အပိုင်း ၅

276 5 0
                                    

အလင်း အရှည်ကြီးတို့ အခန်းရောက်တော့
အရှည်ကြီးမှာ အိပ်ရာတောင်မထသေးပေ။
အကြာကြီးတံခါးခေါက်နေတာတောင် အထဲက ဘာတုန့်ပြန်သံမှမကြားရသဖြင့် အလင်းလဲ စိတ်ပေါက်ပေါက်ဖြင့် မစောင့်တော့ပဲ
တစ်ယောက်ထဲသာ ကန်တင်းသွားတော့
သည်။

ကန်တင်းမှာ မနက်စာ စားပြီး အဆောင်ပြန်ရောက်တော့ အရှည်ကြီးတို့နဲ့ ဝရံတာမှာဆုံလေသည်။ ခုမှနိုးပုံပေါ် သည်။ အလင်း ကို
မနက်စာ သွားစားတာ သူတို့မစောင့်လို့ဆိုပြီး
လဒ ကောင် အရှည်ကြီး ကအပြစ်တင်ချင်သေးသည်။
ဒင်းတို့သာစောင့်နေရင် မနက်စာက နေ့လည်စာ ပင် ဖြစ်တော့မည်။
အလင်းလည်း လေကုန်ခံပြီး ဘာမှသိပ်မပြောနေတော့လက်ခလယ် သာ ထောင်ပြလိုက်သည်။

အလင်းအခန်းပြန်ရောက်တော့ အိပ်ပျော်နေသော တစ်စုံတစ်ယောက်က နိုး၍ နေလေပြီ။
ကုတင်ပေါ်တွင် ထိုင်၍ ဖုန်းကြည့်နေရာမှ
အလင်း ဝင်လာသံ ကြားသော် တစ်ချက်လှမ်းကြည့်လာပြီး ခေါင်းပြန်ငုံ့သွားလေသည်။

'ကြည့်ရတာ ခုနကမှအိပ်ရာနိုးလာပြီး စိတ်မကြည်သေးတဲ့ပုံ'

အလင်း စိတ်ထဲကနေတွေးလိုက်ပြီး
စာရေးစားပွဲနား သွားရန်ခြေလှမ်းပြင်နေ
တုန်းရှိသေး

''ဟေ့ ကောင်လေး မင်းနာမည် ဘယ်သူ''

ကိုမဟာ ရဲ့ အိပ်ချင်မပြေသေး တဲ့ အသံဝဲဝဲလေးအားကြားလိုက်ရသည်။

''ဗျာ ကျွန်တော့်ကို ပြောတာလားဗျ''

အလင်းသည် ကြောင်တောင်တောင် လေးနဲ့
အမေးရှိသော် ကိုမဟာက

''ဒီ အခန်းထဲမှာ မင်းနဲ့ငါအပြင် ဘယ်သူရှိသေးတာ တွေ့လို့လဲ'' ဟု စိတ်ရှုပ်ရှုပ်ဖြင့်
ပြန်ပြောလာသည်။

အလင်းလည်း နည်းနည်းရှက်သွားသဖြင့်
အရှက်ပြေချောင်းတစ်ချက်ဟန့်၍ ပြန်ဖြေလိုက်သည်။

'' ဝေယံလင်းရှိန် ပါ"
( အလင်းလို့လဲခေါ်လို့ရပါတယ် ) ကိုတော့ စိတ်ထဲကသာပြောလိုက်မိသည်။

စိတ်မကြည်ပုံ ရသော တစ်ယောက်သောသူ
ကတော့ တန်းပြီး နာမည်ကို ခေါ်ချင်သလို
ခေါ်တော့သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now