အပိုင်း ၁

1.5K 26 0
                                    

နိုဝင်ဘာလ ဆောင်းရာသီ၏ပထမဆုံးလ ဖြစ်သည့်အလျောက် မနက်ခင်းတွင် နှင်းမြူခိုးလေးများဆိုင်းနေလေသည်။

''တီ တီ တီ တီ တီ''

မနက်ခင်း၅ခွဲလောက်ရှိမည်။
အနက်ရောင်အခင်း အညိုရောင်လိုက်ကာအရောင်မှိုင်းမှိုင်းတို့နှင့်ဆင်ယင်ထားသော အခန်းထဲတွင် နှိုးစက်သံ သည် ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိသည်။

နှိုးစက်သံကြောင့်ပဲလား မနက်ခင်းရဲ့နေရောင်ခြည်လေးကလိုက်ကာကြားမှ
ဖြာကျနေ၍ပဲလား မသိကုတင်ထက်က လူငယ်လေးက လူးလွန့်၍လာသည်။

ရှုပ်ပွနေသောစောင်ပုံထဲမှဖြူလွလွလက်လေးတစ်ဖက်က ထွက်လာလျက်နှိုးစက်ကိုပိတ်လိုက်လေသည်။
ဖြူဖြူလွလွလက်ချောင်းကလေးများသည် ယောက်ျားတစ်ဦး၏လက်များဟုဆိုနိုင်လောက်အောင်လက်ဆစ်ကလေးတွေကထင်းနေလျက် လက်ဖမိုးထက်၌ စိမ်းပြာရောင်သွေးကြောများကာထင်းကာပေါ်နေသည်။

လူငယ်လေးသည် အိပ်နေရာမှအပျင်းကြောဆန့်ကာ ထထိုင်လိုက်လေသည်။ ဆောင်းတွင်းရောက်တိုင်းမနက်စောစောထပြေးရသည်ကို သူနှစ်ခြိုက်လေသည်။

အိပ်ရာကထကာ စောင်တွေကိုသေချာခေါက်လိုက်သည်။
ထို့နောက်ရေချိုးခန်းထဲသို့ဝင်ကာနေ့စဥ်လုပ်နေကျဖြစ်တဲ့ကိစ္စဝိစ္စများကိုလုပ်လိုက်သည်။

ကိစ္စများပြီးသော အခါ လူငယ်လေးသည် အားကစားဝတ်စုံ ကို ဝတ်လျက် ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်ကာ မှန်ထဲက
ပုံရိပ်ကိုကြည့်၍

''ဝိုး... ငါလေးကအရမ်းအရမ်းကိုချောတာပဲ''

သူ့ကိုယ်သူမှတ်ချက်ပေးကာ နဖူးရှေ့တွင် ဝဲကျနေသောဆံပင်တို့ကို သပ်တင်လျက်အိပ်ခန်းထဲမှထွက်ခဲ့သည်။

''မား တို့ ခုချိန်မထလောက်သေးဘူးထင်တယ်''

လှေကားထစ်မှခြေသံဖွလျက်ဆင်းလာခဲ့သည်။
သို့သော် ဝီရိယကောင်းသည့်သူ့မားမားက အစောကြီးထပြီးဘုရားရှိခိုးနေလေသည်။

ဖေကြီးကိုတော့မတွေ့ အိပ်နေတုန်ထင်သည်။ မားကိုညကမနက်စောစောထပြေးမဲ့အကြောင်းပြောပြီးသားဆိုတော့ အိမ်ပြင်ပဲတန်းထွက်လာခဲ့လိုက်သည်။
မနက်ခင်း၏ အအေးဓာတ်ငွေ့ငွေ့ပါသော လေများကိုဝအောင်ရှုရှိုက်ရင်း အပြေးခရီးကိုစတင်ခဲ့သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now