အပိုင်း ၁၆

299 16 10
                                    

PTU အနီးအနားရှိ ပျူမြို့ဟောင်းတို့
သုံးပန်လှတို့ ဘောဘောကြီး၊ဘဲဘဲကြီးဘုရား၊မှော်စာပြတိုက်စသည်တို့သို့သွားပြီးသည့်နောက်ပြည်မြို့ဟိုဘက်ကမ်းရှိ
ရွှေဘုံသာဘုရား ဖူးရန်ဆက်၍ခရီးဆက်ကြသည်။အလင်း တို့ ပြည်မြို့ထဲဝင်သည့်အချိန်မှာ ၁နာရီတောင်ကျော်နေပြီဖြစ်ရာ
နေကလည်းခြစ်ခြစ်တောက်ပူနေလေသည်။

အလင်းသည် ဆိုင်ကယ်စီးနေတဲ့တစ်လျှောက်လုံး ဘေးကရှုခင်းတွေကိုအာရုံထားဖို့ နေနေသာ ဆိုင်ကယ်နောက်
ကြည့်မှန်ထဲက ကိုမဟာ့ကိုပဲ ခိုးခိုးကြည့်
နေမိသည်။

​ကြည့်ဆို...ကိုမဟာကလည်း တကယ့်ကို
ချောသကိုးဗျ။
အကြည့်ခံရုပ်လေး ။
မျက်နှာ​ ဖြူဖြူချောချောကို နေကာမျက်မှန်အနက်လေးတပ်ထားတော့ပိုတောင်ချောသွားသလိုလို။

အရှည်ကြီး နှင့် နှောင်းဦးယံတို့ကလည်းရုပ်ချောသည့်အထဲပါပေမဲ့ အလင်းမျက်လုံးထဲတွင်တော့ ကိုမဟာက သူတို့နှစ်ယောက်ထက်ပို၍ကြည့်ကောင်းနေသည်။
ဟိုနှစ်ယောက်သိရင်တော့သွေးတက်မလား
မသိ။

အလင်း၏လက်တစ်ဖက်မှာလည်း တစ်ယောက်သောသူ နေပူမှာဆိုး၍ ထီးမိုးပေးထားလျက်။

အလင်းစိတ်ထဲတွေးနေသည်မှာ ကိုမဟာ့အသားရည်ကဖြူဖြူနုနုလေး နေပူထဲအကြာကြီးနေလိုက်လို့ နေလောင်သွားရင်ဒုက္ခဟူ၍။

ယောက်ျားလေးနှစ်ယောက် က ဆိုင်ကယ်ဦးထုပ်ဆောင်းထားလျက်ကိုမှ ထီးကြီးကထပ်ဆောင်းထားရာ မြင်သူတကာအတွက်အထူးအဆန်းဖြစ်နေမှာအသေအချာ။

ထိုသည်ထက် အလင်း မေ့နေခဲ့သည်က မိမိရှေ့ကကိုမဟာသည် ဘယ်လောက်နေပူပူ လက်ရှည်မပါ၊ခေါင်းဆောင်းမပါပဲနေပူထဲ
အမြဲလမ်းသလားနေတက်သူဆိုတာကိုလေ။

အလင်းတို့ ရွှေဘုံသာဘုရားရောက်သော်
နေ့လည်စာအရင်စားပြီးမှဘုရားဖူးကြ
ရန်ဆုံးဖြတ်လိုက်ကြသည်။
​ပိတ်ရက်မလို့လားမသိ ဆိုင်ထဲတွင်
လူနည်းနည်းများနေသည်။

စားသောက်ဆိုင်သည် ဧရာဝတီမြစ်ကမ်း နှင့်
မလှမ်းသောနေရာတွင်တည်ရှိလေသည်။
အလင်းတို့သည် ဆိုင်အတွင်းviewကောင်း
သောနေရာတစ်ခုတွင်ဝင်ထိုင်လိုက်သည်။
ထုံးစံအတိုင်း အလင်းက ရေနွေးအရင်ငှဲ့ကာ
အအေးခံထားလိုက်သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now