"အဆင်ပြေရဲ့လား ဟာအို။ ဒီလိုဖြစ်နေမယ်ဆိုလည်း ဘာလို့အဲလိုမျိုးပြောခဲ့သေးလဲ"
"ငါအဆင်ပြေပါတယ် ရုအီရဲ့။ အချိန်ကြာမှခံစား
ရမှာနဲ့စာရင် ခုခံစားရတာက ခံသာပါတယ်""အဲဒီစကားတွေက ဟန်ဘင်းကိုယ်တိုင် မင်းကို
ပြောတာမဟုတ်ဘူးလေကွာ။ ဘေးလူပြောတဲ့
စကားတွေကြောင့် မင်းက ဒီလိုခံစားနေရတာ
တန်လို့လား""ခုတော့ ငါဘာမှမတွေးချင်ဘူး ရုအီရာ။ စိတ်တွေ
ရှုပ်တာရော ဝမ်းနည်းတာရောကြောင့် လူကလှုပ်
တောင်မလှုပ်ချင်ဘူး။ အဲဒါကြောင့် ငါ့ကို မဆူပူဘဲ တစ်ယောက်တည်းလွှတ်ထားပေးပါ့လား""လွှတ်ထားပေးလို့ရမလား။ မနက်ဖြန် သဖက်ခါပဲ စာမေးပွဲဖြေရတော့မယ် မင်းပုံစံလည်းပြန်ကြည့်
အုံး။ မင်း ဘယ်သူ့ကိုကြိုက်ကြိုက် ငါဘာမှမပြော ဘူး။ ဒါပေမဲ့ အဲဒါက မင်းပညာရေးကိုထိခိုက်မယ်
ဆိုရင်တော့ ငါပြောရမှာပဲ ဟာအို"ဟာအိုခံစားနေရတာကိုသိပေမယ့် ပညာရေးဘက်မှာထိခိုက်တဲ့ထိတော့ ရုအီအဖြစ်မခံနိုင်ပါ။ ဟာအို့မိဘတွေက ကိုယ့်ကိုယ်ယုံပြီး သူတို့သားလေးကိုဂရုစိုက်ပေးဖို့အပ်ထားတာလေ။ ရုအီကိုယ်တိုင်ကလည်း
တခြားအရာတွေအလိုလိုက်နိုင်ပေမယ့် ဒါတော့မရ။"အင်း မင်းစိတ်ပူနေသလို ငါ့ပညာရေးကိုထိခိုက်
အောင်ထိမဖြစ်တာမို့ ကျေးဇူးပြုပြီး ဒီတစ်ရက်ပဲ
လွှတ်ထားပေးပါ..နော်"ရုအီစိတ်ကိုမသိလို့မဟုတ်ဘဲ ခုချိန်မှာ တကယ်ကို တစ်ယောက်တည်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်
ပါတယ်။"အိုကေ မင်းစကားနဲ့မင်းနော် ဒီတစ်ရက်ပဲ မဟုတ်ရင် မင်းမိဘတွေကိုဖွင့်ပြောပြီး မင်းကိုပြန်ခေါ်ခိုင်းလိုက်မှာ။ အစားလည်းသေချာစား ငါပြန်ပြီ"
ရုအီက ဟာအို့ကိုသတိပေးစရာရှိတာပေး မှာစရာ
ရှိတာမှာပြီး ပြန်သွားပါတယ်။အချစ်ကပူလောင်လိုက်တာ အထူးသဖြင့် တစ်ဖက်သတ်အချစ်။ ကိုယ်တစ်ယောက်တည်းသိကိုယ်တစ်ယောက်တည်း ကြေကွဲ။ မင်းကတော့
ငါမရှိလည်း အဆင်ပြေနေတယ်မို့လား ဆောင်းဟန်ဘင်း မတရားလိုက်တာ။
YOU ARE READING
မောင့်ဟာနူး
Fanfictionရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ မောင့်မျက်နှာပေါ်က ကြောင်နှုတ်ခမ်းမွှေးလေးတွေက ငါ့ရဲ့ ပျော်ရွှင်ရာအသက်ဓာတ်လေးမို့ သူများတွေရှေ့ မင်းရယ်မောတဲ့အခါ မနာလိုရတာမို့ ကျေးဇူးပြုပြီး ငါ့ရှေ့မှာပဲရယ်မောပေးပါ။