Suprise For You 💙

421 55 7
                                    

"ရုအီမင်းသိလား မောင်က ငါ့ကို အရင်လိုမချစ်တော့ဘူး"

ကျန်းဟောင့်ရဲ့ဒရမ်မာတွေကိုနားထောင်ရမယ့်
အချိန်ရောက်လာပြန်ပြီပဲ၊ တစ်လတစ်ခါနီးပါး
ဟန်ဘင်းက သူ့ကိုမချစ်တော့ဘူးဆိုပြီး လာငြီး
ရတာအမော၊ ဟုတ်တာလည်းမဟုတ်ဘဲ ဟိုက
ချစ်မှန်းသိလို့ တအားဆိုးနေတာလေ။

တစ်ခါတစ်လေ သူတို့နှစ်‌ယောက်မှာ ဘယ်သူက
အရင်စကြိုက်ခဲ့တာလဲဆိုတာ မသဲကွဲဘူး။
ဆောင်းဟန်ဘင်းဆိုတာကလည်း ကျန်းဟောင့်
ကိုဆို အလိုလိုက်တာမှလွန်လို့ ကျန်းဟောင့်ဆိုးသမျှ
ရစ်သမျှကိုလည်း သူမို့သည်းခံနိုင်တယ်၊ သူရစ်သမျှ တစ်လကိုတစ်ခါလောက်နားထောင်ပေးရတဲ့ ရုအီတောင် စိတ်မရှည်ချင်။

"ပြောစမ်းပါအုံး ဒီတစ်ခါကရော ဘာကပြဿနာလဲ"

"လာမယ့်သောကြာနေ့က ငါတို့နှစ်ယောက်ရဲ့
ချစ်သူသက်တမ်းနှစ်နှစ်ပြည့်လေ၊ တစ်နှစ်ပြည့်
တုံးကဆို အစောကြီးတည်းက ငါဖြစ်ချင်တာတွေ
အကုန်မေးပြီး အဲဒီနေ့မှာလုပ်ပေးခဲ့တာ၊ ဒီနှစ်ကျ
ခုချိန်ထိ ငါ့ကိုလည်းဘာမှမမေးဘူး သူ့ကြည့်တော့
လည်း အေးအေးဆေးအေးပဲ မင်းပဲစဉ်းစားကြည့်
ငါကပဲ အမှတ်ရနေတာဖြစ်သင့်လားလို့"

"ရောက်မှမရောက်သေးတာကိုကွာ သူ့မှာလည်း
အစီစဉ်တစ်ခုခုရှိရင်ရှိမှာပေါ့ မင်းကိုမပြောပြ
သေးတာလည်းဖြစ်နိုင်တာပဲ"

"မဟုတ်ဘူး...မဖြစ်နိုင်ပါဘူးဆို၊ မောင်နဲ့ငါက
အိပ်ချိန်ကလွဲရင် တစ်နေ့လုံးတူတူရှိနေတာလေ၊
မောင်တစ်ခုခုထူးခြားရင် ငါသိကိုသိတယ်၊ ခုက
သူက အေးဆေးပါဆို၊ ငါအရိပ်အမြွက်ပေးနေ
တာတောင် သတိမထားမိပါဘူးဆို"

"ဒါဆိုလည်း တည့်ပဲပြောလိုက်တော့လေ၊ ငါ့ကို
ပြောပြနေတော့ ငါက ဘာလုပ်ပေးလို့ရမှာလဲ၊
ဟန်ဘင်းကိုဖွင့်မေးလိုက်လေ"

"အဲလိုကြီးမမေးချင်လို့ပေါ့၊ ငါ့မှာရင်ဖွင့်စရာ
မင်းပဲရှိလို့ ပြောပြတာကို မင်းကပါ ငါ့ကိုငြိုငြင်
တာလား...ဟင့်...ငါငိုချင်နေပါတယ်ဆိုမှ"

"အေးပါ...အေးပါ...မငြိုငြင်ပါဘူးကွာ ငိုတော့
မငိုနဲ့ဟုတ်ပြီလား? ဂယူဘင်းနဲ့ ရစ်ခီကိုမေးကြည့်
ပါ့လား ဟန်ဘင်းတစ်ခုခုစီစဉ်နေတာရှိလားဆိုတာလေ သူတို့ဆိုသိကြမှာပဲ"

မောင့်ဟာနူးWhere stories live. Discover now