Part - 11

593 62 6
                                    

ဟာနူးနဲ့ ဖုန်းထဲမှာစကားများပြီး ဘယ်သွားရမှန်း
မသိတာမို့ ကျောင်းကိုပဲပြန်လာခဲ့ပါတယ်။

"သားကြီး...ကျောင်းကိုပြန်လာသေးတာလား?
အပြီးပြန်သွားတယ်ထင်နေတာ မင်းတစ်ယောက်တည်းလား? ဟာအိုရော?"

တစ်ယောက်တည်းပြန်လာတဲ့ဟန်ဘင်းကိုမြင်ပြီး
ဂယူက တရစပ်မေးလာတာကြောင့် ဒေါသအခံ
ရှိနေတဲ့ ဟန်ဘင်းက....

"ပြတ်ပြီ...ကျန်းဟာအိုနဲ့ ငါနဲ့ပြတ်ပြီလို့"

"ဟိတ်ကောင်... တိုးတိုးပြောပါဟ! စိတ်ကိုလည်း
လျှော့ပါအုံး။ လာလာ အပြင်သွားပြောရအောင်"

ဒေါသတကြီးအော်ပြောလာတဲသူ့ကို ရစ်ခီနဲ့ဂယူက အတန်းပြင်ကို ဆွဲထုတ်လာကြပါတယ်။

"ဘာလို့ ဒီလောက်ဒေါသထွက်ပြီး အော်ကြီး
ဟစ်ကျယ်ပြောရတာလဲ ဟန်ဘင်း? နဂိုတည်းက
မင်းနဲ့ဟာအို့ကို ပြတ်စေချင်ပြီး ဟာအို့ကိုပြောဆိုချင်နေတဲ့သူတွေ ဘယ်လောက်တောင်များလိုက်သလဲ?
မင်းမသိတာလဲမဟုတ်ဘဲ ဒါကဘာလုပ်တာလဲ"

ဒေါသထွက်တဲ့မျက်နှာနဲ့ သူ့ကိုပြောလာတဲ့ဂယူ့ကို ကြည့်ပြီး ဟန်ဘင်း သက်ပြင်းတစ်ချက်ချလိုက်မိပါတယ်။

"ဟုတ်သားပဲ ဟန်ဘင်းရာ။ ဟာအိုကို မင်းတကယ်ပြတ်နိုင်လို့လား? ပြတ်နိုင်ရင်လည်းထား။ ခုကျ
သူများဝမ်းသာအောင်။ ပြောပါအုံး ဘာတွေဖြစ်လာလို့ ပြတ်မယ်ထိဖြစ်ကြရတာလဲ။ ဟို GP မှာတင်ထားတဲ့ မင်းနဲ့မီနာ့ပုံကြောင့်ပဲမို့လား?"

ငြိမ်နေတဲ့ဟန်ဘင်းကိုကြည့်ပြီး ရစ်ခီက စကားစလာပါတယ်။

"သေချာပေါက်ပေါ့ ဟာအို့စိတ်နဲ့ဆို အဲဒီပုံမြင်ရင်
ငြိမ်နေပါ့လား? ဟန်ဘင်းကို ဘယ်လောက်သဝန်တိုလိုက်သလဲ။ မီနာနဲ့ဆိုတော့ ပိုဆိုးမှာပေါ့။ အရင်တည်းက ဟန်ဘင်းနဲ့မီနာက တအားချစ်ခဲ့တာလား?
ဘယ်လောက်ကြာကြာတွဲခဲ့လဲ ဟန်ဘင်းက မီနာ့ကို
အရမ်းချစ်တာလားဆိုပြီး ငါ့ကိုခဏခဏမေးတာ။
ဘာဖြစ်လာလဲမြန်မြန်ပြောပြစမ်းပါ အရူးကောင်ရ
ပြဿနာကမကြီးဘဲ ပြတ်မယ်လို့ပြောမယ့်ကောင်မှမဟုတ်တာ"

ဂယူကပါ ထပ်မေးလာတာကြောင့်ရော ဒီနှစ်ယောက်ကိုမှရင်မဖွင့်ရရင် နှလုံးသားတစ်ခုလုံးပေါက်ကွဲတော့မလိုခံစားနေရတာရောကြောင့် ဖြစ်ပျက်ခဲ့သမျှအကုန်ပြောပြလိုက်တော့...

မောင့်ဟာနူးWhere stories live. Discover now