Part -10

595 68 5
                                    

ဟာအိုတို့ချစ်သူဖြစ်တာ ဘာလိုလိုနဲ့ ငါးလပြည့်ခဲ့ပါပြီ။ ဒီအတောအတွင်း တစ်ခါတစ်လေ ဟာအို့ဘက်က ဟန်ဘင်းကိုသဝန်တိုလွန်ပြီး ကောက်တာကလွဲဘာပြဿနာမှ ကြီးကြီးမားမားမရှိခဲ့။

ဒီနေ့က ငါးလပြည့်မို့ ဟာအို ထူးထူးခြားခြား
ရင်ခုန်ပြီး စိတ်လှုပ်ရှားနေမိပါတယ်။ ချစ်သူ
သက်တမ်းတစ်လတိုးလာတိုင်း လက်ဆောင်
လှလှလေးတွေနဲ့ Suprise လုပ်တတ်တဲ့
ကောင်လေးက မောင်တို့ရဲ့ငါးလပြည့်ကျရင်မျှော်လင့်ထားလိုက်လို့ပြောထားဖူးတာကြောင့်
ပိုလို့စိတ်လှုပ်ရှားနေမိတာ။

ဟာအိုက စိတ်လှုပ်ရှားနေပေမယ့် ဟန်ဘင်းဆီကတော့ ခုချိန်ထိ ငါးလပြည့်နဲ့ပတ်သက်တဲ့
စာတိုလေးတစ်ကြောင်းတောင် ရောက်မလာသေးပါ။ မေ့နေတာများလား? မဖြစ်နိုင်တာ
မောင်က ငါနဲ့ပတ်သက်သမျှအားလုံးမှတ်မိ
တာကို။ Suprise လုပ်မလို့များလား ဒါကမှ
ဖြစ်နိုင်သေး။

နိုးလာကတည်းက ရင်ခုန်စိတ်လှုပ်ရှားလိုက်
မေးခွန်းတွေ တစ်ယောက်တည်းမေးလိုက်
ဖြေလိုက်လုပ်ရင်း နောက်ဆုံးတော့ ကျောင်းကို
ထွက်လာခဲ့ပါတော့တယ်။ မောင်က ငါ့ထက်
အရင်ရောက်နေပြီး Suprise လုပ်ပေးရင်
အား... စိတ်ကူးနဲ့ရင်ပျော်နေရပြီ။

"အဲလိုမဟုတ်ပါဘူး မီနာရယ်။ ငါ့ဟာနူးလေးက
အရမ်းသဝန်တိုတတ်တော့ ငါကဆင်ခြင်ပေးတဲ့
သဘောပါပဲ။ အရင်က အနေထိုင်မတတ်ခဲ့တော့
သူ့ဆီကယုံကြည်မှုရဖို့ ငါကြိုးစားနေရလို့ပါ"

"အမလေး ပိုကိုပိုတယ် ဟန်ဘင်းရယ်။ နင် ငါနဲ့တွဲခဲ့တုံးက ငါသဝန်တိုတာတွေကို အဖက်တောင်လုပ်ခဲ့လို့လား? နင် တကယ်ကြီး ချစ်တတ်သွားတာပဲ။
ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ် နင့်ကိုငြိမ်အောင်
လုပ်နိုင်တဲ့သူပေါ်လာလို့ရော ခုနစ်ရက်သားသမီး
တွေအတွက်ရော"

"ဟားဟားဟား...မီနာရယ် မသိရင် ငါက
လူယုတ်မာကြီးလိုလို။ သူတို့လည်းပျော်
ငါလည်းပျော်အောင် တွဲကြရုံပါပဲ အဲဒါထက်
မပိုဘူး"

"အဲဒါက နင့်ဘက်ကအတွေးလေ အရူးရဲ့။
တစ်ဖက်က နင့်ကိုတကယ်သဘောကျပြီး အသည်းကွဲတဲ့သူတွေလည်းရှိတာပဲ။
နင်က မသိချင်ယောင်ဆောင်ပြီး အပျော်တမ်း
အသဲခွဲနေခဲ့တာလေ ကောင်စုတ်ရဲ့"

မောင့်ဟာနူးWhere stories live. Discover now