Part - 8

609 55 4
                                    

အားရပါးရစိတ်တိုင်းကျငိုပြီးနောက် ရှက်လွန်းလို့ ဟန်ဘင်းနဲ့မျက်နှာချင်းဆိုင်မရဲ။ ဘယ်လိုတောင်
အသိစိတ်လွတ်သွားတာလဲ ကျန်းဟာအိုရယ်။

"ငိုလို့ဝပြီလား? ငိုလို့ဝရင် မောင့်ကိုအဖြေပေးလို့
ရပြီနော်"

အားပါးတရငိုထားလို့ မျက်နှာလေးနဲ့ နှာခေါင်းထိပ်လေးရဲနေတာကအစ ကျန်းဟာအိုလေးက ချစ်ဖို့ ကောင်းနေတော့တာ။ သူ့ဘာသာငိုပြီး ရှက်နေတာ
သိပေမယ့် အဖြေကတော့တောင်းမှကိုဖြစ်မှာ။
ဒီလိုမတင်မကျအခြေနေကြီးတော့ အိမ်မပြန်နိုင။

"ဟာနူး ဒီလိုပဲ ဘာမှမပြောဘဲနေတော့မှာလား?
ဟာနူးဆီကအဖြေမသိရမချင်း မောင်မပြန်ဘူးနော်။ ဒီမှာ ညအိပ်ရလည်းဖြစ်တယ်"

"ငါ ရှက်နေတယ်လေ။ ခဏလောက် အလိုက်တသိပါးစပ်ပိတ်ပြီး ငြိမ်နေပေးလို့မရဘူးလား"

ခေါင်းကြီးငုံ့ထားပြီး စကားပြန်မလာတဲ့ ကောင်လေးက ညအိပ်မယ်ခြိမ်းခြောက်လိုက်မှ ပြန်ပြောလာတာချက်ချင်း။

"ငိုတာပဲရှက်စရာလား? လူတွေက အကြောင်းအမျိုးမျိုးကြောင့် ငိုတတ်ကြတာပဲလေ။ မောင်လည်း ငိုဖူး
တာပဲ။ အဲဒါကြောင့်မရှက်နဲ့ မောင့်ကိုအဖြေပေး"

သူမှအပြောကောင်း သူဖွင့်ပြောလို့ စိတ်လှုပ်ရှားပြီး
သူရှေ့ငိုတာကို ဘယ်လိုမျက်နှာနဲ့ မရှက်ဘဲနေနိုင်မှာလဲ။ အဲဒီ ဟန်ဘင်းကလေ အမြဲတမ်းဇွတ်။ သူ့ကိုသူလည်း မောင်ဆိုတာပါးစပ်ကမချ။

"ငါ့ကိုသဘောကျတာ သေချာလား ဟန်ဘင်း?
ငါက မင်းထင်ထားတာထက်ဆိုးတယ်နော်။ သဝန်လည်းအများကြီးတိုတတ်ပြီး ငါ့အပိုင်လို့သတ်မှတ်
ပြီးရင် အမြဲတွယ်ကပ်နေတော့မှာ။ ခုနောက်ဆုတ် မယ်ဆို အချိန်မီသေးတယ်"

"ဟာနူးကြိုက်သလောက်သဝန်တို ကြိုက်သလောက်
ဆိုးလို့ရတယ်။ ဟာနူးက တွယ်ကပ်မနေရင်တောင်
မောင်က တွယ်ကပ်နေမှာ"

"ငါနဲ့တွဲရင် တခြားသူတွေနဲ့ ထပ်မရှုပ်ရဘူးနော်။
ပြီးတော့ ငါ့ကိုပဲဂရုစိုက်ပေးပြီး ငါ့ရှေ့မှာပဲ အများကြီးရယ်။ မင်းမျက်နှာပေါ်ကအရစ်လေးတွေပေါ်
တဲ့အထိ တခြားသူတွေကိုရယ်မပြနဲ့"

မောင့်ဟာနူးWhere stories live. Discover now