Part - 4

544 62 6
                                    

ဂယူ့ကြောင့်သာမဟုတ်ရင် ဟန်ဘင်းတစ်ယောက်
ဟာအို့ကိုသတိထားမိခဲ့မှာမဟုတ်ဘူး။ ရည်းစား
မကျ ချစ်သူမကလေးတွေနဲ့ လျှောက်လည်နေရ
တာနဲ့ အလုပ်ရှုပ်နေတတ်တဲ့ဟန်ဘင်းက ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုမပြုတတ်သူမျိုး။

Flash Back...

"ကျောင်းပြောင်းလာတဲ့ကောင်လေးကို သတိထား
မိလား ဟန်ဘင်း"

"ဘယ်သူလဲ ငါက သေချာပေါက်သတိထားမိဖို့
လိုအပ်လို့လား"

ဟန်ဘင်းရဲ့အပြောကို မကျေနပ်သလို မျက်လုံးစွေကြည့်လာပြီး ဂယူကဆက်ပြောလာပါတယ်။

"ကျန်းဟာအိုလေကွာ ဖြူဖြူနုနုလေးနဲ့ ချစ်ဖို့
အရမ်းကောင်းတာ။ မင်းကသာ သတိမထားမိတာ သူကတော့ မင်းကို နေ့တိုင်းငေးကြည့်ရတာအမော"

ဂယူ့စကားကြောင့် နည်းနည်းတော့ အံ့ဩသွားတယ်။ ကျောင်းမှာ ဟန်ဘင်းကိုသဘောကျတဲ့သူများပေမယ့် သဘောကျရင်ကျတယ် တွဲကြရ
အောင် ဒီလိုမျိုး ဖွင့်ပြောလာတဲ့သူတွေပဲရှိပြီး
ငေးမောကြည့်နေတတ်တဲ့သူမျိုးတော့ ခုထိမကြုံဖူးသေးပါ။

"ဟိုခုံမှာထိုင်ပြီး စာလုပ်နေတဲ့ ခေါင်းလုံးလေးကို
ပြောတာလား။ မင်းပြောတာဟုတ်ပါ့မလား ဂယူရ။
သူ့ကိုငါမြင်တိုင်း အမြဲစာလုပ်နေတာပဲတွေ့သလားလို့လေ"

"မင်းကိုပဲအမြဲငေးကြည့်တတ်တယ်ဆိုတိုင်း အချိန်ပြည့်တော့ ကြည့်နေနိုင်မလားကွာ။
သူက စာလည်းအရမ်းတော်တာ အချစ်တွက်
မင်းကိုကြည့်သလို ဘဝတွက်လည်း စာကြည့်
ရမယ်လေ ဟဲဟဲ"

"စကားလုံးက လူပုံနဲ့မလိုက်ဘူး"

"ဟားဟားဟား..."

"ဟျောင့် ရစ်ခီ မင်းက ဘာထရယ်တာလဲ"

"ငါ့ဘာသာရယ်တာ မင်းကိုလည်း ရယ်မနေဘူး
ကုလားမနိုင်ရခိုင်မမဲနဲ့ ဟန်ဘင်းကိုမနိုင်တာနဲ့
ငါ့လာမဲနေတယ်"

"ငါက ဘာလို့မနိုင်ရမှာလဲ ပြန်မ‌ပြောချင်လို့ ဟွန့်"

စေတနာနဲ့လည်းပြောပြရသေးတယ် ဟိုကဖြင့်
စရောက်တဲ့နေ့တည်းက သူ့ကိုပဲ ငေးကြည့်လာတာ
သူကလွဲ တစ်ခန်းလုံးသိတယ်။ ကိုယ့်သူငယ်ချင်း
မျက်စိသူငယ် နားသူငယ်နဲ့ မသိမှာစိုးလို့လည်း
ပြောရသေးတယ် စေတနာနဲ့မတန်တဲ့ကောင်။

မောင့်ဟာနူးWhere stories live. Discover now