အပိုင်း ၁၃

162 6 0
                                    

မဟာ အဆောင်သို့ပြန်ရောက်သော်အခန်းထဲတွင်ဝေယံကိုမတွေ့ရပေ။
လက်ကနာရီကိုကြည့်မိသော် ၄နာရီခွဲ
ကျော်နေပြီဖြစ်သည်။
မဟာသည် အလင်းစားပွဲပေါ်က
ဘေးလွယ်အိတ်ကို မြင်ကာမှ ထိုကောင်လေးပြန်ရောက်နေပြီး ရေသွားချိုးနေတာ
ဒါမှမဟုတ် သူငယ်ချင်းအခန်းများသွား
နေတာဖြစ်လောက်မယ်ဟု တွေးလိုက်သည်။

မဟာသည် တစ်နေ့စာထမင်းသုံးနပ်ကို အပြင်မှာပဲစားလာလေ့ရှိသည်။
အဆောင်မှာစားနေရင် ပန်ကန်ဆေးရမှာဆိုးလို့ဖြစ်သည်။
ရေချိုးရန်ပြင်လိုက်ပြီး ခုနေ့ဝတ်တဲ့အဝတ်တွေကော အရင်နေ့ကအဝတ်တွေကောစုပြီး
အလျှော်ဆိုင်ပို့ရန် အိတ်တစ်လုံးထဲထည့်လိုက်သည်။

အိတ်ကိုကုတင်အောက်သို့ပို့ပြီး ဟိုဘက်ခြမ်းသို့လှမ်းကြည့်မိသော် သေတ္တာပေါ်မှာလျှော်ပြီးသားအဝတ်တွေကိုသပ်သပ်ရပ်ရပ်ခေါက်တင်ထားသည်ကိုတွေ့ရသည်။ အခန်းရှေ့ကဝရံတာကိုကြည့်မိပြန်တော့လည်း ဝေယံ့ဘက်ခြမ်းကအဝတ်တန်းတွင် လျှော်ပြီးသားအဝတ်တွေက စီစီရီရီလှမ်းလို့ထားသည်။

မိမိဘက်ခြမ်းက အဝတ်တန်းကိုကြည့်မိသော် အပေါ်တန်းတွင်တော့ ဗလာဖြစ်ကာ အဝတ်မပြောနဲ့ ချိတ်တောင်မရှိပေ။
အောက်တန်းတွင်လှမ်းထားသော ရေလဲပုဆိုးတစ်ထည်က ရေလည်းသေချာမညစ် သေချာလည်းဖြန့်မလှမ်းထားရာ ရှုံ့တွနေတော့သည်။

မိုးနဲ့မြေလိုကွာခြားနေသော နေရာနှစ်ခုအား ကြည့်လျက် သက်ပြင်းချမိသည်။

'ဝေယံနဲ့ရမည့်သူကတော့ ကံကောင်းလိုက်
မည့်ဖြစ်ခြင်း '

'ငါနဲ့ရမည့်သူကတော့ ဟင်းးးး ရင်လေးပါရဲ့'

ထို့နောက် ရေချိုးရန် တန်းက ရှုံ့တွနေသော
ပုဆိုးကိုယူလျက် ထွက်လာခဲ့တော့သည်။
ရေချိုးခန်းကလည်း ဒီနေ့မှလူပြည့်နေလေရာမဟာ့မှာ ဘေစင်သို့အရင်သွားပြီး
သွားတိုက်ရင်းလူလွတ်အောင်စောင့်နေ
လိုက်သည်။

မဟာသွားတိုက်နေတုန်း မျက်စောင်းထိုးကရေချိုးခန်းမှလူတစ်ယောက်ထွက်လာသည်ကို မျက်လုံးထောင့်မှဝိုးတိုးဝါးတားမြင်လိုက်သည်။
မဟာလည်း ရေချိုးခန်း လွတ်သွားသည်ကိုတွေ့သော် အမြန်ဆုံးနည်းဖြင့်သွားတိုက်လိုက်သည်။ ပလုတ်ကျင်းပြီး ခေါင်းမော့ရုံရှိသေး ဘေစင်ဘေးတွင် မတ်မတ်ကြီးရပ်ကာ
မိမိအားကြည့်နေသူကြောင့် အသက်ထွက်မတတ်လန့်သွားရသည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now