အပိုင်း ၄

292 12 0
                                    

အလင်း အရှည်ကြီးတို့ဆီကနေ အခန်းပြန်ရောက်လာတဲ့ အချိန်မှာ ၁၁နာရီ တောင်ရှိတော့မည်။ အရှည်ကြီးနဲ့လေပေါနေရတာနဲ့ အချိန်တောင် ဘယ်လိုကုန်သွားလဲ မသိ။

အရှည်ကြီး က စားသောက်ပြီး လျှောက်သွားရအောင်ခေါ်ရာ ကျောင်းထဲ ဟိုလျှောက်သွားဒီလျှောက်သွားနဲ့ ညနေစောင်းတော့ကန်တင်း
က ထမင်း ဟင်းဝယ်လာကာ အိမ်က
ထည့်ပေးတာတွေပါသယ်၍ အရှည်ကြီးတို့ဆီမှာ ညစာကိုအတူတူစားလိုက်သည်။

အလင်းအခန်းပြန်ရောက်တဲ့အခါ ပူအိုက်သလို ခံစားရသဖြင့် ရေချိုးရန်ပြင်လိုက်သည်။

ရေလဲ ပုဆိုးအကြမ်းကိုလဲလိုက်ပြီး သဘတ်၊
ရေခွက်နှင့်တစ်ကိုယ်ရေသုံးပစ္စည်းတွေယူပြီး
ရေချိုးခန်းသို့ သွားလိုက်သည်။
အခန်းထဲတွင်ရေချိုးခန်းသီးသန့် မပါပေ။ရေချိုးသည့်နေရာ နှင့် အိမ်သာမှာတွဲလျက်ဖြစ်ပြီးဝရံတာ၏ အဆုံးအတွင်းဘက်တွင် တည်ရှိသည်။

ည ၁၁နာရီကျော်နေပြီဖြစ်ရာ ရေချိုးသည့်နေရာ၌မည်သူမှမရှိပေ။
သို့ပေမဲ့ အလင်း ဝရံတာက ဖြတ်လာတုန်းက
တစ်ခြားအခန်းတွေမီးလင်းနေသေးသဖြင့်
တစ်ခြားအခန်းဖော်တွေလည်း မအိပ်သေးကြသည်ပုံပင်။

အလင်းလည်းရေချိုးခန်း တစ်ခုထဲဝင်၍ မြန်မြန်ရေမိုးချိုးသွားတိုက်လိုက်သည်။
အလင်း အခန်းထဲပြန် ရောက်သော် ၁၁ခွဲတော့မည်။

အလင်း က အိမ်မှာအိပ်လျှင် အတွင်းခံ တစ်ထည်ထဲနှင့်သာ အိပ်လေ့ရှိသော်လည်းအဆောင်မှာတော့ တစ်ယောက်ထဲနေတာမဟုတ်သဖြင့် အိမ်မှာလို အိပ်လို့မဖြစ်ပေ။

ထို့ကြောင့် ညဝတ်အင်္ကျီကို အထူးတလည်ယူလာခဲ့သည်။ ပိုးသားညဝတ် မီးခိုးရောင်လေး သည် အလင်း၏ ရင်အုပ်ကျယ်ကျယ်
နှင့် ခါးသွယ်သွယ် အဆီပိုမရှိ ကျစ်လစ်
နေသော ခန္ဓာကိုယ်ထက်တွင် အံဝင်ခွင်ကျ
ဖြစ်လို့နေသည်။

အလင်း သည် အိပ်ရာဝင်ခါနီး ဘုရားရှိခိုး၍
ဖေကြီးနဲ့မားကို ဆုတောင်းမေတ္တာပို့သလိုက်သည်။ထို့နောက်အမျှဝေ သာဓုခေါ်လိုက်ပြီး
အိပ်ရန်ပြင်တော့သည်။
သည်ကနေ့တော့ တကယ်ပင်ပန်းသလို ပျော်လည်း ပျော်ရသည့်နေ့ပင်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now