အပိုင်း ၇

188 6 0
                                    

အလင်း သည် ပုံမှန်ဆို အအေးမိတာလောက်နှင့် ဖျားလေ့မရှိသူဖြစ်သည်။
ကျန်းမာရေးကောင်းသူဖြစ်သော်လည်း ခုတလော စိတ်ကလည်းပင်ပန်း လူကလည်းပင်ပန်း ဖြစ်နေရာဘယ်လောက်ပဲကျန်းမာရေး ကောင်းသူဖြစ်သော်ငှား
နေမကောင်းဖြစ်တော့သည်။
ထို့ကြောင့် ရှေးလူကြီးတွေကဆိုခဲ့ကြသည်လေ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာတဲ့။

အရှည်ကြီး၏ ကျီးကန်းပါးစပ်ကပြောသည့်အတိုင်းပင် ဒုက္ခ ရောက်တော့၏။
သူတို့ပြန်သွား​ပြီး ညနေပိုင်းရောက်သော် အလင်းမှာ အဖျားကြီးပြီး အိပ်ရာထဲကမထနိုင်ဖြစ်နေတော့သည်။

အလင်းသည် ခေါင်းမာသူဖြစ်သည်။
အရမ်းစိုးရိမ်လောက်သည့်ရောဂါမှမဟုတ်လျှင်ဆရာဝန်နှင့်မပြပေ။ ကြိတ်မှိတ်သာခံလေ့ရှိသည်။ အိမ်မှာဆိုလည်း အလင်းနေမကောင်းဖြစ်လျှင် ဆေးခန်းသွားရန် ဆရာဝန်ခေါ်ပြဖို့ရန်တိုက်တွန်း၍မရသဖြင့် အမြဲ သောက်ဆေးနဲ့ပဲ ပြီးရသည်ပင်။

မနက် မိုးလင်းကတည်းက ခံတွင်းပျက်
ခေါင်းမူး ဖြစ်နေကတည်းကဖျားချင်နေမှန်းသိသော် လည်း တမင် ဆေးခန်းမပြပဲ
နေလိုက်သည်။ဆေးသောက်ရန် ဆေးထုပ်ရှာလိုက်မှ အိမ်တွင်ဆေးထုပ်ကမေ့ကျန်ခဲ့မှန်းသိတော့သည်။အခုမှတကယ် ဒုက္ခတွေ့တော့သည်။ ဆေးသောက်လိုက်ရင်တောင်
နည်းနည်း သက်သာအုန်းမည်။

ညနေရောက်တော့ လူက အိပ်ရာထဲ လဲတော့သည်။
ခံတွင်းပျက်နေရာ တစ်နေ့လုံးနေမှ ထမင်း
တစ်နပ်တောင် မနည်း ဝင်အောင်စား ထားရ
သဖြင့် လူက အားမရှိဖြစ်နေသည်။

အားမကိုးရတဲ့လူကြီးကတော့ နေမကောင်းတဲ့သူကို ပြုစုပေးဖို့နေနေသာ ဘယ်သဝေထိုးနေမှန်းမသိ အဆောင်ပိတ်ချိန်နီးတောင်
ပြန်မလာသေးပေ။

အလင်းမှာ အိမ်ကိုလည်း သတိရမိသည်။
အရှည်ကြီး တို့ကိုလည်း သတိရမိသည်။
ထို လူကြီးထက်စာရင် အရှည်ကြီးတို့ကမှ
ပိုအားကိုးရသေးသည်။
အနည်းဆုံးတော့ သူတို့ရှိနေလျှင် အရမ်းအထီးကျန်မနေရပေ။

ထိုလူကြီးအား အရင်ကပေးထားမိတဲ့လူကောင်းကဒ် အား ပြန်ရုတ်သိမ်းလိုက်တော့သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now