အပိုင်း ၂

380 9 3
                                    

နိုဝင်ဘာလ တွင် တက္ကသိုလ်ကျောင်းများ
ပြန်ဖွင့်တော့မှာဖြစ်သည်။ အလင်းသည်
''Pyay Technological University'' မှာတက်ရောက်နေတာဖြစ်သည်။ Civilမေဂျာမှာတက်ရောက်နေတာဖြစ်ပြီး ခုနှစ်ဆို second year ရောက်ပြီဖြစ်သည်။

ခုနှစ်တော့ အရင်နဲ့မတူသည်မှာ အလင်းက ကျောင်းဆောင်ကိုပြောင်းနေတော့မှာဖြစ်
သည်။
ပထမနှစ်တုန်းကအိမ်မှာနေရင်းတက်တာဖြစ်သည်။

အခုနှစ်တော့ သူငယ်ချင်းတွေကလည်းကျောင်းဆောင်မှာနေကြသည်ဖြစ်ရာ
အလင်းလည်း သူတို့နဲ့အတူနေချင်
၍အဆောင်သို့ပြောင်းဖြစ်ခဲ့သည်။

မားကတော့ သူ့ရဲ့တစ်ဦးထဲသော သားလေးအဆောင်နေမှာကိုစိတ်မချနိုင်ပါ။

မားပြောသည်က

''အလင်းက သူသိတဲ့သူတွေနဲ့သာ စကားတွေပေါက်ပေါက်ဖောက်တတ်တာ သူနဲ့မသိတဲ့သူဆို သူကအဖက်တောင်လုပ်တာမဟုတ်ဘူး ''

''ဒီပုံစံနဲ့ အဆောင်နေလို့ အခန်းဖော်နဲ့အဆင်မပြေရင်ဘယ်လိုလုပ်မတုန်း''

နောက်တစ်ဖန်ပြောပြန်သေးသည်က

''ဟိုရောက်ရင် သူဂျီးများတတ်ပုံမျိုးနဲ့
အစားကော ကောင်းကောင်းစားရပါ့လား''

ဆိုပြီး ပူပြန်သည်။

မားကတော့လေ ကျွန်တော့်ကိုခုထိကလေးလေးလို့ပဲမြင်နေသေးလားမသိပါဘူး။

''မားရဲ့သားလေးက '၁၉'နှစ်ပြည့်ပြီးလို့
'၅'လတောင်စွန်းနေပြီဗျ''

အလင်း စိတ်ထဲကနေပြောနေမိသည်။ပါးစပ်ကတော့ထုတ်မပြောရဲပါ မားလက်သံကို ကြောက်ရသည်လေ။

နောက်ဆုံးတော့ ဖေကြီးကူပြောပေးသဖြင့်
မားမှာစိတ်လျော့သွားပြီး အဆောင်နေခွင့်ပြုလိုက်လေသည်။

အလင်း မှာ အဆောင်သာနေချင်တာ အခန်းဖော်ကဘယ်သူနဲ့နေရမယ်မှန်းမသိ ။

အလင်း သူငယ်ချင်းအရှည်ကြီးကအဆောင်စနေကတည်းက 'နှောင်းဦးယံ'နှင့်အတူနေနေပြီးဖြစ်ရာ အလင်းမှာအဆောင်နေလျှင်တစ်ကောင်ကြွက်လေးဖြစ်နေရော့မည်။

အရှည်ကြီး၏နာမည်အရင်းမှာ'ဇင်မင်းထက်'
ဖြစ်သည်။
သူကအဖွဲ့ထဲမှာအရပ်ရှည်ဆုံးဖြစ်သဖြင့် သူ့ကို အရှည်ကြီး လို့ ခေါ်ခြင်းဖြစ်သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now