💝 3th Year Anni 💝

384 39 13
                                    

မနက်ဖြန်ဆို မောင်နဲ့ဟာအိုရဲ့ မင်္လာသက်တမ်း
သုံးနှစ်တိတိပြည့်ခဲ့ပါပြီ၊ ဒီသုံးနှစ်အတွင်း ဟာအို့
ဘက်က သဝန်တိုတာ ရစ်တာ စိတ်ဆိုးတာ စိတ်ကောက်တာတွေကြောင့် နှစ်ယောက်ကြား
ကတောက်ကဆဖြစ်ရတာကလွဲ ပြဿနာရယ်လို့
ကြီးကြီးမားမားမရှိချေ။

မောင်က သူ့ကတိကို အမြဲတည်ပြီး အရာအားလုံး
ဟာအို့သဘောပဲမို့ ရုအီကတောင် 'မင်းတို့နှစ်ယောက်မှာ ဘယ်သူက စပြီးချစ်ခဲ့တဲ့သူလည်း တကယ်မသဲကွဲတော့ဘူး၊ မင်းတို့ကို ခုမှစသိတဲ့သူတွေဆို သေချာပေါက် ဟန်ဘင်းဘက်က စချစ်ခဲ့ပြီး
မင်းကို မရမကအသေလိုက်ခဲ့ရတာထင်မှာ'တဲ့လေ။

မောင်က ဟာအို့ကိုအရမ်းချစ်ပေးတာကို ကိုယ်တိုင်
လည်း ခံစားရပေမယ့် တခြားသူတွေဆီက 'မင်းကို
အားကျလိုက်တာ ဟာအိုရာ၊ ဟန်ဘင်းက မင်းကို
တအားချစ်ပေးတာပဲ'၊ 'ကျန်းဟာအိုရေ ဘယ်ဘဝက ဆုတောင်းတွေကြောင့် ဟန်ဘင်းလိုလူမျိုးကို
ပိုင်ဆိုင်ခွင့်ရတာလဲ' စတဲ့ချီးကျူးသံတွေကြားရရင်
ပိုပြီးကြည်နူးရပါတယ်။

စချစ်ခဲ့ရတဲ့သူက ကိုယ်ဖြစ်ပေမယ့် အချစ်ခံရဆုံးကလည်းကိုယ်ပဲဖြစ်နေတာက သူများတွေပြောကြသလို ဟာအိုဆုတောင်းကောင်းခဲ့တာပင်ဖြစ်မည်။
စားရတဲ့ကလေး ပိုငတ်တယ်ဆိုတဲ့စကားလိုပင်
ဒီလောက်အချစ်ခံနေရတာတောင် တစ်ခါတစ်လေ
မောင့်အချစ်ဦးက ကိုယ်မဖြစ်ခဲ့တဲ့အကြောင်းပြောပြီး ရန်ရှာတတ်ပါသေးတယ်။

အဲလိုအချိန်တိုင်း မောင်ပြန်ပြောတတ်တာက...
'အချစ်ဦးဆိုတာ မောင့်တွက်တော့ ဘာမှန်းကို
သေချာမသိတာ၊ သူများတွေလို အချစ်ဦးနဲ့
ပတ်သက်တဲ့အမှတ်တရဆိုတာလည်းမရှိဘူး၊
မောင့်ရဲ့စိတ်ရော အတွေးမှာရောရှိတာက ဟာနူး
ဆိုတဲ့ မောင့်ရဲ့အချစ်ဆုံးလေးပဲ၊ အချစ်ဦး
ဘာညာမသိပေမယ့် ဟာနူးက မောင့်ရဲ့အချစ်ရဆုံး
ပထမဆုံးနဲ့နောက်ဆုံးအချစ်ပဲ၊ အဲဒါကြောင့် မဟုတ်
တာတွေတွေးပြီး ဝမ်းနည်းမနေနဲ့" တဲ့လေ။

ခဏခဏ အဲကိစ္စနဲ့ရန်ရှာတတ်တာကလည်း
ဘယ်နှခါကြားရကြားရရိုးမသွားတဲ့ မောင့်ဆီက အဲဒီစကားလေးတွေကြားချင်လို့ပါပဲ...ဟိဟိ။
အဲဒါကိုမောင်ကတော့မသိရှာဘဲ အချစ်ဦးကိစ္စနဲ့
ဟာအိုပြဿနာရှာပြီးရစ်တိုင်း သက်ပြင်းလေးချ
လို့ 'ခက်လိုက်တာ အချစ်ရယ်'လို့ ငြီးတွားရင်း
ရှင်းပြတတ်တာပင်။

မောင့်ဟာနူးWhere stories live. Discover now