"အခြေနေဘယ်လိုလဲ တစ်မိုးအောက် ဆောင်းဟန်ဘင်းရဲ့တိုက်စစ်အခြေနေကိုစိတ်ဝင်စားလွန်းလို့ အစားတောင်စားလို့မဝင်ဘူး"
"စားမဝင်လို့သာပဲနော် စားများဝင်ရင်မလွယ်ဘူး"
"မင်းပါးစပ်လေးပိတ်ထားလို့ရမလား ရစ်ခီရေ
ဟန်ဘင်းအကြောင်းသိချင်လို့ မင်းနဲ့ရန်မဖြစ်အား
သေးဘူး""ငါကတော့ မင်းနဲ့တော်တော်ရန်ဖြစ်ချင်နေတာဆိုတော့"
"ကဲ...မင်းတို့နှစ်ယောက် ငါ့အကြောင်း နားထောင်
မှာလား စကားဆက်များနေမှာလား နားမထောင်ရင် ငါသွားတော့မယ်""ထောင်မှာပေါ့ ထောင်မှာ အဲဒါသိချင်လို့စောင့်နေတာကို...နော်...ရစ်ခီ"
ဟန်ဘင်းထအော်မှ စကားများနေတာရပ်ပြီး ခုနက
စကားများနေတာသူမဟုတ်သလို ရစ်ခီကိုစစ်ကူခေါ်
နေပြန်တဲ့ဂယူရယ်ပါ။ ဟုတ်တာလည်းမဟုတ်ဘဲ
အမြဲစကားနိုင်လုနေတဲ့နှစ်ယောက်။"အခြေနေကတော့ကောင်းတယ်..ဟာအိုက စကား
ပြောကြည့်ပြီး သေချာအနီးကပ်ကြည့်မှချစ်စရာလေး""ဟာအို့ပုံစံက အေးအေးလေးနေတတ်ပြီး တကယ့်
အဖြူထည်လေး အတည်မဟုတ်ရင် သွားမကစား
ပါနဲ့လား ဟန်ဘင်း""ဂယူရ... မင်းမျက်လုံးထဲမှာ ငါက အဲလောက်ထိပဲ
လူဆိုးနဲ့တူနေလို့လား။ ခုခံစားချက်က အချစ်လား
ဆိုတာ သေချာတော့ မသိသေးပေမယ့် ငါ တကယ်
ဟာနူးကို စိတ်ဝင်စားတာ""ဟ!!! ဟာနူးတွေဘာတွေတောင် ဖြစ်ကုန်ပြီလား
ပလေးဘွိုင်းလို့မပြောရဘူးနော်""သူကလည်း အချေလေးဗျာ သူ့ကိုဟာနူးလို့မခေါ်
ပါနဲ့တဲ့လေ။ မင်းပဲစဉ်းစားကြည့် ရစ်ခီရာ ဟာနူးလို့
ခေါ်တာဘာများမှားနေလို့လဲ""မှားတော့မမှားပေမယ့် မင်းဟာအို့ကို ဟာနူးလို့ခေါ်တာ ခေါ်ခံရတဲ့သူမပြောနဲ့ ငါတောင်တစ်မျိုးကြီးခံစားရတယ်။ အသဲယားတာလိုလို အူယားတာ
လိုလိုနဲ့ ကြက်သည်းပါထတယ်""ရည်းစားမထားဖူးတာ သိသာတာပေါ့ကွာ"
ရစ်ခီစကားအဆုံး ဂယူကထပြောတော့...
YOU ARE READING
မောင့်ဟာနူး
Fanfictionရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ မောင့်မျက်နှာပေါ်က ကြောင်နှုတ်ခမ်းမွှေးလေးတွေက ငါ့ရဲ့ ပျော်ရွှင်ရာအသက်ဓာတ်လေးမို့ သူများတွေရှေ့ မင်းရယ်မောတဲ့အခါ မနာလိုရတာမို့ ကျေးဇူးပြုပြီး ငါ့ရှေ့မှာပဲရယ်မောပေးပါ။