အပိုင်း ၉

216 6 0
                                    

မဟာ သည် မနက်ခင်း၏အလင်းရောင်
ကြောင့်နိုးထလို့လာသည်။
တစ်ညလုံး ထိုင်လျက်အိပ်ခဲ့ရသဖြင့်
တစ်ကိုယ်လုံး ညောင်းကိုက်လို့နေသည်။
အပျင်းကြော ဆန့်လိုက်ပြီး နောက် ဝေယံ့နဖူးလေးအား စမ်းကြည့်လိုက်သည်။
ကိုယ်ငွေ့ နွေးနွေးလေးသာရှိတော့သည်မို့တော်သေးသည်။
ကိုယ်တစ်ဝက်လောက် ရောက်နေသည့် စောင်ကို ပုခုံးနားထိရောက်အောင်သေချာ
ခြုံပေးလိုက်ပြီးနောက် အခန်းပြင်သို့
အပျင်းကြောဆန့်လျက်ထွက်လာခဲ့လိုက်သည်။

ကိုမဟာ အခန်းပြင်ထွက်သွားကာမှ အလင်း
အိပ်ချင်ယောင်ဆောင်နေရာကနေမျက်လုံး
ဖွင့်ကာကြည့်လိုက်သည်။
အလင်းသည် ဘာလို့အိပ်ချင်ယောင်ဆောင်လိုက်မိမှန်းမသိပါ။
သူ့အလိုလို လုပ်မိသွားချင်းပင်။
ခုနက နဖူးကိုလာစမ်းတဲ့ ကို့မဟာလက်ကလေးရဲ့အထိအတွေ့အား ပြန်စဥ်းစားရင်း

' ကိုမဟာ့ကို ကျေးဇူးတင်စကားပြောရမည်။
သူရှိနေလို့တော်သေးတယ် '

ညကစိတ်နဲ့မတူတော့ ယခုတော့ဖြင့်
ကိုမဟာ့အပေါ် တွင် အမြင်ကောင်းတွေသာ
ရှိတော့ပြန်သည်။

အလင်းသည် ရေဆာလာသဖြင့် ကုတင်ဘေးက စားပွဲပေါ်တွင် တင်ထားသော ရေဘူးအား
ကုတင်ပေါ်ကနေမထပဲ လှမ်းပြီး ယူရန်လုပ်လိုက်သည်။
ရေဘူးအား လက်နဲ့ထိမိရုံရှိသေး

'' ဟေ့ ဝေယံ ပြုတ်ကျမယ် သတိထား ''

ကိုမဟာ၏ သတိပေးသံကို ရုတ်တရက်ကြားလိုက်ရ၍ လန့်သွား​ပြီးအလင်း၏
ခန္ဓာကိုယ် မှာ  အရှိန်လွန်ကာ ဟန်ချက်ပျက်ပြီး ပြုတ်ကျလေတော့သည်။

' ဒုန်းးး '

'' အာ့ သေပါပြီကွာ ''

အလင်းသည် တံမံသလင်းပေါ်ပြုတ်ကျ
ကာဖင်းဘူးတောင်း ထောင်လျက် ဖြစ်
သွားသည်။

ထိုစဥ် ကိုမဟာ ကတော့

''  ခွီးး ဟား ဟား ဖြစ်မှဖြစ်ရလေကွာ
ဟား ဟားး''

အပေါက်ဝမှာ ဗိုက်နှိပ်ပြီးရယ်နေလေရဲ့။

'' အလင်းမှာ ရှက် လည်း ရှက် ဒေါသ
လည်းထွက်သွားရာ မျက်နှာကြီးကနီရဲနေ
တော့သည်။ ''

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now