အပိုင်း ၁၂

163 6 0
                                    

အလင်းသည် ကိုမဟာမနိုးအောင် ခြေဖော့လျှောက်၍ တိုးတိုးတိတ်တိတ်ဖြင့် လိုအပ်သည်များကိုယူလိုက်သည်။

အခန်းပြင်သို့ထွက်ခါနီးတွင် ဟိုဘက်ကုတင်သို့တစ်ချက်လှမ်းကြည့်မိသော် ကိုမဟာသည် စောင်ကိုမျက်နှာထိခြုံထားရာ စောင်အပြင်ရှိဆံပင်လေးတွေကိုသာတွေ့ရသည်။

' အဲ့လိုခြုံအိပ်တာ အသက်ရှုမကြပ်ဘူးလား
မသိ'

အလင်းသည် ထိုသို့တွေးလိုက်မိပြီး စိတ်ထဲမှာလည်းနားလည်ရခက်စွာ မပျော်မရွင်ဖြစ်သွားမိသည်။

အလင်း အခန်းပြင်သို့ရောက်သော် ဘာတွေ
တွေးနေမှန်းမသိ သတိလက်လွတ်ဖြစ်နေသော အရှည်ကြီးကို တွေ့လိုက်ရသည်။
အလင်း ကနောက်ကနေလှမ်းခေါ်သောလည်း
လှည့်မကြည့်သည်ဖြစ်ရာ အနားသွားပြီး
ပုခုံးကိုတစ်ချက်ရိုက်လိုက်တော့မှ ဒင်းက သတိပြန်လည်လာလေသည်။

'' ဟေ့ကောင် ဘာတွေအဲ့လောက်တောင်တွေး
နေလို့ ငါခေါ်တာမကြားရတာလဲ ''

'' အဟမ်း ဒါကဒီလိုရှိတယ် သားကြီးရဲ့
မင်းမသိပါဘူးကွာ ''

'' မသိလို့ မင်း မေးနေတာလေ ချီးကို
ဒါကဒီလိုရှိပါ့လား ''

'' ဟဲဟဲ ''

မူမမှန်ဖြစ်နေသောအရှည်ကြီးအားကြည့်လျက် အလင်းသည်ခေါင်းခါမိသည်။

'' ဒါနဲ့နှောင်းက ဘယ်ရောက်သွားတာလဲ ''

'' အမ် ယံ ယံလေးလား အခန်းပြန်သွားပြီ
ဟိုဟာ လုပ်စရာရှိလို့ ဆိုလား အဟမ်း ''

အလင်း နှောင်း အကြောင်းမေးတော့
မျက်နှာကြီးနီလာပြီး နားရွက်အားပွတ်လျက်
စကား ထစ်နေသော အရှည်ကြီး
အားကြည့်လျက် အလင်းသည်ပိုလို့သံသယဝင်သွားရသည်။

'ဒီကောင်ဘာဖြစ်နေတာလဲ တစ်ခုခုတော့တစ်ခုခုပဲ '

အလင်းသည် ထိုကိစ္စအားနောက်မှမေးရန်စိတ်ထဲတေးမှတ်ထားလိုက်သည်။
အလင်းတို့မနက်စာစားပြီး အတန်းထဲရောက်သော် လူကသိပ်မရှိသေးပေ။
စောသေး၍ထင်သည်။

အလင်းသည်ခုနေ့သင်မည့်သင်ခန်းစာကို
တီချယ်မလာသေးခင်ကြိုဖတ်နေလိုက်သည်။အလင်းစာထဲစိတ်ဝင်တစားနဲ့ဖတ်နေတုန်း အခန်းတံခါးမှယောက်ျားလေးတစ်အုပ်က ကျယ်ကျယ်လောင်လောင်စကားပြောကာ
ရယ်မောလျက်ဝင်လာသည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now