ချစ်သူလေးနဲ့တွေ့ရမှာမို့ မနက်တည်းက တက်ကြွတဲ့ကြက်ဖလုပ်နေတဲ့ဟန်ဘင်းတစ်ယောက် ကျောင်းကို
အစောကြီးရောက်နေပါတယ်။ အဲဒါကြောင့်စာကြည့် တိုက်အရင်မသွားဘဲ ဟာနူးနဲ့မှ တူတူသွားရအောင်
ကျောင်းပေါက်ဝကိုမြင်ရတဲ့ခုံတန်းမှာ ထိုင်စောင့်နေတုံး ဂယူ့ဆီက ဖုန်းဝင်လာပါတယ်။"ဟယ်လို...ဂယူပြော"
"မင်းဘယ်မှာလဲ ဒီနေ့ရောကျောင်းလာမှာလား
သားကြီး""ငါက ကျောင်းတောင်ရောက်နေပြီ။ မင်းရောလာမှာလား ရစ်ခီရော"
"OMG...ဆောင်းဟန်ဘင်းက ဒီအချိန်ကြီးကျောင်းရောက်နေတယ်။ အနောက်အရပ်ကနေထွက်ပြီး အရှေ့အရပ်က နေဝင်ကုန်တော့မှာပဲဟေ့"
ဂယူပြောလည်း ပြောချင်စရာပါပဲ။ အရင်ကဆို
ဟန်ဘင်းက ကျောင်းတက်ခါနီးမှ ကျောင်းကို
ရောက်ပြီး ညဘက်အိပ်တာနောက်ကျတဲ့နေ့ဆို
တစ်ချိန်ပြီးမှ ရောက်လာတတ်သေးတာ။"ဒီနေ့ ဟာနူးလေးနဲ့ချိန်းထားတယ်လေ။ ခုလည်း
သူ့ကိုစောင့်နေတာ သူလာမှ သူ့လက်လေးကိုင်ပြီး
စာကြည့်တိုက်တူတူသွားမလို့ ဟဲဟဲ"ဒီဘက်က ဖုန်းကိုင်ထားတဲ့ဂယူကတော့ ဟန်ဘင်း
စကားတွေကြားပြီး မျက်နှာတစ်ခုလုံးမဲ့ရွဲ့နေမိပါတယ်။"စောက်ကဲကပိုနေပြန်ပြီ။ အရူးအမဲသားကျွေးတယ်ပြောရအောင်ကလည်း ခုမှရည်းစားထားဖူးတာလည်းမဟုတ်။ မင်းတို့က ဘာလို့ စာကြည့်တိုက်သွားမှာလဲ။ မင်းတို့ချစ်သူဖြစ်တဲ့အထိမ်းအမှတ်နဲ့ ငါတို့ကို တစ်ဝိုင်းလုပ်လေ။ ကျေးဇူးမမေ့ပါဘူးဆိုတဲ့စကားက ညာပြောခဲ့တာလား ဆောင်းဟန်ဘင်း"
ညတည်းက ဟာနူးနဲ့သူ ချစ်သူတွေဖြစ်သွားတဲ့အကြောင်း ဂရုချက်ကနေပြောထားတာမို့ ဟန်ဘင်းနဲ့ ဟာအိုအကြောင်း ဂယူရော ရစ်ခီရော သိပြီးပါပြီ။
"မဟုတ်ပါဘူး ဂယူရာ။ သူက စာကြည့်တိုက်မှာ
ဆုံမယ်ပြောထားတော့…""ဆောင်းဟန်ဘင်းတို့ အပိုးကိုကျိုးနေတာပဲနော်
မရဘူး မင်းရဲ့ဟာနူးပါခေါ်ပြီးလာခဲ့။ ရုအီကိုလည်းခေါ်လိုက်မယ်။ ဒါပဲ ဟျောင့်"
YOU ARE READING
မောင့်ဟာနူး
Fanfictionရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ မောင့်မျက်နှာပေါ်က ကြောင်နှုတ်ခမ်းမွှေးလေးတွေက ငါ့ရဲ့ ပျော်ရွှင်ရာအသက်ဓာတ်လေးမို့ သူများတွေရှေ့ မင်းရယ်မောတဲ့အခါ မနာလိုရတာမို့ ကျေးဇူးပြုပြီး ငါ့ရှေ့မှာပဲရယ်မောပေးပါ။