အပိုင်း ၁၁

143 5 0
                                    

အဆောင်သို့ပြန်သော လမ်းတစ်လျှောက်လုံး အလင်းနှင့်မဟာသည် ဆိုင်ကယ်ပေါ်တွင်စကားတစ်ခွန်းမှမဆိုမိကြ။
နှစ်ယောက်စလုံး အတွေးကိုယ်စီနှင့်ဖြစ်ရာ အပြန်လမ်းတစ်လျှောက်လုံးကတိတ်ဆိတ်လျက်သာ။

အ​ပြန်လမ်းတွင်တော့ အလင်းသည်
ဆိုင်ကယ်စီးရာတွင် ခွမစီးရဲတော့ပဲ
တစောင်းသာ စီး၍ လိုက်လာတော့သည်။
နောက်မို့ဆို အပူကြီးပြီးထပ်ဖျားနေမှာစိုး
ရတယ်။
ခုနကလက်ကိုင်ထားတုန်းကဖြစ်ပေါ်လာတဲ့ အနွေးဓာတ်လေးက အလင်း လက်ပေါ်မှာခုထိရှိနေသေးသည်။
အလင်းသည် ထိုနားမလည်နိုင်တဲ့ခံစားချက်တို့ကြောင့် တိတ်တိတ်လေးသက်ပြင်းခိုးချ မိသည်။

အဆောင်ပြန်ရောက်၍ မကြာသေး
ကိုမဟာကအ​ပြင်သို့ပြန်ထွက်သွားပြန်သည်။

အလင်းသည် ထိုခြေများတဲ့လူကြီး ဘယ်တွေသွားနေလဲဆိုတာ မသိရပါ။
သိချင်ပေမဲ့ မိမိမှာထိုသို့မေးရလောက်အောင် အဆင့်မရှိဟုတွေးမိသည်။
တစ်ခါတစ်လေ မိမိက ကိုမဟာအတွက်
ဘာလဲ ဆိုတာ သိချင်မိသည်။
သူငယ်ချင်းလို့ပြောရအောင်လည်း သူနဲ့က
အဲ့သလောက်မရင်းနှီးကြပါ။
သူစိမ်းလို့ပြောရအောင်လည်း ကိုမဟာရဲ့ဂရုစိုက်မှုတွေကသူစိမ်းတစ်ယောက်ထက်မကကြောင်းသိနိုင်လေသည်။
ထိုလူသည်တကယ်ပဲမိမိအပေါ်ဘယ်လိုမျိုးသဘောထားလဲ ဆိုတာ သိချင်မိသည်။

အလင်းအတွက်ဆိုရင်တော့ ကိုမဟာက
အလင်းအားကိုးအားထားချင်မိတဲ့အကိုကြီးတစ်ယောက် ဟုဆိုရမည်။
ဟို ဘာမှန်းမသိခံစားနေရတဲ့ခံစားချက်တွေကိုတော့လျစ်လျူရှုလိုက်ပါမည်လေ။

အလင်းကတစ်ဦးထဲသောသားမလို့ငယ်ငယ်ထဲက ညီကိုမောင်နှမရှိသည့် သူတွေကိုအရမ်းအားကျခဲ့ရသည်။
မိမိကိုယ်တိုင်လည်းထိုသို့ ညီကိုမောင်နှမတွေလိုချင်မိသည်။

အမျိုးထဲမှာ ဝမ်းကွဲတွေရွယ်တူတွေရှိကြပေမဲ့ ဘာလို့မှန်းမသိ သူတို့ကအလင်းနဲ့ရင်းနှီးရန်မလိုလားကြပေ။ထို့ကြောင့်အလင်းသည် ငယ်ငယ်ကတည်းက ဆွေးမျိုးတွေဆီသွား
လည် ခဲ သည်။

'' ဟင်းး ''

အလင်းသည် ဘာရယ်မဟုတ် သက်ပြင်းချမိပြန်သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now