အပိုင်း ၃

293 11 1
                                    

အခန်းထဲသို့ ဝင်လျှင်ဝင်ချင်း အလင်း
အကြည့်များ ရောက်ရှိသွားသောနေရာက
ဘေးတစ်ဖက်စီမှာထားထားတဲ့ ကုတင်နှစ်လုံး ဆီသို့ ဖြစ်သည်။

အလင်းအိမ်ကကုတင်လောက်မကြီးပေမဲ့အိပ်လို့တော့အဆင်ပြေလောက်မည်ထင်ပါသည်။

ကုတင်နှစ်လုံးရှိသည့်အထဲ ဘယ်ဘက်က
ကုတင်သည် ပိုင်ရှင်ရှိပြီးသား ထင်သည်။
ကုတင်ပေါ်မှာ မွေ့ရာအခင်းနဲ့ အပြာရောင်
ဆီလီကွန်ခေါင်းအုန်း နှင့် ဖက်လုံးအပြာရောင်တို့ကနေရာယူထားလေသည်။

ကြည့်ရတာ အလင်းအခန်းဖော်က အလင်းထက်စောစောလာပြီး နေရာကောင်းကို ကြိုတင်ဘိုကင်ယူသွားသည်ပုံပင်။

'အင်းလေ ဘယ်တက်နိုင်ပါ့မလဲ ဦးသူ
နေကြေးပေါ့လေ'

ခုတင်ခြေရင်းကစားပွဲပေါ်တွင်လဲ စာအုပ်စင်အသေးလေးတင်ထားပြီးအပေါ်တွင် စာအုပ်ဆိုဒ်မျိုးစုံက စီစီရီရီ ဘေးနားက ဘောပင်ထည့်တဲ့ အလှခွက်အပြာရောင်လေး ထဲမှာလည်း ဘောပင်တွေ ကမနည်းမနောပင်။
အခုမြင်ရတဲ့အတိုင်းဆို အလင်းအခန်းဖော်က အပြာရောင်ကြိုက်သည့်ပုံပင်။

ကုတင်အောက်တွင်လည်း ခရီးဆောင်အိတ်ကြီးတစ်လုံးကလှဲလျောင်းလျက်ရှိနေသည်။
နေရာတစ်ခုလုံးတွင်လိုနေတာဆိုလို့ ပစ္စည်းတွေရဲ့ပိုင်ရှင် ပဲ ရှိတော့သည်။

အခန်းထဲ တစ်ခြား လူနေသည့်ခြေရာ
လက်ရာမတွေ့သဖြင့် လူမနေသေးခင် ပစ္စည်းတွေအရင်လာထားသွားသည်ထင်သည်။

အလင်းသည် လွတ်နေသော ညာဘက်ရှိ
ကုတင်ဆီသို့သွားလိုက်လေသည် ။
နောက်က နောက်လိုက်လေး နှစ်ယောက်သည်လည်း အထုတ်ပိုးတွေ မ လို့ လိုက်လာကြသည်။

''အလင်းရေ မင်းအခန်းဖော်ကဇွဲကောင်းလှချည်လား''

''ဘယ်အချိန်ထဲကလာထားသွားလဲမသိ''

အရှည်ကြီးက အလင်း အထုပ်တွေကူချပေးရင်းပြောလာသည်။

အလင်းက
''အေးကွာ ဝီရိယကောင်းချက်ကတော့ 9+ပဲ''
ဟုပြောကာ အရှည်ကြီး၏စကားကိုထောက်ခံပေးလိုက်သည်။

နှောင်းဦးက
''စကားတွေများမနေကြနဲ့တော့ အထုပ်တွေဖြည်ပြီးရင် ထမင်းစားကြရအောင်''

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now