ရက်မှာတော့ အချစ်ဆိုတာ ချစ်နေရရုံနဲ့ လုံလောက်တယ်လို့ခံယူထားတဲ့
ဟာအို့ကို အချစ်အတွက် လောဘတက်စေဖို့အကြောင်းဖန်လာခဲ့လေရဲ့။ အဲဒါကတော့ သေချာပေါက် ဟန်ဘင်းကြောင့်ပဲပေါ့။"ဒီမှာ ဒီမှာ ကျန်းဟာအို..."
ဟာအိုစာသင်ခန်းကနေ စာကြည့်တိုက်ဆီလမ်း
လျှောက်သွားနေတုံး နောက်ကခေါ်သံကြောင့်
လှည့်လိုက်တဲ့အခါ တွေ့လိုက်ရတဲ့ဟန်ဘင်း
ကြောင့် ဟာအို့ရဲ့နှလုံးသားလေးက ထိန်းချုပ်
မရအောင် ခုန်ပေါက်နေလေရဲ့။
YOU ARE READING
မောင့်ဟာနူး
Fanfictionရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ မောင့်မျက်နှာပေါ်က ကြောင်နှုတ်ခမ်းမွှေးလေးတွေက ငါ့ရဲ့ ပျော်ရွှင်ရာအသက်ဓာတ်လေးမို့ သူများတွေရှေ့ မင်းရယ်မောတဲ့အခါ မနာလိုရတာမို့ ကျေးဇူးပြုပြီး ငါ့ရှေ့မှာပဲရယ်မောပေးပါ။