အပိုင်း ၁၅

360 10 14
                                    

ဆောင်းရာသီအတွင်းပိုင်းသို့ရောက်ပြီဖြစ်သောကြောင့် မနက်ခင်းလေးသည် ခါတိုင်းထက်ပို၍ ဆောင်းရာသီ၏အငွေ့အသက်များ၊အအေးဓာတ်များ၊မြူများ​ဖြင့် လွှမ်းခြုံလိုနေသည်လေ။

PTUကယောက်ျားလေးအဆောင်မှာတော့
ရာသီဥတုအေးအေးမှာကွေးလို့ကောင်းနေ
သည့်သူတွေကော မနက်စောစောထ၍ လမ်းလျှောက်ရန်ပြင်နေကြသူများကော
အစရှိသဖြင့်သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ကျောင်းသားများအချို့သည် မနက်ပိုင်းအတန်းချိန်ရှိသောကြောင့်နေ့စဥ်လုပ်နေကြကိစ္စဝိစ္စများကိုလုပ်ဆောင်ကြရန်  ဦးသူသုံးစနစ်ဖြစ်သောအိမ်သာနှင့်ဘေစင်သို့ အလုအယက်သွားနေကြသည်။အိမ်သာနှင့်ဘေစင်အရေအတွက်မှာကျောင်းသားဦးရေနှင့်မမျှသဖြင့်နောက်ကျသည့်သူက အားသည်အထိစောင့်ရပေမည်လေ။

အလင်းသည်အမြဲမဟာ့ထက်အရင်နိုး​နေကျ
​ဖြစ်သည်။
ယနေ့မှာလည်းထုံးစံအတိုင်းပင် အလင်းသည် အရင်ဆုံးနိုးလာ၍အိပ်ရာသိမ်းပြီးနောက်ဖုန်းအားသွင်းလိုက်သည်။
ထို့နောက် အချိန်ဇယားအတိုင်းယူရ
မည့်စာအုပ်တွေ ကို ဘေးလွယ်အိတ်ထဲသို့ကြို၍ထည့်ထားလိုက်သည်။

ထိုစဥ်ဟိုဘက်ကုတင်မှ အပျင်းကြောဆန့်သံ
နှင့် ငြီးငြူသံတို့ကိုကြားလိုက်ရသည်။အလင်းလှမ်းကြည့်သော် ကိုမဟာက အိပ်ရာပေါ်တွင် အိပ်မှုန်စော်ဖွားဖြင့်ငုတ်တုတ်ထိုင်၍
နေသည်။

ကြည့်ရတာ အိပ်ရာသေချာမနိုးသေးသည့်
ပုံပင်။ထိုအပြုအမူလေးသည်မနက်တိုင်း
ကိုမဟာအိပ်ရာနိုးလျင်လုပ်​နေကြပုံစံလေး
ဖြစ်သည်။

ကိုမဟာသည် ထိုအိပ်ချင်မူးတူးပုံစံလေးနှင့်ပင်အလင်းဘက်သို့မျက်နှာမူပြီး
''Goodmorning''ဟုပြောလာသည်မှာ
တကယ့်ကိုအူယားစရာလေးပင်။

''Goodmorningပါ''
အလင်းလည်းအပြုံးချိုချိုလေးနှင့်ပြန်နှုတ်ဆက်လိုက်လေသည်။

''မင်းဘာလို့အစောကြီးထနေတာလဲ''

''မစောတော့ဘူးလေ ကိုမဟာရဲ့ ၇နာရီထိုးနေ
ပြီ''

ကိုမဟာသည် မကျေမနပ်ဖြင့်ရုပ်ကလေးဆူပုတ်သွားလျက်
''၇နာရီကစောသေးတာပေါ့''ဟုပြန်ပြောလာလေသည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now