Part - 7

586 58 6
                                    

ရစ်ခီရဲ့အကြံတိုင်း ရုအီကိုမေးဖို့ ဟန်ဘင်းတို့
သုံးယောက် ရုအီအတန်းဘက်ကိုထွက်လာခဲ့ပါတယ်။

စာကြည့်ရက်တွေမှာ ကျောင်းမတက်လည်းဖြစ်တာမို့     ရုအီက ကျောင်းလာလား မလာလား ဟန်ဘင်းတို့လည်း သေချာမသိ။

"ဒီမှာဗျ... ရုအီ ဒီနေ့ကျောင်းလာလား။ အသား
ဖြူဖြူအရပ်ရှည်ရှည်လေးနဲ့ ရုအီလေ သိလားဗျ?"

"ဟုတ်... ရုအီကျောင်းလာတယ်။ ခုနကပဲ ကန်တင်းဘက်ထွက်သွားတာတွေ့လိုက်တယ်"

"အာ...ကျေးဇူးတင်ပါတယ်ဗျ။ ဒါဆို ကျွန်တော်
တို့ကိုခွင့်ပြုပါအုံး"

"ဖေ့သားက တဗျဗျ ယဉ်ကျေးနေတာ ဘေးကနေ
ရယ်ချင်တာကိုမနည်းထိန်းနေရတယ် ဟားဟား"

"အေး အဲမှာသေအောင်ရယ်နေလိုက်။ ငါ့ကိုများ
မင်းလို အရိုင်းစိုင်းမှတ်နေလား? ဂိမ်းကလွဲရင်
ဘာမှမသိ သူငယ်ချင်းတောင် ငါတို့ကပေါင်းပေးနေလို့ ရှိတဲ့ကောင်က လူမှုရေးဘယ်နားလည်ပါ့မလဲ"

သူ့ဂွင်တည်းရောက်တုံး ရစ်ခီကိုနှိပ်ကွက်နေတဲ့
ဂယူရယ်ပါ။ နှစ်ယောက်သားတွေ့လိုက်တိုင်း
သတ်နေကြပြီး မတွေ့ရင်မေးနေတတ်ကြတာ။
မတည့်အတူနေမမြင်ချောင်းကြည့်ဆိုတာ သူတို့
နှစ်ယောက်မှအစစ်။

"ဟန်ဘင်း...ဟန်ဘင်း ဟိုဆိုင်ထဲမှာ ရုအီ"

"အင်း...လာ..အဲဆိုင်သွားရအောင်"

"ဟိုင်း...ငါတို့ ဒီမှာထိုင်လို့ရမလား?"

သွက်သွက်လက်လက်မိတ်ဆက်လိုက်တဲ့ဂယူ။
ရုအီက တစ်ချက်မော့ကြည့်ပြီး ခေါင်းညိတ်ပြ
လာပါတယ်။

"ခုံအလွတ်တွေအများကြီးရှိနေတာကို ဘာလို့
ငါထိုင်နေတဲ့ခုံမှလဲ။ မင်းတို့က ကျောင်းရဲ့ဇိုးတွေ
လား ဘာလား? ငါကတော့ ဖယ်မပေးနိုင်ဘူးနော်"

"ဟားဟားဟား...ငါတို့ပုံစံတွေက အဲလိုဖြစ်သွား
ရင် Sorry ရုအီ။ မင်းဆီက ဟာအို့အကြောင်း
မေးချင်လို့"

"ဟာအို့ရဲ့ ဘယ်အကြောင်းကို သိချင်တာလဲ"

"ဟာအို ငါ့ကို စာပြပေးနေတာတော့ မင်းသိမှာပေါ့။ ရုတ်တရက်ကြီး စာပြမပေးတော့ဘူးပြောလာလို့
ဘာဖြစ်လို့လဲမေးတော့လည်း သေသေချာချာမဖြေဘူး။ တစ်ခုခုဖြစ်နေတာသိပေမယ့် ဘာမှန်းမသိလို့
မင်းဆီလာတာ။ မင်းတော့သိတယ်မို့လား"

မောင့်ဟာနူးWhere stories live. Discover now