အပိုင်း ၁၄

150 7 0
                                    

ထမင်းစား နေသည့် တစ်ချိန်လုံးမှုန်ကုပ်ကုပ်ဖြင့် မိမိတို့စကားဝိုင်းထဲလည်း ဝင်မပြောပဲတိတ်ဆိတ်နေသော အလင်းကြောင့်
အရှည်ကြီးတို့နှစ်ယောက်  လက်တို့မိကြသည်။

''ငါ့ကောင်ကြီးက တိတ်ဆိတ်လို့ပါလား
ဘာဖြစ်လို့လဲ''

''ဘာမှမဖြစ်ပါဘူး ''

''ဟေ့ တစ်ခုခုတော့ဖြစ်နေပါတယ်ကွာ
ပြောပြစမ်းပါ မင်းငါတို့မှမပြောရင်ဘယ်သူ့ပြောမလဲကွာ ''

အလင်းကစိတ်ပျက်လက်ပျက်နဲ့

''ကိုမဟာပေါ့ ကွာ ငါတို့နဲ့လျှောက်လည်ဖို့ခေါ်တာကို မလိုက်ချင်ဘူးထင်ပါရဲ့ စဥ်းစားလိုက်အုန်းမယ်တဲ့''

''ငါကသူနဲ့ပိုရင်းနှီးချင်ပေမဲ့ သူကနားလည်ရခက်တယ်ကွာ''

''ဒါများ သားကြီးရာ မပူနဲ့ ဒီကအစ်ကိုကြီးလိုက်ပြောပေးမယ် ဟုတ်ပြီလား''

အရှည်ကြီးကသူ့ရင်ဘတ်သူပုတ်လျက်ပြောလာတော့ နှောင်းကပါထောက်ခံသည့်သဘောဖြင့်လိုက်ပြောလာလေသည်။

''ဟုတ်သားပဲ အလင်းရာ ငါတို့ပါပြောရင်
လိုက်မှာပါ စီနီယာကသဘောကောင်းပါတယ်ကွာ ''

''အာ့ဆိုလည်း မင်းတို့အားကိုးလိုက်ပြီကွာ
 မင်းတို့သူလာအောင်ခေါ်နိုင်ရင် ငါမင်းတို့ကို ဒကာခံမယ်ကွာ ''

''ဟေ့ ​ဟေ့ မင်းပြောတာနော် မင်းစကားမင်းတည်နော်
လာ.. ယံလေး ခုပဲသွားပြောရအောင်''

''သည်ကပ်စီးနှဲဝယ်ကျွေးတယ်ဆိုတာ
စားရခဲတယ်ကွ''

အလင်းလည်းထိုနှစ်ယောက်အပေါ်တွင်အနည်းငယ်မျှော်လင့်ချက်ထားလျက်
နောက်ကနေလိုက်လာခဲ့တော့သည်။

မဟာသည် ကုတင်ပေါ်တွင် မှောက်ခုံလှဲလျက် lineသုံးနေသည်။
သူငယ်ချင်းအချို့က အမျိုးသားနေ့ပိတ်ရက်ကျရင် ဘား သွားရန်ခေါ်နေကြသည်။
မဟာသည် ခုနက စိတ်​ကောက်သွားသော
ကလေးပေါက်စ အကြောင်းပြန်တွေးလိုက်မိရင်း

''ဆောရီးပါ သားကြီးတို့ရာ ငါမလိုက်
တော့ဘူးကွာ နောက်မှပဲ''

သူငယ်ချင်းများစုပြီး​gpဖွဲ့ထားရာ ထိုထဲတွင်မဟာ့အရင်အခန်းဖော် ကျော်ကြီးလည်းပါလေသည်။ကျော်ကြီးက မဟာ့ကို gpအပြင်ဘက်ကနေစာပို့လာသည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now