အပိုင်း ၈

205 5 0
                                    

အလင်းသည် လုံးလုံးအိပ်မပျော်သေးပေ။

ကိုမဟာပြန်ရောက်တဲ့အသံကြား၍ မျက်လုံး ဖွင့်ကြည့်ရန်ကြိုးစား သော်လည်း ဖွင့်၍မရပေ။
ခန္ဓာကိုယ်တစ်ခုလုံးက အလေးဆွဲထားသလို
လေး၍နေသည်။

ခေါင်းတွေကလည်း ပေါက်ကွဲ ထွက်တော့မလိုပင် ကိုက်နေရာတော်တော်ခံရခက်သည်။နှာခေါင်းကလည်းတစ်ဖက်ပိတ် တစ်ဖက်ပွင့် ဖြစ်နေရာပါးစပ်နှင့်သာ အသက်ရှုနေသည်။

အလင်းသည် တစ်ခါမှ ဒီလောက်နေမကောင်း မဖြစ်ဘူးပါ။
နားထဲတွင်လည်းအသံတွေက နီးလာ လိုက် ဝေးသွား လိုက်နှင့်ကြားနေရသည်။

ထိုစဥ် လက်အေးအေးလေးတစ်ဖက်က အလင်းနဖူး ကို လာစမ်းလေသည်။
အလင်း သည် တစ်ကိုယ်လုံး ပူလောင်နေသည် ဖြစ်ရာ ထိုလက်ကလေးအား မျက်နှာတစ်ခုလုံးဖြင့် တိုးဝှေ့ပွတ်သပ်ချင်မိသည်။
သို့သော် လှုပ်ဖို့ရန်တောင် အားကမရှိပေ။

မဟာ ကုတင်နားရောက်သော် ထိုကောင်လေးနေမကောင်းဖြစ်နေသည်ကိုသိလိုက်ရသည်။
ဆံပင်တွေက ချွေးတွေနှင့်စိုရွဲလို့နေကာ
မျက်နှာကလည်းအနည်းငယ်နီလို့နေသည်။
မဟာသည် စိုးရိမ်စွာဖြင့်နဖူးအားလက်နှင့် ကိုယ်ပူစမ်းကြည့်လိုက်သည်။
ကိုယ်ပူစမ်းကြည့်မိကာမှ မဟာ ပိုလန့်သွားရသည်။ထိုကောင်လေးသည် မီးသွေးတုံး ပမာ
ပူကျစ်လို့နေသည်။

'' ဟေ့ ဝေယံ ထပါအုန်း ဟေ့ ''

ထိုကောင်လေး၏ မျက်နှာကို ပုတ်၍
ခေါ်ကြည့်သော်လည်း မျက်လုံးမဖွင့်လာပေ။
နှုတ်ခမ်း ၂လွှာက ဟစိစိ ဖြစ်နေသည် မှာ အသက်ရှုရ ခက်နေပုံ ပေါ်သည်။

မဟာသည် အောက်ထပ်အမြန်ဆင်းပြီး အဆောင်မှူးကို သွားပြောလိုက်သည်။
အဆောင်မှုးက ဆရာဝန်ကို ဖုန်းဆက်ပေးသည်။
ဆရာဝန်က အဝေးက လာရမှာဖြစ်၍ ရောက်လာဖို့တော်တော်ကြာအုန်းမည်ဟု​ပြော
သည်။
အဆောင်မှူးက
'' အဖျားက တော်တော်ကြီးနေတာလား ''
'' ဘယ်ကတည်း က ဖြစ်နေတာလဲ ''

'' ကျွန်တော်မသိပါဘူး''

မဟာ သည် မနက်ကတည်းကထိုကောင်လေး မျက်နှာမသာမယာ ဖြစ်နေတာတွေ့သော်လည်း ဂရုမထားမိတာဖြစ်သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now