Part - 3

607 59 2
                                    

"ဟန်ဘင်းကိုစာပြပေးနေတယ်ဆိုတာ အဆင်ပြေ
လား ဟာအို။ သူက မင်းကိုကောင်းကောင်းဆက်ဆံ
ရဲ့လား"
"အဆင်ပြေတယ် ရုအီ။ ကောင်းကောင်းဆက်ဆံလွန်းလို့ ငါ့အတွက်အိပ်မက်လိုဖြစ်နေတာ"

ရုအီက ဟာအို့ရဲ့ကောင်းခြင်း ဆိုးခြင်း ပျော်ရွှင်ခြင်း
ဝမ်းနည်းခြင်းအားလုံးကိုရင်ဖွင့်လို့ရတဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ။ ဟာအိုကျောင်းပြောင်း
တော့လည်း သူပါလိုက်ပြောင်းတဲ့ထိ ဟာအို့အပေါ်
သံ‌ယောဇဉ်ကြီးပြီးခင်တွယ်တဲ့သူ။ ‌ဟာအို့အတွက် လည်း ရုအီကလွဲ သူငယ်ချင်းမရှိပါဘူး။

"အဆင်ပြေတယ်ဆိုလို့တော်သေးတာပေါ့"

"ဟန်ဘင်းက ငါ့အပေါ် အရမ်းကောင်းလွန်းနေ
တာ ရုအီရဲ့။ တချို့စကားတွေ အပြုအမူတွေကို
သူကတော့ အမှတ်တမဲ့ပြောလိုက်တာ ဖြစ်နိုင်ပေမယ့် ငါက အကုန်လိုက်ခံစားနေမိတော့ ကြာရင်
သူ့အပေါ် အများကြီးလောဘတက်မိမှာစိုးတယ်"

"လောဘတက်တော့ဘာဖြစ်လဲ။ ဒီလောက်ဆို
မင်းအတွက်အခြေနေကောင်းတာပဲမဟုတ်ဘူးလား။ အရင်လို အဝေးကငေးကြည့်နေရတာကနေ ခုဆို
သူနဲ့အနီးကပ်နေနိုင်ပြီလေ ဒါကောင်းတာပဲမို့လား"

"ဒါက တကယ်ပဲကောင်းတာဟုတ်ပါ့မလား ငါက
သူ့အပေါ် ခံစားချက်ရှိနေပေမယ့် သူက ငါ့အပေါ်
ဘာခံစားချက်မှရှိမနေရင်ရော အဲလိုသာဆို တကယ်
ခံစားနိုင်မှာမဟုတ်ဘူး"

"မင်းဟာက စစ်မရောက်ခင်က မြှားကုန်နေတာပဲ
ဟာအိုရ။ မကြိုးစားကြည့်ဘဲ ဘယ်သိနိုင်ပါ့မလဲ။
ကြိုးစားမကြည့်ဘဲ ရှုံးဆုံးသွားမှနောင်တရတာ
ထက်စာရင် ကြိုးစားကြည့်ပြီးမှ နောင်တရတာက
ပိုကောင်းတယ်လို့ ငါတော့ထင်တာပဲ"

"ခုတော့ ပျော်တာရော စိတ်ရှုပ်တာရောနဲ့ ခံစားချက်တွေရောထွေးနေတာပဲသိတယ်။ သူနဲ့တူတူရှိနေရင်
ပျော်ပြီး ဒါက ခဏတာပဲဆိုတဲ့အတွေးဝင်လာရင်
ဝမ်းနည်းလာမိတာပဲ ရုအီရာ"

"အဆင်ပြေသွားမှာပါ မင်းလုပ်နိုင်တာငါသိတာမို့
အများကြီးလျှောက်မတွေးနဲ့။ ဖြစ်မလာသေးတာတွေကိုတွေးပူနေမယ့်အစား တစ်ခါလောက်ဖြစ်ဖြစ် နှလုံးသားကစေခိုင်းတဲ့အတိုင်းလုပ်ကြည့် ဒါဆိုရင်
စိတ်ရှုပ်နေတာတွေ သက်သာသွားလိမ့်မယ် Fighting "

မောင့်ဟာနူးWhere stories live. Discover now