အပိုင်း ၁၇

223 6 1
                                    

ခွေးတစ်ကောင် ကြောင်တစ်မြှီး မှတောင်
မတွေ့ရသောမှောင်မှောင်မဲမဲလမ်းက​လေးအတွင်း တွင် ဆိုင်ကယ်လေးတစ်စီးသည်
တရွေ့ရွေ့မောင်းနှင့်နှင်းနေသည်။

လမ်းအတွင်းမီးတိုင်များမရှိသောကြောင့်လရောင်နှင့် ဆိုင်ကယ်ရှေ့မီး ကိုသာအားပြု၍မောင်းနှင်လာရသည်။

လမ်း၏ဘေးဘက်တွင်လည်းတောကြီးမျက်မည်းဖြစ်ပြီး သစ်ပင်များဖြင့်အုပ်ဆိုင်း၍နေသည်။
လေတိုက်တိုင်း တရှဲရှဲမည်နေသော သစ်ရွက်အချင်းချင်းပွတ်တ်ိုက်သံများက ညအမှောင်အတွင်းတွင် ကြောက်စဖွယ်ကောင်းနေလေသည်။

အလင်းသည် ဆက်သွားရန်လိုသေးသည့်လမ်းအကွာဝေး​အားကြည့်၍ရုတ်တရပ်
စိတ်ထဲဝယ် နမိတ်မကောင်းသလိုခံစား
လိုက်ရသည်။

''ကိုမဟာ ကျွန်တော်တို့ပြန်လှည့်ရင်
မကောင်းဘူးလား ဒီလမ်းကလူတော်တော်
ပြတ်တယ်''

''ဘာလဲ မင်းကသရဲကြောက်လို့လား''

''မဟုတ်ရပါဘူး သရဲထက်ကြောက်ဖို့ကောင်းတာတွေနဲ့တွေ့နေမှာဆိုးလို့''

''ဘာတွေပူနေတာလဲ ငါတစ်ယောက်လုံးပါနေတာပဲကို''

''ကိုမဟာအရင်ကဒီလမ်းကိုသွားဖူးလို့လား''

''အင်း လင်းလင်းထင်းထင်းအချိန်တွေတော့သွားဖူးတယ် ခုလိုမှောင်မှောင်မည်းမည်းအချိန်တော့ မသွားဖူးသေးဘူး''

''ဟာဗျာ အဲ့ဒါကို..''

ထိုစဥ် သစ်ပင်တစ်ပင်ပေါ်မှငှက်ဆိုးတစ်ကောင်ကကျယ်ကျယ်လောင်လောင်အော်မြည်လိုက်ရာ ထိုမြည်သံသည်
လမ်းကျဥ်းကလေးထဲတွင် ပဲ့တင်သွားလျက်။

''ဂီးးးဂီးးး''

အလင်းမှာငှက်ဆိုးနဲ့ပက်သက်တဲ့နိမိတ်တွေကြားဖူးနားဝရှိထားရာစိတ်ထဲမသိုးမသန့်ဖြစ်သွားရသည်။
ထိုစဥ်

''ဟာ ကိုမဟာ ဟိုရှေ့ကိုကြည့်ပါအုန်း
မိန်းမတစ်ယောက်ပါလား...လက်ပြနေတယ်
ဆိုင်ကယ်ရပ်ခိုင်းနေတာလားမသိဘူး''

မဟာသည် အလင်း မပြောခင်ကတည်းက
ထိုမိန်းမကိုမြင်ပြီးပြီဖြစ်သည်။
ညကြီးမိုးချုပ်ကိုမှလူပြတ်နေသည့်လမ်းထဲမှတွင် ဆိုင်ကယ်လာတားနေသည့် ထိုမိန်းမက
လူ ဟုတ်မှဟုတ်ပါ့မလား။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now