အပိုင်း ၆

206 9 2
                                    

ဆောင်းရာသီ တဖြည်းဖြည်းဝင်လာသည်နှင့်
အအေးဓာတ်တို့ ပိုကဲ၍လာလေသည်။
ဆောင်းရာသီ ၏ အအေးဓာတ်တို့ထက်ပင်
ပို၍ အေးစက်နေသူတစ်ဦးက ရှိလို့နေသည်။

အလင်းသည် စာသင်ခန်းထဲရှိ ပြတင်းပေါက်
နှင့် အနီးဆုံးနေရာမှာ ထိုင်၍နေသည်။
စာသင်နေသော တီချယ်အသံမှာတိုးလွန်း
သောကြောင့်အတန်းထဲရှိငပျင်းကျောင်းသားအချို့မှာ အိပ်ဆေးရနေသလိုပင်။
အလင်းသည် ပြတင်းပေါက် အပြင်ဘက်ရှိ
သစ်ပင်အိုကြီးအား ကြည့်လျက် အာရုံတွေ
ပျံ့လွင့်လို့နေသည်။

ဟိုကနေ့က ဝရံတာမှာ ကိုမဟာသည် အလင်းကိုမမြင်ချင်ယောင်ဆောင်သွားပြီးနောက်
အခန်းထဲမှာ စစ်အေးတိုက်ပွဲ ဖြစ်နေသည်မှာ
ခုဆို တစ်ပါတ်တောင်ရှိတော့မည်။
အလင်း သည် အစပိုင်းတုန်းကတော့ မိမိကပဲ
အပြောအဆိုမတက်သောကြောင့် အမှားတစ်ခုခုလုပ်လိုက်မိလားမသိ၍ စကားပြောရန် ကြိုးစားကြည့်သေးသည်။
သို့သော် ကိုမဟာက တမင်တကာ မိမိအားလျစ်လျူရှုထားသည်အားသိလိုက်ရသည်။

အလင်းသည် ကိုယ့်အပေါ်ကောင်းတဲ့သူဆို
ပြန်ကောင်းပေးမည် ဖြစ်ပြီး ကိုယ့်ကို
ဂရုမစိုက်တဲ့သူဆို ကိုယ်ကလည်း ပြန်ဂရုစိုက်
နေမည့်သူမဟုတ်ပေ။
ထို့ကြောင့် မိမိအား မခေါ်ချင်သူအားမိမိကလည်း ပြန်​ပြီးလျစ်လျူရှုထားလိုက်တော့
သည်။ဂရုစိုက်မနေတော့ပေ။
တစ်ခါတစ်ရံတွေးမိလျှင်နားလည်ရခက်စွာ
ဒေါသထွက်မိပေမဲ့လည်းလို့လေ။

အရင်ရက်တွေကတည်းက ဘာဖြစ်နေမှန်း
မသိ မှုန်ကုပ်နေသော အလင်းအား ကြည့်လျက် အရှည်ကြီးတို့နှစ်ယောက်မှာ ဘာလုပ်ရမှန်းမသိတော့ပေ။မေးကြည့်သော်လည်း
ဘာမှမဖြစ်ဘူး ပဲ ပြောနေသဖြင့် အရှည်ကြီးတို့လဲ ခေါင်းကုတ်နေရသည်။

'' ယံလေး ဟိုကောင်ကြည့်ရတာ စီနီယာနဲ့ရန်ဖြစ်ထားတာလားမသိဘူးနော်''

'' စီနီယာ့ မေးကြည့်တော့လည်း သူမသိဘူးလို့ပြောတယ်ကွ ''

'' ကို့ ယံလေး ကော သူတို့ဘာဖြစ်နေမှန်း
သိလားဟင် ''

အရှည်ကြီးမှာ နှောင်းဦးယံ နားကပ်၍ တွတ်တွတ်ထိုးလျက်ရှိသည်။
နှောင်းဦး မှာ စာသင်နေသောတီချယ်က မိမိတို့အား မကြာခဏစိုက်ကြည့်နေသည်ကို
တွေ့ရာအရှည်ကြီးလက်ခုံအားဆိတ်ဆွဲ၍
မျက်ရိပ်မျက်ကဲ ပြလိုက်သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now