Final Part

828 66 9
                                    

ဟာအို့လက်ချက်ကြောင့် ကြေမွသွားပြီဖြစ်တဲ့
ဖုန်းလေးကို စက်ပြန်ဖွင့်ကြည့်တော့ ဖွင့်လို့ရသွား
ပေမယ့် Screen ကတော့ လုံးဝသုံးမရတော့ပါ။

ဖုန်းလာနေတာမြင်ရပေမယ့် ကိုင်လို့မရ။
မနားတမ်းခေါ်နေတဲ့ အဝင်ကောလ်လေးရဲ့
Contact Name မှာ "မောင် ❤️" တဲ့။

ငါ့အသဲကိုခွဲရတာအားမရသေးလို့ ငါ့ဆီကဘာတွေကိုထပ်လိုချင်နေသေးတာလဲ မောင်။ မင်းနဲ့ပတ်သက်ရင် ငါက ပျော့ညံ့တဲ့ကောင်မို့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးလို့မရဘူးလား။ မငိုချင်တော့ပါဘူးဆို ထပ်ကျလာပြန်တဲ့မျက်ရည်တွေကို ဟာအို အကြမ်းပတမ်းသုတ်ပစ်လိုက်မိပါတယ်။

စက်ပိတ်ထားပါတယ်လို့‌အော်နေလည်း ဆက်တိုက်ခေါ်နေရင်း နောက်ဆုံးတော့ ဖုန်းဝင်သွားခဲ့ပါတယ်။
ဖုန်းဝင်သွားပေမယ့်လည်း ကိုင်သူမရှိတဲ့ဖုန်းကြောင့်
ဟန်ဘင်းရင်တွေပိုပူလာရပါတယ်။ ဒီနေ့ကျမှ
သွားနေကျလမ်းက ပိုဝေးနေသလိုလို။

ဟာနူးအခန်းဆီ‌ရောက်ပြီး သိနေတဲ့ Password ကိုနှိပ် အခန်းထဲဝင်သွားတော့ မြင်လိုက်ရတဲ့ ဟာနူး
ပုံစံကြောင့် ဟန်ဘင်းရင်ထဲမှာ ဖော်ပြလို့မရလောက်
အောင် နာကျင်သွားရပါတယ်။

အခန်းထဲ လူတစ်ယောက်လုံးဝင်လာတာကိုသတိ
မထားမိလောက်တဲ့ထိ စိတ်နဲ့ကိုယ်မကပ်ဖြစ်နေတဲ့
ဟာနူး။ မင်း တော်တော်အသုံးမကျတဲ့ကောင်ပဲ
ဆောင်းဟန်ဘင်း။ ဘာမဟုတ်တဲ့ မင်းရဲ့မာနလေး
တစ်ခုကြောင့် မင်းကိုသိပ်ချစ်တဲ့သူကို ဒီလိုခံစားရအောင်လုပ်ရလား?

"ဟာနူး.."

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်း အနားကပ်သွားပြီး နာမည်ခေါ်လိုက်မှ အသိဝင်လာတဲ့ကောင်လေး။

"ဆောင်းဟန်ဘင်း...မင်းက ဒီလိုဘယ်လိုရောက်လာပြန်တာလဲ။ နေပါအုံး ဒါကရော အရူးလိုပဲ ငါမြင်ယောင်နေတာပဲလား?"

"ဟာနူးရယ်...မြင်ယောင်နေတာမဟုတ်ဘဲ မောင်အစစ်ပါ။ ဟာနူးရဲ့မောင်လေ"

"ငါ့ရဲ့မောင်? ဒါဆို ဆောင်းဟန်ဘင်းအစစ်ပေါ့။
ဘာလဲ ငါပြိုလဲနေတာကို ကိုယ်တိုင်အတည်ပြုဖို့
လာခဲ့တာလား? အလဲလဲအပြိုပြိုဖြစ်နေတဲ့ ငါ့ရဲ့
ဒီပုံစံကိုမြင်လိုက်ရတော့ မင်းသိပ်ပျော်သွားတယ်
မို့လား? မင်း အရမ်းတော်ပါတယ် ဟန်ဘင်း"

မောင့်ဟာနူးWhere stories live. Discover now